အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 29 januari 2014

ဟဲဟိုး Air KBZ လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးရဲ့ ကိုယ်တွေ့ ပြောပြချက်

ဟဲဟိုး Air KBZ လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးရဲ့ ကိုယ်တွေ့ ပြောပြချက်



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

.... လေယာဉ်က လေထဲရောက်မှ ဘီးပေါက်နေတာကို သိတဲ့အတွက် ပြန်လည် ဆင်းသက် ခဲ့ပါတယ် ၊ ဒါပေမယ့် အပေါ်ထိန်းချုပ်တာဝါက လူတွေက လေယာဉ်ကို အရှိန်သေ ရာမှာ ရပ်မနေခိုင်းပဲ လေယာဉ်ကွင်းနဲ့ နီးရာကို မောင်းလာစေပါတယ် ၊ အဲသည်မှာတင် ပွတ်တိုက် မှုကြောင့် မီးလောင်ခဲ့တာပါ ။

.... မီးခိုးနံများကြောင့် ခရီးသည်များက ကြောက်လံနေပေမယ့် လေယာဉ်မယ်များက အရေးပေါ် တံခါးကို ဖွင့်မပေးပါဘူး ။

.... မီးသတ်ကားကလဲ ဒရိုင်ဘာ မရှိပါဘူး ။ အဲဒါကြောင့် လေယာဉ်ပေါ်ပါ အသေးစား မီးငြိမ်း ကရိယာများနဲ့ ငြိမ်းသတ်ခဲ့ရပါတယ် ။

.... Air KBZ ရဲ့ တာဝန်ခံဆိုသူမှာလည်း On-site မရှိပါ ။

.... လေယာဉ်ပေါ်မှာ ပြည်တွင်း ခရီးသည်က ၁၀ ယောက် မပြည့်ပါဘူး ။ ကျန် ၁၀၀ ကျော်ဟာ နိုင်ငံခြားသားများသာ ဖြစ်ပါတယ် ။

.... ကြောက်လန့်သွားတဲ့ ခရီးသည်များကို ရှင်းပြခြင်း ၊ မူးမော်သွားသည့် ခရီးသည်များကို အခြေခံ ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ မရှိကြောင်း သတင်းများ ရရှိပါသည် ။

မြန်မာနိုင်ငံရဲ့ အဓိက လုပ်ငန်းဖြစ်လာမည့် ခရီးသွားလုပ်ငန်းကိုတော့ အနည်းငယ် ဂရုစိုက်စေချင်ပါတယ် ။ ငွေရပြီးရော ဆိုတာမျိုးလုပ်ရင် နိုင်ငံ နာမည်မရပဲ နာမည်ပျက်ပါလိမ့်မယ် ။

Inga kommentarer:

Skicka en kommentar