အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 15 november 2013

ကော့သောင်းဆေးရုံမှလူနာတစ်ဦးအားပန်းခြံသို့သွားရောက်ချထားဟုဆို

ကော့သောင်းခရိုင် ဆေးရုံဖျားနာဆောင်တွင် ဆေးကုသမှုခံယူနေလျက်ရှိသည့် လူနာတစ်ဦး  အား အောက်တိုဘာလ (30)ရက်နေ့ ည (10)နာရီ အချိန်ခန့်တွင် ဆေးရုံမှဆရာမ တစ်ဦးမှ  ဆေးရုံမှဆင်းရန်ပြောဆိုပြီး နောက် ဆိုင်ကယ်(ဘေးတွဲ)ကိုခေါ်ကာ အဏ္စ၀ါရပ်ကွက် ဆိပ်ကမ်းသာရပ်ကွက်ရှိ ပန်းခြံသို့ သွားရောက်ချထားရန် ပြောဆိုသဖြင့် ပန်းခြံတွင် ချထားခြင်း ခံခဲ့ရကြောင်း ကာယကံရှင် ဒေါ်ဌေးဌေးထံမှ သိရှိရသည်၊ မိမိသည်နေထိုင်မကောင်းသဖြင့် ကော့သောင်းခရိုင်ဆေးရုံကြီးတွင် အောက်တိုဘာ(22)ရက်နေ့ ကတက်ရောက်ကူသမှုခံယူနေသူဖြစ်ကြောင်း ပန်းခြံသို့ ပို့ဆောင်ခံရသည့်ညက ကမ်းနားလမ်း ရှိ ကုန်စုံဆိုင်တစ်ရှေ့တွင်ညအိပ်ခဲ့ရကြောင်းဆိုင်ကယ် ဘေးတွဲဖြင့်ပို့ခံရသူဒေါ်ဌေးဌေးကပြော သည်၊ (30)ရက်နေ့ည ပန်းခြံနံဘေးမှာ  ထိုင်မိုင်နေတာတွေ့လို့မေးမြန်းဖြစ်တယ်၊  အကြောင်းစုံ သိလိုက်ရသဖြင့်ခရိုင်အုပ်ချူပ်ရေးမှူးရုံးကို  ချက်ချင်းအကြောင်းကြားခဲ့တယ်၊ဟုကော့သောင်းမြို့   နယ်စည်ပင်သာယာရေးအဖွဲ့အမူဆောင်အရာရှိဦးသက်လွင်ဦးကပြောသည်၊  
 ဒေါ်ဌေးဌေးထံတွင် တီဘီဆေးကတ်များကိုတွေ့ရှိခဲ့ရပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ ကော့သောင်း ဆေးရုံကြီးသို့ပြန်လည် ပို့ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း  ဦးသက်လွင်ဦးကဆိုသည် ၊ အဆိုပါကိစ္စနှင့်ပါတ်သက်ပြီး ကော့သောင်းဆေးရုံတာဝန်ရှိသူကို    မေးမြန်းရာ လူနာဖြစ်သူဒေါ်ဌေးဌေးသည်၎င်း၏ဆန္ဒအရကော့သောင်းဆေးရုံမှဆင်းသွား    သာဖြစ်ကြောင်းကော့သောင်းဆေးရုံမှတာဝန်ရှိသူတစ်ဦးကပြောဆိုပါသည်၊ ဒေါ်ဌေးဌေးမှာသူဌေး ကျွန်းနေသန့်ရှင်းရေးအလုပ်သမားတစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာသူဌေးကျွန်းဂေါက်ကွင်းမှ နေ့ စားအလုပ်သမားတစ်ဦးဖြစ်ကြောင်း သူမဆေးရုံတက်သည့်အချိန်မှစပြီးလာရောက်တွေ့ဆုံခြင်း မရှိကြောင်းဒေါ်ဌေးဌေးမှပြောသည်၊  ကော့သောင်းမြို့တွင် ဆွေမျိုးသားချင်းမရှိသည့်အတွက်  ဆေးရုံ တက်နေစဉ် ဘုန်းကြီးကျောင်းတစ်ကျောင်းမှ  ထမင်းလာရောက်ပို့ဆောင်ပေးကြောင်း ဆေးကုသစရိတ်နှင့် လူနာစောင့်လည်းမရှိကြောင်း၎င်းထံမှသိရသည်၊  

တနင်္သာရီအပါတ်စဉ် ဂျာနယ်မှကူးယူဖော်ပြပေးသည်
 

Inga kommentarer:

Skicka en kommentar