အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 15 november 2013

မြိတ် အဝေးပြေးကွင်း ယာဉ်ရပ်နားရန် နေရာ ခက်ခဲ



(ထားဝယ်၊
တနင်္သာရီ တိုင်းဒေသကြီး၏ အဓိက ကုန်သွယ်ရေး မြို့တော်များ အနက် တစ်ခုဖြစ်သော မြိတ်မြို့ရှိ အဝေးပြေး ကားဝင်းတွင် မုတ်သုံရာသီ၌ နားရက် များလာသည့် အတွက် အဝေးပြေး ယာဉ်များ ရပ်နားရန် နေရာ ခက်ခဲလာကြောင်း အဝေးပြေး ယာဉ်မောင်းများနှင့် ဂိတ်မှူးများက ဆိုသည်။
မြိတ် အဝေးပြေးကွင်းတွင် ဆိုင်ခန်းများ မျက်နှာစာ အကျယ်မှာ ၁၁ ပေ ၊ ၁၂ ပေခန့်သာ ရှိပြီး ကားဝင်းအား လုပ်ငန်းရှင် တစ်ဦးက ပိုင်ဆိုင်သည်။ အခန်းများကို အဝေးပြေး ကားဂိတ်များ အပြင် စားသောက် ဆိုင်များ၊ ကာရာအိုကေဆိုင် များပါ အခန်း ငှားရမ်းထားကြောင်း မြိတ် အဝေးပြေး ကားဝင်းတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။
ကားရပ်နားရန် နေရာ မလုံလောက်သောကြောင့် တခြားဆိုင်ခန်း များရှေ့တွင် ရပ်နားလျှင် ဆိုင်ခန်း ငှားရမ်းထား သူများက မထားရန် တားမြစ်ကြောင်း ရွှေမြင်းပျံ ယာဉ် လိုင်း မှ ယာဉ်မောင်း တစ်ဦးက ပြောသည်။
”ဟိုဘက်ထားတော့ လည်း သူဝယ်ထားတဲ့မြေတဲ့။ ဒီဘက် ထားတော့လည်း သူပိုင်တဲ့ အခန်းတဲ့။ ဘယ်နား သွားထားရမလဲ”ဟု ရွှေဝယ် ရတနာ ယာဉ်လိုင်းမှ ယာဉ် မောင်း တစ်ဦးက မေးခွန်းထုတ်သည်။
အဝေးပြေးကား များသည် မြိတ်ကားဝင်း အတွင်းသို့ ဝင်လျှင် ဝင်ကြေး တစ်ထောင်ကျပ်နှင့် ယာဉ် ရပ်နားခွန် တစ်ရက်လျှင် တစ်ထောင် ပေးဆောင်ရသည်။
ယင်းကဲ့သို့ ဝင်ကြေးနှင့် ရပ်နား ခွန်ပေးထား ရသော်လည်း ရပ်နားရန် နေရာကိုမူ စီစဉ်ပေးထားခြင်း မရှိ ကြောင်း ရွှေဝယ် ရတနာ ယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦး က ဆိုသည်။
ထို့အပြင် ညဘက် ကားဝင်း အတွင်းရှိ စားသောက်ဆိုင် များမှ ပြန်လာသည့် ဧည့်သည်များမှာ သောက်စား မူးယစ်ပြီး ရပ်နား ထားသည့် ကားများနှင့် ဝင်တိုက်ခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းများလည်း မကြာခဏ ဖြစ်ပွားနေကြောင်း တနင်္သာရီ ယာဉ်လိုင်းမှ ယာဉ်မောင်းက ဆိုသည်။
ယင်းကဲ့သို့ပြသနာ မဖြစ်စေရန် အတွက် နိုင်ငံတော် စည်ပင်ပိုင် အဝေးပြေး ကားဝင်းတစ်ခုကို မျှော်လင့်သည်ဟု အဝေးပြေး ယာဉ်မောင်းများနှင့် ဂိတ်မှူးများ က ပြောသည်။
ကားဝင်းသည် ပုဂ္ဂလိကပိုင် ဖြစ်သည့် အတွက် လုပ်ငန်းရှင် ငှားလိုသူ ကိုသာ ငှားရမ်းမည် ဖြစ်သောကြောင့် ကားသမားများ အနေဖြင့် တစ်စုံ တစ်ရာ ပြောရန် မဖြစ်နိုင်ဘဲ ယင်း ပြဿနာ ပြေလည်ရန် စည်ပင်သာယာ ပိုင်ကွင်း အဖြစ် ပြုလုပ်ရန် သာရှိသည်ဟု မြိတ်ကားဝင်းမှ ဂိတ်မှူး တစ်ဦးက ပြောသည်။
”စည်ပင်သာယာပိုင် ကွင်းပဲ လုပ်ပေးစေချင်တယ်””ဟု ၄င်း၏ ဆန္ဒကို ဖွင့်ဟသည်။
ရန်ကုန် – ထားဝယ် – မြိတ် သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ၆  လိုင်းမှ ကားအစီးရေ ၆၁ စီး ရှိ သည်။
Dawei Watch

Inga kommentarer:

Skicka en kommentar