ကော့သောင်းမြို့ ပေါ်တွင် တစ်ချိန်တစ်ခါက အီးပီစီလို့ခေါ်တဲ့ အစိုးရမှမီးပေးခဲ့ပါတယ် တစ်လမှတစ်ရက် ဒါမှမဟုတ်တစ်နှစ်မှတစ်ရက် လာပြန်တော့လည်းဟိုရပ်ကွက်မလာဒီရပ်ကွက်မလာ အဲဒီလိုနဲ့ ထိုက်တန် မှမီးလင်းရေးအတွက် သူပေးမယ်ဆိုပြီးတော့ လွဲယူလိုက်ပါတယ် ထိုက်တန်လည်း မီးကလာလိုက်မလာ မလာလိုက်ဖြစ်နေတဲ့အချိန်မှာ ဂွေးသီးချိုဆိုလားဖိုးသီးချိုဆိုလားအဲဒီ လူကသူလည်းတစ်ပိုင်တစ်နိုင်မီးပေး နေပါတယ်၊ သူကထိုက်တန်မီး ကော့သောင်းကိုဒီလိုမျိုး စိတ်ဆင်းရဲပေးနေတာကို သူကယူချင်တော့ ဘာလုပ် သလည်းမှတ်တယ်၊ ကော့သောင်းမြို့မှာ မျက်စိဝေဒနာရှင်တွေကို အလကားအခမဲ့ ကုသပေးပြီး ကော့သောင်း မြို့သူ/မြို့သားများရဲ့ယုံကြည်မှု့ကိုရယူလိုက်ပါတယ်၊ ကော့သောင်းကတစ်ချို့လူများက ဘယ်လောက်ထိ အောင် သူ့အပေါ်ယုံကြည်ခဲ့သလည်းဆိုရင် ဖိုးသီးချိုလိုစိတ်ကောင်းရှိတဲ့သူမျိုးရှားတယ်ပေါ့၊ ဒီလိုလူမျိုး မဲဝင်အရွေးခံရင်တောင် ငါတို့ကတော့ ဖိုးသီးချိုဆိုတဲ့လူကိုဘဲ့ မဲထည့်မယ်ပေါ့ အဲသလောက်ထိအောင်ယုံ ကြည်ခဲ့ကြပါတယ် ၊သူကအဲဒီမှာ ယုံကြည်မှု့ကိုအသုံးချပြီးတော့ ထိုက်တန်မီးကိုသူယူမယ်ပေါ့ လူတွေက လည်းလုံးဝဥသုံယုံကြည်နေတော့ဘာပြောကောင်းမလည်း ဖိုးသီးချိုမှဖိုးသီးချိုဘဲ့ပေါ့ ၊လာပါပြီ ဘီလူးအစွယ် ထွက်ပြပြီလေ သူ့မီးယူလိုက်တော့ ဆီဈေးတက်ရင်မီတာခဈေးတက် သူကတော့ဘယ်တော့မှအနာမခံဘူး မီးအားကလည်းလုံးဝမပြည့် အဲဒီလိုနဲ့ သူ့ကိုလူတွေက စိတ်ပျက်နေတဲ့အချိန်မှာ သကောင့်သားကျော်လိမ် ဆိုလားကျော်လွင်ဆိုလားလုပ်ငန်းရှင်ကြီးတစ်ပါးက သူကော့သောင်းမြို့သူ/မြို့သားများကို ကျပ်နှစ်ရာနဲ့ ကျောက်မီးသွေးမီးပေးမယ်ဆိုပြီးလုပ်ချလာပြန်ရော သူကအပြောလည်းကောင်း ပြီးတော့ရပ်ကွက်တွေမှာ လည်းမြို့နယ်အုပ်ချုပ်ရေးမှူးကိုခေါ် လာပြီး သူ့မီးစက်ကဘယ်လိုပေါ့ ပရိုဂျက်တာတွေဘာတွေနဲ့ နံရံမှာ ပုံပြ ပြီးပုံပြောခဲ့ပေါ့ လူတွေကလည်း အုပ်ချုပ်ရေးမှူးကိုယ်တိုင်က ဘယ်လိုရှိတယ်ဘာညာဆိုတော့ တစ်ဖက်က လည်းလူရိုသေရှင်ရိုသေ လုပ်ငန်းရှင်ကြီးလည်းဖြစ်နေတော့ မော်လမြိုင်လိုပြောရရင်(လွတ်)ယုံလိုက်ကြတာပေါ့ နော် အဲဒီမှာသကောင့်သားက မီးစပေးကတည်းက နှစ်ရာကျပ်အစား လောလောဆယ် ဒီဇယ်နဲ့ခုတ်နေရလို့ သုံးရာခုနှစ်ဆယ်ကောက်မယ်ပေါ့ ဒါလည်းလူတွေက ယုံနေကြသေးတယ် ၊အဲလိုနဲ့ကဲခုဘယ်မလည်း နှစ်ရာ ကျပ် ၊ပြောတော့ နှစ်ရာကျပ်ဘဲ့ကောက်မယ်ဘာညာ ဆိုပြီး ကတိတွေပေးခဲ့ကြတဲ့ တာဝန်ရှိသူတွေဘယ်လည်း ဘာလည်း ဘယ်တော့လည်း မေးရမလို ကော့သောင်းမြို့သူ/မြို့သားများအနေဖြင့် ဘယ်သူ့ကိုအားကိုးလို့အား ကိုးရမှန်းကိုမသိလောက်အောင်မြန်မာပြည်တိုးတက်သွားပြီလားလို့မေးရင်း ဘာလုပ်သင့်တယ်ဆိုတာစဉ်းစားကြ ပါလို့တိုက်တွန်းနိုးဆော်လိုက်ရပါကြောင်းစာရေးသူ (မြူနှင်း) အေးရိပ်ငြိမ်ရပ်ကွက်
အသိပေးကြေငြာခြင်း
ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
torsdag 14 november 2013
ကော့သောင်းမြို့ မှ မီးလင်းရေးသမိုင်းကြောင်း
Prenumerera på:
Kommentarer till inlägget (Atom)
Inga kommentarer:
Skicka en kommentar