အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 14 juni 2016

ဘုန်းကြီးသတ်သူလူသတ်သမားများ

ဘုန်းကြီးသတ်သူလူသတ်သမားများ

လက်ပံလှ ဘုန်းကြီးသတ်သူ နှစ်ယောက် ဖမ်းမိထားပါပြီ၊ မသမာသူလူတစ်စုက ဘာသာရေးအဓိကရုန်းဖြစ်ရန်ရည်ရွယ်ပြီး မဟုတ်မမှန်ဖွနေကြတဲ့ ဘုန်းတော်ကြီးအသတ်ခံရမှုရဲ့ အဖြစ်မှန်ပါ။
သတ်သူဟာ အမည်ခံဗုဒ္ဓဘာသာဝင်နှစ်ဦးဖြစ်ပြီး
ဆရာတော့်ထံတွင်ရှိသော အလှူငွေများကို လောဘတက်ပြီး သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။

ဘာသာတရားတိုင်းမှာ လူဆိုးရော လူကောင်းရော ရှိပါတယ်။
လည်လှီးသတ်တာနဲ့ သူများဘာသာကို လက်ညှိုးသွားထိုး၊
တရားခံအစစ်က ကိုယ့်ဘာသာဝင်ဆိုတော့
ထပ်အရှက်ကွဲရော. . .

ခင်ဗျားတို့က ဘာသာရေးကို ကာကွယ်နေတာလား
သောက်ပြောခံရအောင် ပူးသတ်နေတာလားလို့ မေးလိုက်ပြီ။

==========-============
ဘဒ္ဒန္တ ဥာဏဘိဝံဿ သက်တော်( ၆၁ ) ဝါတော် ( ၄၁ )
----------------------------------

ယနေ့နံနက် ( 14 .6.2016 )
စဉ့်ကူးမြို့နယ် လက်ပန်လှရွာ ဘုန်းကြီးသတ်ခံရမှု

လက်ပန်လှ ရွာ အသောက ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥာဏဝံသ ဆရာတော်ဘုရားဟာ.မနက်ဖြန်နံက်
မှာ ကျောင်းပေါက်တွင် မေတ္တာရှင် အခမဲ့ ကုသိုလ်ဖြစ်ဆေးခန်းကို ဆရာတော်ဘုရားမွေးနေ့မှာ ဖွင့်လှစ်မှာ ပါ ။
ဆရာတော်ဘုရားသတ်သူ ၂ ဦးကိုဖမ်းမိပါပြီ ၊ယခု သရုပ်ပြ ခိုင်းဖို့ရာ ဒကာဒကာမများ များစွာရှိနေ ပါသဖြင့် ခဏစောင့်ဆိုင်းနေရပါတယ် ။

သတ်သူ တရားခံဟာ
အမည် = ကိုကျော်စွာလင်း
အသက် = ၂၄ နှစ်
အဖ = ဦးထွန်းဦး
ကိုးကွယ်သည့်ဘာသာ = ဗုဒ္ဓဘာသာ
နေရပ် = ရေပြာအိုင် ကျေးရွာ

ရေပြာအိုင်ကျေးရွာဟာ လက်ပန်လှ နှင့်ကျဉ်တောက်ပေါက် ကြားမှာရှိပါတယ် ၊
အမည် = ကိုအောင်နိုင်ဝင်း
အသက် = ၂၂ နှစ်
အဖ = ဦးလင်း
ကိုးကွယ်သည့်ဘာသာ = ဗုဒ္ဓဘာသာ
နေရပ် = ရုံးပင်ကုန်းရပ်

ရုံးပင်ကုန်းရပ်က လက်ပန်လှ အရှေ့ဘက်ရပ်ကွက်ပါ
သတ်သူ ၂ ဦးစလုံးဟာ မြန်မာများဖြစ်ပါတယ် ၊

ဆရာတော်ဟာ ဝိနည်းထိုသူ တပါးဖြစ်ပါတယ် ၊ အလွန်နှမျောမိပါတယ် ၊ ဆရာတော်ဟာ ပြီးခဲ့သည့် ၂ ရက် ၃ ရက်ခန့် မှာ အစည်းဝေးလုပ်ပြီး ဆရာတော်ထံတွင် သိန်းငါးရာ ဘဏ်တွင်စုထားကြောင်းပြောပြီး ဆေးခန်း အတွက် မည်သို့ အသုံးပြု ကြ မည်လဲ ဟုအစည်းဝေး မှာ မိန်ခြွေ ပါတယ် ၊ဆရာတော် ငွေများ ဘဏ်မှ မထုတ်ရသေးပါ ၊ အသတ်မခံရခင် အရင်နေ့ တွင် လက်ပန်လှရွာ အရှေ့ဘက်ရွာသို့ အလှု ခံထားကြောင်းသိရပါတယ် ငွေ ဘယ်လောက်ရှိတယ် အတိကျမသိရသေးပါ ။ ဆရာတော် ရုပ်အလောင်းဘေးမှ သံဖြတ်လွှတံစဉ် ကျန်ရှိနေရာ မှ အမှုကို ခြေရာခံပြီး သတ်သူ နှစ်ဦးကို ဖမ်းမိခြင်းဖြစ်ပါတယ် ။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်နိုင်ဦး ကိုယ်တိုင် ရောက်ရှိနေပါတယ် ။









                                                     မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar