အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 15 juni 2016

နေပြည်တော်၌ အုပ်စုဖွဲ့လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၌ အုပ်စုဖွဲ့လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ



နေပြည်တော် ဇွန် ၁၄

နေပြည်တော်ကောင်စီနယ်မြေတွင် အုပ်စုဖွဲ့၍ လုယက်မှုကျူး လွန်သူများအား ရဲတပ်ဖွဲ့ ၏ စွမ်းစွမ်းတမံ ကြိုးစားအားထုတ်မှု ကြောင့် ကွင်းဆက်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ ကြောင်း သိရသည်။
မေ၂၅ ရက်နေ့ ည ၁၁ နာရီခွဲက နေပြည်တော် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအုပ်ကျော်ဖြိုးလှိုင် ဦးစီးသောအဖွဲ့နှင့် ပုဗ္ဗသီရိမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ပတ္တာနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မျိုးလွင် နှင့်အဖွဲ့သည် ပျဉ်းမနားမြို့ ပန်းခင်းမီးပွိုင့်၌ရှိနေစဉ် ပျဉ်းမနား မြို့ရွာကောက်ရပ်ကွက်နေ ကျော်စိုးနိုင်ပါ နှစ်ဦးထံမှ ပန်းခင်း မီးပွိုင့်ဘက်မှ ဆိုင်ကယ်သုံးစီးဖြင့်လာသည့် အမျိုးသားလူငယ် လေးဦးက ဓားထောက်ပြီး ဆိုင်ကယ်နှင့် ဖုန်းအား လုယူသွား ကြောင်း သတင်းရလျှင်ရခြင်း လုယူထွက်ပြေးသွားသော လူငယ်လေးဦးနောက်သို့ လိုက်လံဖမ်းဆီးခဲ့ရာ ချမ်းငြိမ်း(ခ) ငြိမ်းချမ်းဇော်၊ စိုးဝင်းသူတို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူခဲ့သည်။
ဆက်လက်၍ လုယက်မှုတွင်ပါဝင်သော ပြည့်ဖြိုးအောင် (ခ) တွတ်ပီ၊ ချမ်းငြိမ်း၊ အောင်ကြီး (ခ) ဟန်ဝင်းအောင်၊ သောင်းဝင်းနိုင်၊ သန်းထိုက်စိုး၊ သိန်းဇော်ဦး(ခ) သိန်းဇော်၊ စန်းကိုနိုင်၊ ဘောဘော (ခ) ဇေယျာမြတ်လွင်၊ မင်းစိုးထိုက်(ခ) မင်းမင်း (ခ) မျက်သီး၊ သန်းနိုင်ဦး (ခ) ပိုင်ကြီး၊ စိုးသန်းဦး(ခ) ငစိုး၊ စည်သူ(ခ) ငစည်ပါ ၁၂ ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ၁၄ ဦး ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်ဖော်ထုတ်ချက် အရ ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက် ကံ့ကော်အိမ်ရာ ရှေ့တွင် မေ ၂၁ ရက် နံနက် ၁ နာရီခွဲက အမျိုးသားတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံး၊ လက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်း တစ်လုံး လုယက်မှု၊ ဇွန် ၁ ရက် ည ၁၁ နာရီတွင် ဒက္ခိဏသီရိမြို့နယ် ဇမ္ဗူသီရိဟိုတယ်ရှေ့ရှိ သမီး ရည်းစားစုံတွဲထံမှ ဆိုင်ကယ်တစ်စီး လုယူမှု၊ မေလဒုတိယပတ် ည ၁၁ နာရီက ဒက္ခိဏသီရိ မြို့နယ် သံတမန်အိမ်ရာ ဇမ္ဗူကျက်သရေ လမ်းဆုံလမ်းလယ်ကျွန်းပေါ်ရှိ သမီး ရည်းစားစုံတွဲ ထံမှ ဆိုင်ကယ်တစ်စီး လုယက်မှု၊ မတ် ၁၂ ရက် ည၁ဝ နာရီက ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသ္တိ ဘုရားရှေ့ လူသွားလမ်း၌ သမီးရည်းစားအတွဲတစ်တွဲထံမှ ဆိုင်ကယ်တစ်စီးအား လုယက်မှု၊ ယခုနှစ် ဧပြီ ၁ဝ ရက် ည ၁ဝ နာရီခန့်က ဥတ္တရသီရိမြို့နယ် ဖိုးစောင်း တောင်လမ်းမဘေးတွင် အရက်သောက်နေသော အမျိုးသားနှစ်ဦးထံမှ ဆိုင်ကယ်တစ်စီးအား လုယက် မှု၊ ဧပြီ၁၃ ရက် ည၁၁ နာရီခန့် ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီ လမ်းမကြီးငွေလျှံကုန်းဘုန်းကြီးကျောင်းရှေ့ လမ်းပေါ် တွင် ဆိုင်ကယ်နှစ်စီးဖြင့် သမီးရည်းစားစုံတွဲထံမှ ဓားထောက်ပြီး ဖုန်းတစ်လုံး၊ လက်စွပ်တစ်ကွင်းအား လုယက်မှု၊ မေ ၂ဝ ရက် ည ၉ နာရီက ပုဗ္ဗသီရိ မြို့နယ် နေပြည်တော်ကောင်စီလမ်းဘေး ကံလှကွက် သစ်ရွာထိပ်၌ လမ်းလျှောက်လာသူ လူငယ်နှစ်ဦးအား ဓားထောက်ပြီး ဖုန်းတစ်လုံး၊ ပါဝါ ဘန့်တစ်ခုတို့အား လုယက်ကျူးလွန်ခဲ့ခြင်းများကို စစ်ဆေးချက်အရ ပေါ်ပေါက်ခဲ့၍ အုပ်စုဖွဲ့ ဓားထောက်လုယက်ခဲ့သူ ချမ်းငြိမ်း(ခ)ငြိမ်းချမ်းဇော်(ခ)မုန့်လုံးကြီးပါ ၁၄ ဦး အား အရေးယူခဲ့ပြီး ထိရောက်သော ပြစ်ဒဏ်ရရှိရေး အတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)


                                              မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar