
TinHlaing
ဦးအောင်တောင်းရဲ့ ပုပ္ပားက အပန်းဖြေစံအိမ်တော်..
- ရန်ကုန် လှိုင်ရတနာမွန်အိမ်ရာမှ နန်းတော်တမျှခမ်းနားတဲ့ အိမ်ကြီး
- နေပြည်တော် ဥတ္တသီရိမှ ဧရာမအိမ်ကြီး
- ပြင်ဦးလွင်၊ ကန်တော်ကြီး ဥယျာဉ်အနီး ၀န်ကြီးရပ်ကွက်ရှိ အိမ်ကြီး
- ပုပ္ပါးတောင်ကလပ်မှ အနားယူရန်ဆောက်လုပ်ထားသော အိမ်ကြီး
- ပုလဲမြို့သစ် ရွှေနံ့သာရပ်ကွက်က အိမ်ကြီး
- မှော်ဘီမှ Star Flower တစ်ရှုးစက်ရုံ
- စစ်တောင်းစက်ရုံအနီးရှိ နောက်ထပ်တစ်ရှုးစက်ရုံ
- ပုလဲမြို့သစ်က သစ်ခွဥပေါင်းစက်ရုံ
- ပန်းတောင်းက ဧက(၁၀၀)ခန့်ရှိ ဇီးတော်သီးခြံ
- ပလိပ်က စိန်တလုံးသရက်ခြံ
- လှည်းကူးက ဧကများစွာကျယ်ဝန်းသော ကိုယ်ပိုင်အပန်းဖြေဥယျာဉ်ကြီး
- နေပြည်တော်မင်းကုန်း အုတ်စက်အနီး ၃၈ ဧက ကျယ်သည့် ခြံကြီး
- United Amara ဘဏ်လုပ်ငန်း
- အမရာ ဟိုတယ်(နေပြည်တော် ဟိုတယ်ဇုံ)
- စက်သုံးဆီဆိုင်လုပ်ငန်းများ
- ဆက်သွယ်ရေး(ဖုန်း)လုပ်ငန်း
- IGE ပိုင် မန္တလေး စကျင် ကျောက်ပြားစက်ရုံ (ယခင် စက်မှု(၁)စက်ရုံကို သက်သာသော နှုန်းထားဖြင့် ၅ နှစ် ဌားရမ်းထား)
- ရန်ကုန် သမ္မတ၊ စထရင်း၊ အင်းလျားလိပ် ဟိုတယ်ကြီး(၃)ခု
IGE က လုပ်ကိုင်ခွင့်ရ
- အောင်ရည်ဖြိုး၊ IGE၊ MRT စသည့် အမည်အမျိုးမျိုးဖြင့်
ရွှေတူးဖော်လုပ်ငန်း၊ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊
အကြီးစား လျှပ်စစ်ကြိုးခွေများ တင်သွင်းခြင်းလုပ်ငန်း
နေပြည်တော်က ဦးအောင်သောင်းရဲ့ အမရာဟိုတယ်
သင်္ကြန်မဏ္ဍပ်..
ဒီလိုမျိုး ပိုင်ဆိုင်မှုတွေအပြင် နိုင်ငံခြားဘဏ်တွေမှာလည်း ပိုင်ဆိုင်မှုတွေကို ဒေါ်ခင်ရီရီ၊
ဦးနေအောင်၊
မခင်မိုးညွှန့်၊
မခင်ငုရည်ဖြိုး၊ နာမည်များနှင့် BANK OF AUSTRALIA ၊
BANK OF ENGLAND ၊
OCBC ဘဏ်များမှာ အပ်နှံထား ကြောင်းသိရပါတယ်။
အစပိုင်းမှာ ဒေါ်ခင်ရီရီနာမည်နဲ့ အပ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ BANK OF AUSTRALIA မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဝင်းနွယ်၊
BANK OF ENGLAND မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဖြူလှ အမည်များသို့ ပြောင်းလဲ အပ်နှံခဲ့တာကို အမေရိကန် နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC)က စောင့်ကြည့်လျက်ရှိပါတယ်။
ပြည်တွင်းမှာ ရှိတဲ့ ကျပ်ငွေတွေကိုတော့ ယူနိုက်တက် အမရာဘဏ်ကို တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း လည်ပတ်ရာမှာ သုံးထားပါတယ်။
(မှတ်ချက် - လက်ရှိတွင် ၎င်းတစ်ဦးတည်းကို ဦးတည်ထားသည်ဟု အမေရိကန်အစိုးရ ကဖော် ပြထားသော်လည်း ၎င်းမိသားစုပိုင်ဖြစ်သော ဘဏ်လုပ်ငန်းများမှာ ဦးအောင်သောင်း အစုအဖွဲ့၏ ယန္တရား ကို လည်ပတ်ပေးနေသည့် လောင်စာကန်များဖြစ်နေခြင်းကြောင့် များမကြာမီတွင် အခက်ပွေဘွယ် အလားအလာများစွာရှိနေပါသည်။
သို့ပါသောကြောင့် ၎င်း၏ ယူနိုက်တက် အမရာ ဘဏ် အပြင် အခြားသော ၎င်းပိုင် လုပ်ငန်းများ တွင် ရင်းနှီးမြုပ်နှံထားသူ အများပြည်သူများအနေဖြင့် မိမိတို့၏ ချွေးနှဲစာ စုဆောင်းမှုလေးများ မကြာမီ ဆုံးရှုံးသွားရန် အကြောင်းများစွာ ရှိနေပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်း ကြားအပ်ပါသည်ရှင့်.....
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar