ကော့သောင်းမြို့ လေယာဉ်စီးခရီးသည်များအား အမျိုးမျိုးခြိမ်းခြောက်ပိုက်ဆံတောင်း
ကော့သောင်းမှ မြိတ်သို့ပျံသန်းမည့် Apex လေယာဉ်ခရီးတွင် ခရီးသည်တစ်ဦးမှ
မြိတ်မြို့မှ လ၀က
ထောက်ခံစာဖြင့် လာရောက်ပြီး ယနေ့(11;00) အချိန်လေယာဉ်ကွင်းတွင်
ခရီးသည်မှပြန်ရာ
လေယာဉ်ကွင်းတွင် တာဝန်ကျသည့် လ၀က မှဒီထောက်ခံစာ မရဘူး ရုံးခန်းထဲခဏလိုက်ခဲ့
ပြောဆိုရာ ဘာဖြစ်လို့မရတာလည်း
ဒီမှာ လ၀က ထောက်ခံစာ အစစ် ခရီးသွားလာခွင့် ရက်စွဲလည်းမကုန်သေးဘူး
မယုံဖုန်းဆက်မေး လို့ပြောတော့
မင်းသွားချင်ရင်ဒီနေ့လူကြီးခရီးစဉ်ရှိလို့ ပိုက်ဆံပေးခဲ့ဆိုပြီးပေါ်တင်တောင်းပါတော့တယ်
အဲဒီမှာခရီးသည်မှ ပိုက်ဆံမြန်မာငွေ နှစ်ထောင်ထုတ်ပေးရာ
လ၀က မှ ဘတ်ငါးရာတောင်းလာသည့်အတွက်
စကားများခဲ့ရကြောင်းကြားသိခဲ့ရပါသည်။ ခရီးသည်ပြောသည်မှာ မြန်မာပြည်တွင် မြန်မာလူမျိုး
မှတ်ပုံတင်လျှောက်ထားဆဲဖြစ်သည့်အတွက်
လ၀က ထောက်ခံစာဖြင့် ခရီးသွားလာတာကို ဒီလိုအကျင့်ပျက်ဝန်ထမ်းများရှိနေသည့်အတွက်
ကောသော့င်းမြို့တော်သည် ခရီးသွားဧည့်သည်များမလာရောက်ရဲလောက်အောင်
ဒုက္ခမျိုးစုံပေးနေသည်ကို
သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များမှ ထိရောက်စွာအရေးယူပေးနိုင်ပါစေရန် ထောက်ခံစာ ဓါတ်ပုံနှင့်တစ်ကွတင်ပြလိုက်ရပါသည်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar