အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 23 december 2014

ကော့သောင်းမြို့ ခမောက်ကြီးမြို့နယ်ခွဲ အောင်ချမ်းသာ ကျေးရွှာ မှ ဆရာမက ဘတ်ငါးရာတောင်းခံ

   ကော့သောင်းမြို့ ခမောက်ကြီးမြို့နယ်ခွဲ   အောင်ချမ်းသာ ကျေးရွှာ မှ ဆရာမက ဘတ်ငါးရာတောင်းခံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

မနေ့က တင်လိုက်တဲ့ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် အောင်ချမ်းသာရွာလေးက ၄တန်းကျောင်းသူတစ်ယောက်ကို စာမေးပွဲဖြေခွင့်မပေးတဲ့အကြောင်း တင်ခဲ့ပါတယ်…
ဖြေခွင့်မပေးတဲ့အကြောင်းအရင်းက စာမေးပွဲအခန်းစောင့်ပေးတဲ့ဆရာမတွေကို ကျွေးမွေးစားရိတ် ဘတ် (500) မပေးနိုင်တဲ့အတွက်ကြောင့်ပါ…
အောက်ပါပုံမှာ ကျောင်းသူ မညိုညိုလွင်ရဲ့ ထိုင်ခုံအမှတ်ကို မှင်နီနဲ့ မြင်သာအောင် တားပေးထားပါတယ်…
ထိုင်ခုံအမှတ် (စ-ကသ-၂၅၂၉) ဖြစ်ပါတယ်…

အဲ့ဒီကျောင်းသူလေး စာမေးပွဲဖြေခွင့်မရတော့လို့ ကလေးမလေးဟာ စိတ်ဓါတ်တွေကျနေတယ်လို့လည်းသိရတယ်…
ဒီကလေးရဲ့ အနာဂတ်အပါအဝင် နောင်လာမဲ့ ကျောင်းသူကျောင်းသားလေးတွေအပေါ် ဒီလို မတရားသဖြင့် အနိုင်ကျင့် ငွေကောက်ခံမှုတွေ
ကျောင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ
  စေတနာထက် အသပြာမျက်နှာသာ ကြည့်ကြတဲ့ ပညာရေးဝန်ထမ်း ဆရာ ဆရာမတွေကို နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနတို့က ထိရောက်စွာ အရေးယူပေးဖို့ တတ်နိုင်တဲ့ ဘက်ကနေ ရေးသားဖော်ပြပြီး တောင်းဆိုလိုက်ရခြင်းဖြစ်ပါတယ်၊


                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar