လူများပြီးပွဲမစည်
--------------------
မြတ်စွာဘုရားရှင်ဟာ တစ်ပါးတည်းမှသည် ဗုဒ္ဓဘာသာဝင်ပေါင်း မြောက်များစွာ ပေါ်ပေါက်စေခဲ့တယ်။
ဗမာပြည်မှာ ဘုန်းကြီး ၅ သိန်းကျော်ဆိုလား ရှိတယ်။
ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒ သာသနာ ၃ရပ်ကို တစ်ခုမှ ကြိုးစားကျင့်ကြံခြင်း မရှိသော ဘုန်းကြီးတွေ မြောက်များစွာရှိနေတယ်။
အချို့က အနေအစားချောင်လို့ ကတုံးတုံးပြီး သင်္ကန်းရုံလို့ နေကြတယ်။
လူကြည်ညိုလေးစားအောင် နေထိုင် ပြောဆို ကျင့်ကြံ အားထုတ်ခြင်း မရှိလျှင် ဘယ်သူက လေးစားမလဲ ??
သင်္ကန်းရုံထားလို့ မပြောကောင်းဘူးဆိုတဲ့ အချိုးတော့ လာမပြောနဲ့ !!
ဝိနည်းတွေအများစုက လူတွေ ကဲ့ရဲ့လို့ ဗုဒ္ဓက ချမှတ်ခဲ့တဲ့ စည်းကမ်းဥပဒေများဖြစ်တယ်။
#ရဟန်းတို့အသက်ဟာဝိနည်း
ကတုံးနဲ့သင်္ကန်းနဲ့ဆိုရင် ပြောသမျှ မျက်စိမှတ် ယုံကြည်ပြီး ကိုးကွယ်လို့ ဗုဒ္ဓ ဟောကြားခဲ့တာ ပိဋကတ် ၃ ပုံထဲ ဘယ်နေရာမှာ ပါသလဲ ??
ဝိနည်းနဲ့အညီ မနေထိုင်နိုင်တဲ့ ဘုန်းကြီး အယောင်ဆောင်တွေကို အကုန်ဖမ်း၊ ကျောက်ထု လမ်းခင်း ပြစ်ဒဏ်တွေ ချမှတ်လိုက်ရင် သာသနာတော်လဲ သန့်ရှင်းမယ်။ နိုင်ငံအတွက်လဲ လုပ်အားတွေရမယ်။ လူတွေလဲ ငွေကုန်သက်သာသွားမယ်။
ဆွေးနွေးလိုတဲ့ကောင်ရှိရင် တိတိကျကျ ဆွေးနွေးရအောင် !!
myuhnen@gamil.com ကိုရောက်အောင်လာခဲ့ပါ၊ မဟုတ်တရုတ်ပြောလို့ကတော့ ဒီဝင်လာပြောတဲ့ဂျီမေးလ်ကို တာဝန်မယူပါ။
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar