အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 9 december 2014

ဂေါဝိန် ဆိပ်ကမ်းဘေးမှ သိန်းစိန်၏ သမ္မုတိ သစ္စာ

ဂေါဝိန် ဆိပ်ကမ်းဘေးမှ သိန်းစိန်၏ သမ္မုတိ သစ္စာ

ယခု ဆောင်းပါးအား စာရေးသူ တင်ပြရန် အချိန်တော်တော် စောင့်ခဲ့ရ၏

.. အကြောင်းမှာ မြန်မာပြည်အပြောင်းလဲသည် သမ္မုတိ သစ္စာ တရားဖြင့် ပြောင်းလဲသော စနစ် ဖြစ်ကြောင်း ပြောရန် တချိန်က စာရေးသူ အဖို့ နုတ်လေးနေခဲ့ရသည် သမ္မုတိ သစ္စာ နယ်ပယ်အား အမျိုးမျိုးအဖုံ့ဖုံ ဇာတ်လမ်းစုံတို့ဖြင့် စာပေပညာရှင်များ ဆရာတော် ကြီးများ ဇာတ်လမ်းဖွဲ စကားလုံး အသွဲ့ အနွဲ့တို့ဖြင့် ဖေါ်ပြဖူးခဲ့ကြလေ၏ …သို့သော် စာရေးသူ နားလည်သော သမ္မုတိကို စာဖတ်သူများအား ဝေငှ၍ သိန်းစိန်အစိုးရ၏ ပြောင်းလဲခြင်း စရိုက်အသွင်အား သမုတိ သစ္စာ စရိုက် သမုတိ လက္ခဏာဟု မြင်နိုင် တွေးနိုင်ရန် အထောက်ထား များဖြင့် တင်ပြခြင်းပါ………

သမုတိသစ္စာအား စာရေးသူ အမြင်အရ ရှင်းလင်းစွာ ဖေါ်ပြရပါလျင် ဆက်ဆပ်တည်ရှိခြင်းအပေါ်တွင် သာ မှီတည်သော ရှင်သန် ယုံကြည် လုပ်ကိုင်ဆောင်ရွက်ခြင်း (Relative Truth) ကို ဆိုလိုပါသည်။ သမ္မုတိသစ္စာ အကြောင်း ဖွင့်ဆိုချက်များတွင် စာရေးသူ မှတ်မိသလောက်နှင့် ရှင်းပြရသော်…. (ကျီးနဲ့မိုက်ခေါင် ဆင်သေကောင်ထက် သောင်ကိုမလှမ်း ကမ်းသို့မတက် အပုတ်မက်ပြီး စီးလျှက်စားကာ လိုက်လေပါက သမုဒ္ဒယာရောက်ခိုက် လှိုင်းဝယ်ရိုက်၍ ရေတွင်မွန်းနစ် ငါးစာဖြစ်သော် စင်စစ်မှန်ဆောင် လူတို့ဘောင်တွင် ချည်နှောင်ဝဋ်ထဲ သေအောင်စွဲ၍ ခံစားကာမ ထိုလူမျှကို ကာကပညာကျီးပမာဟု မဟာဝိသုဒ် မြတ်သံဗုဓ်တို့ ရွှေနုတ်လှစ်ခြွေ ဟောခဲ့လေသည်။) ဟု ဝေးကွာလှသော ငယ်ဘ၀က ဖတ်မှတ်ခဲ့ဘူးလေသည်။

ထိုအဆိုအား ရှင်းချက် ထုတ်ရသော်……ဆင်သေကောင်ပေါ်တွင် ရောက်နေသော ကျီးမိုက်သည် မိမိနားမိသော ဆငိသေ ထက် မည်သည့်အရာကိုမှ မမက်တော့ကြောင်း ထို့အပြင် ကမ်းသို့ မြင်လျှပင်သော်ငြာ မိမိ၏ သမုဒယ လောဘ အနှောင်ဖြင့်သာ ဆက်လက်၍ မိုက်မဲစွာ ဆင်သေပေါ်တွင် သာ နေထိုင်စားသောက်၍ လောက ရေယာဉ်ကြောတွင်း မျောပါလိုက်နေလျက်ရှိပြီး နောက်ဆုံး ဆင်သေပုတ်မှာ စုန်းစုန်း ကြေမွ မြုပ်ကျလေသောအခါ မိမိအဖို့ နီးရာ သောင်ကမ်းသို့ ရောက်အောင် ပျံသန်းလာနိုင်ခဲ့ခြင်းမရှိတော့ပဲ အဆိုပါ ရေယာဉ်ကြောမှာပင် ချေကုန်လက်ပမ်းကျကာ နောက်ဆုံးမိမိသည်လဲ အသေမလှ ကျဆုံးကြောင်းပင် ဖြစ်လေသည်။

ယခု သမ္မုတိအကြောင်းဆိုသော မိမိ၏ ဆက်စပ်ရာ ဌာန ဒေသ နှင့် ယာဂတို့ပေါ်တွင်သာ မှီတည်သော သမ္မတအကြောင်းကို ရှင်းလင်းရတော့မည်။ ထိုသို့ဆိုသော် ဦးသိန်းစိန် ဘယ်က လာသနည်း ( …တံငါးသယ် မိသားစုမှ ဆင်းသက်၍ နေ့စဉ်နှင့် အမျှ တွေ့ရာ ချောင်းမြောင်းများတွင် ရေသတ္တ၀ါများအား ဖမ်းဆီးခြင်း ချုပ်နှောင်ခြင်း သတ်ဖြတ်ခြင်း နှင့် အသက်မွေး ကြီးပြင်းခဲ့ကြောင်း ၄င်း၏ နေရပ် ဌာနေမှ ၄င်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြသော မိတ်သင်္ဂဟ တချို့မှ စာရေးသူကို ခိုင်ခိုင်မာမာပြောပြခဲ့၏။

ထိုနောက် ဦးသိန်းစိန်သည် ကံကောင်းထောက်မ၍ တွဲဖက် ငပုတောတွဲဖက် အထက်တန်းကျောင်းမှ (ခ) အဆင့်ဖြင့် အောင်မြင်ပြီး တပ်မတော်ထဲသို့ ငါးဖမ်းလုပ်ကိုင်စာသောက်သော ဘ၀ မှ သေနတ်ကိုင် သတ်ဖြတ်သော မုဆိုးအဖြစ် ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အထက်မိန့်နာခံခြင်း ဝေဖန် စောကြော မှု မလုပ်တတ်ခြင်းနှင့် ခိုင်းသမျှတာဝန်အား ခရေစေ့တွင်းကျ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ယနေ့ အများပြည်သူသိကြသော တံငါးသယ်ဘ၀မှ သမ္မတ အဖြစ် ရှေး အာဏာရှင်ကြီး မိသားစုနှင့် ၄င်း၏ အယူဆအရ ဖြစ်တည်လာရလေသည်။

ဦးသိန်းစိန်၏ ကြီးပြင်းခဲ့သော ဘ၀ တလျောက်တွင် ၄င်း ဦးသိန်းစိန် ဖြတ်သန်းခဲ့သော လက်ရှိ မြန်မာ့ စစ်တပ် အသိုင်းဝိုင်းများတွင်၎င်း တချိန်က မောင်သိန်းစိန် ထိုနောက် ဗိုလ်လေး သိန်းစိန် ထိုမှတဖန် ဗိုလ်မှူး ဗိုလ်ချုပ် သိန်းစိန် နောက်ဆုံးဝယ် ယခု သမ္မတ ဦးသိန်းစိန်အဖို့ သခိုးဓားပြ လက်တို့တွင်သာ ကျင်လည်ကြက်စား၍ လုခြင်းယက်ခြင်း သတ်ခြင်း ဖြတ်ခြင်း ပြောင်းခြင်း ရွှေခြင်းတို့သည်မှာလည်း ၄င်းငယ်စဉ် ဖြတ်သန်းခဲ့ရသော ဘ၀နှင့် မြန်မာ့စစ်တပ်ခေါင်းဆောင်များ လုပ်လေ့ ကိုင်လေ့ ရှိကြသော အလေ့ကျင့်များဖြင့်သာ နေ့တဓူဝ တွေ့မြင်လာရပြီးခဲ့သားမို့ပင် ယခု ၄င်းသမ္မတ ဖြစ်လာသော အခါသမယတွင်မှာပင်လည်း ထိုအကျင့်စရိုက်တို့အား မိမိ၏ ဘ၀ တဆစ် ပြောင်းလဲလာသော စစ်တပ်ခေါင်းဆောင်များ လုပ်လေ့လုပ်ထရှိသော လုပ်ရပ်များကိုသာ ယုံကြည်၍ ဆက်တိုက် ပြုလုပ်ပါလျင် အမှားသည်လည်း အမှန်ဖြစ်လာမည် ဖြစ်ကြောင်း မိမိ ထိမိဆက်စပ်ရာ လောကသားတို့၏ အသွင်နှင့် စံ တို့ အတိုင်း ထပ်မံပြုလုပ်လားကြောင်း ၄င်း၏ သမ္မတ ရာထူးဆိုသော စစ်အာဏာရှင်ဟောင်း အဆက်ဆက်တို့၏ အကျင့် စရိုက် မီးမောင်းအောက်တွင် ကပြတင်ဆက်ကာ မရိုးမအီနိုင်သော သမုဒယသမား ယာဂ နွားတို့၏ အသွင်ဖြင့် ဆက်လက်လုပ်ကိုင်လာသောကြောင့် ဦးသိန်းစိန်လက်ထက် ဘူဒိုဇာဖြင့် အပစ်မဲ့သော ပြည်သူပြည်သားများ၏ ဘ၀ပေါင်းများစွာ တည်ရှိမှုပေါင်း ထောင်သောင်းများစွာတို့ကို ထိုးချေ ဖျက်ဆီး ခဲ့ဘူးလေ၏။

မှတ်မှတ်ရ သမီးလေး ကျေးရွာ မြင်းခြံမှ ရွာငံအရပ်သား မန္တလေးမှ စည်ပင်အကြမ်းဖက်မှု ရန်ကုန်မှ မိချောင်းကန် စစ်ကိုင်းမှ ဆားလင်းကြီးဒေသ အင်းလေးမှ လယ်သမားတို့ဘ၀ မိတ္ထီလာမှ တောင်သူများ၏ ငိုကြွေးမှု စသဖြင့် စသဖြင့် ပုဒ်မ ချ မကုန်နိုင်အောင် များပြားသော လုပ်ရပ်အား အတင့်ရဲရဲ လုပ်ကိုင်လာခဲ့ကြပြီး မိမိလုပ်သမျှ အမှန်တရားဟုသာ မိမိဘ၀ ဖြစ်တည်ခဲ့ရသော အတိတ်သမိုင်း စစ်တပ် အသိုင်းဝိုင်းတို့၏ လုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်လုပ်ကိုင်၍ ပြောင်းလဲခြင်းတရပ်ဟု မာန်တန်ရွတ်ပြနေလေသည်။
ယခု နော်ဝေဘုရင်မင်းမြတ်ကြီးကိုယ်တိုင်ကပင် သိန်းစိန်၏ သမ္မုတိ သစ္စာကို တွေ့သွားလေပြီ ..အကြောင်းမှာ… နော်ဝေဘုရင် ရင်ထုမနာ ဖြစ်ရလေသည် ရင်ကွဲမတ်တပ်ဖြစ်နေပေမည်… နော်ဝေဘုရင်အား မည်သူမှ တိုင်းတန်းခဲ့ခြင်းမဟုတ်ရပဲ ၄င်း၏ ခရီးစဉ်တွင် မန္တလေးသို့ လေကြောင်းခရီးဖြင့် သွားရန် မူလ အစီစဉ်ရှိခဲ့ပြီး ၄င်းအနေဖြင့် နေပြည်တော်ဆိုသော (အမေရိကန်ဒေါ်လာသန်းပေါင်း ၈ ထောင်) ကုန်ကျခံ ဆောက်လုပ်ထားသော လေယာဉ်ကွင်းနှင့် အထီးကျန်မြို့ကြီးအား ကြည့်ရှု့၍ စိတ်ပျက်သွားရပြီး မန္တလေးသို့ ရေကြောင်းခရီးဖြင့် သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်လေသည်။

မန္တလေးသို့ရေကြောင်းခရီးလုံခြုံရေးနှင့် သတင်း အချက်လက်များအတွက် နော်ဝေ ဘုရင့်တပ်မတော် ထောက်လှမ်းရေးများ သုတ်ချေတင်ကာ ကြိုတင်၍ ရောက်သွားခဲ့ကြသည် ထိုအချိန်ဝယ် သိန်းစိန်၏ မူလ လက်ဟောင်း စည်ပင်သာယာကြီးမှ ကနဦးလုပ်နည်းလုပ်ဟန်များအတိုင်း ဘူဒိုဇာနှင့် သုတ်ချေတင် ထိုးရှင်းနေလေသော ဓါတ်ပုံမှတ်တမ်းများအား နော်ဝေ ဘုရင့်တပ်မတော်၏ ထောက်လှမ်းရေးများကိုယ်တိုင် မှတ်တမ်းတင်ခဲ့ကြလေသည်။ သောင်ပြင်ပေါ်က နင်းပြားများဘ၀ အစစ်မှန်ကို ၄င်းတို့ တွေ့သွားကြလေသည်။

သောင်ပြင်နေရောင်အောက်မှ ကျောမွဲသူတို့ဘ၀သည် စစ်အာဏာရှင် အဆက်ဆက်မှပေးသေား ဒုက္ခကြောင့် သူတို့တတွေ သည်မှီခိုရာနေရာအတိကျ မရှိတော့ပဲ သူတို့၏ နေ့စဉ်ဘ၀အား သောင်ပြင်တလျောက် ပျော့အိအိ အခင်းကြမ်းနှင့် လှေတွင်းဝမ်းဗိုက်သို့ထိုးထားသော တစ်ပေသာသာမျှလောက်သာရှိသည့် အချိန်မရွေးကျိုးကျနိုင်သောကုန်းဘောင်တံတားပေါ်တွင် သူတို့၏ ကိုယ်ထက်ပင် လေးသော သဲတောင်းများ ကျောက်များ ကို နေ့ည အချိန် မရွေး ထမ်းပိုးရင်း ၀မ်းရေးဖြေရှင်းနေကြသော အသေးစိတ်အချက်လက်များပင် နော်ဝေ ဘုရင်ကြီးထံသို့ ရောက်ရှိခဲ့ရပြီး နော်ဝေ ဘုရင်းကြီးမှ သက်ပြင်းသက်မ မချနိုင်အောင် ဆို့နစ်သွားလေမည်ဖြစ်ကြောင်း စာရေးသူ ခန့်မှန်းရသည်။

သမ္မတ သိန်းစိန်၏ လုပ်ရိုးလုပ်စဉ်ဖြစ်သော အကြမ်းဖက်ခြင်း အတင်းကြပ်ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အပေါ်ယံ မိတ်ကပ်လိမ်းသော ပြုပြင်ပြောင်းလဲမှု အနေထားသည် နွားချေရာခွက်ထဲမှ ဖားငယ်တစ်ကောင်နှင့် တူကြောင်းလဲ နော်ဝေဘုရင်၏ ရင်ထဲ စွဲစွဲထင်ထင် ကျန်ရစ်နေမည်ဖြစ်ပြီး သမ္မတသိန်းစိန်အား ၄င်းတို့အနေဖြင့် ၂၀၁၂ ခုနှစ်အတွင်းမှ ငြိမ်းချမ်းရေး စင်တာ၏ လုပ်ဆောင်ကူညီမှုဖြင့် နိုဘဲလ် ငြိမ်းချမ်းရေဆု မပေးမိခဲ့ခြင်းမှာ ဘုရားသခင်၏ ကောင်းမှုတော် လမ်းပြမှုကြောင့် ပယ်ချခဲ့ရလေခြင်းဆိုသော သံဝေဂ တခု ရင်ထဲစွဲညှိ သွားနိုင်လေသည်။

နောက်ဆုံးဆိုရသော် နော်ဝေးနိုင်ငံ၏ ယာဉ်ကျေးမှု လူသားခြင်း ကိုယ်ချင်း စာနာမှုနှင့် ဖြေလျော့ခဲ့သော အကြွေး ငွေ ဒေါ်လာသန်း (၅၈၂) သန်းအား နောင်တကြီးစွာဖြင့် တမ်းတမိနေနိုင်သည့် အချက်မှာ …”သြော် ..ငါတို့ အဲဒီပိုက်ဆံတွေကို…အခုလို..ဘ၀ထဲမှ မလှမပ မသေမသပ် မသေမချာ ရုံန်းကန်နေကြရသော ကျော်မွဲများအား ပေးခဲ့ဖို့ ကောင်းလေစွ” ဆိုသော နောင်တ တခုကတော့ …ထာဝရ ထာဝရ နော်ဝေးအစိုးရအဖွဲ့အပါဝင်လက်ရှိ ဘုရင်ကြီးနှင့် ကြင်ယာတော်တို့၏ အသိစိတ်ထဲတွင် သိန်းစိန်၏ အကျင်ဟောင်း အပုတ်ဟောင်းတွင်မှာသာ နားခိုလိုက်နေသော ကျီးမိုက်လမ်းစဉ်ဆိုသော သမ္မုတိ သစ္စာကိုတော့ဖြင့် ကွက်ကွက်ကွင်းကွင်း ရှုင်းလင်းစွာ မြင်ခွင့် ရ၍ ကမ္ဘာတည်သ၍ မြန်မာ့ဆင်းရဲသားများအား အာဏာရှင် ချေဖ၀ါးအောင်တွင် မရှိနိုင်စေရန် စိတ်ကောင်း နှံ့လုံးကောင်းများ မွေးဖွား ကူညီနိုင်ကောင်းဆိုသော ကိုယ်ချင်းစာစိတ် ဖြစ်တည်ရန် မျှော်လင့်ကြောင်းပါ………..


                                 မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar