အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 29 november 2014

မှိုင်းမိနေတဲ့ယနေ့မြန်မာပြည်ကိုဆရာတော်ဘုရားများမည်ကဲ့သို့သုံးသပ်ထားသလဲ

 မှိုင်းမိနေတဲ့ယနေ့မြန်မာပြည်ကိုဆရာတော်ဘုရားများမည်ကဲ့သို့သုံးသပ်ထားသလဲ



ယနေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့
ဘာသာရေးနဲ့နိုင်ငံရေးရှုပ်ထွေးနေတဲ့
အဖြစ်ကိုမြန်မာနိုင်ငံရဲ့အထင်ကရ
ဖြစ်ကြတဲ့ဆရာာတော်ကြီးတွေ
ကဒီလိုသုံးသပ်ထားပါတယ်။

သီတဂူဆရာတော်ဘုရားကြီးဟာ
အမျိုးဘာသာသာသနာစောင့်ရှောက်
ရေးမှာဒု/ဥက္ကဋ္ဌအဖြစ်ထည့်သွင်းတင်
မြောက်ခံထားရသူပါ။
ဆရာတော်ကြီးက
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေကို
ဒီလိုသုံးသပ်တင်ပြထားပါတယ်။

ကိုယ်ကျိုးအတ္တကိုရှေ့တန်းတင်သူ
နိုင်ငံရေးအမြတ်ထုတ်လိုသူတချို့ဟာ
ဘာသာမတူသူတွေကြားမှာ
အမုန်းတရားတွေဖန်တီးပြီးပဋိပက္ခ
တွေဖြစ်အောင်လှုံဆော်နေကြတာကို
အားလုံးသတိချပ်ဖို့လိုပါတယ်။
*****
ဥူးသုမင်္ဂလဒယ်အိုးဆရာတော်က
တော့မြန်မာပြည်ရဲ့လူမျိုးရေး
ဘာသာရေးကိုခွဲခြားပြီးဆူပူအောင်
ဖန်တီးပေးနေတဲ့ရဟန်းအချို့ကို
ဒီလိုဆိုထားပြန်ပါတယ်။
သူတပါးကိုသတ်တာ
သူတပါးရဲ့စည်းစိမ်ဥစ္စာကိုဖျက်စီးတာ
ပျက်စီးအောင်လုပ်တာဟာရဟန်းမ
ဟုတ်ဖူး။အဲ့ဒီလူတွေကိုဗုဒ္ဓဘာသာ
ဝင်လို့မပြောနဲ့ စောင့်ထိမ်းရမဲ့ကျင့်
ဝတ်ပျက်ရင်ဘုရားသားတော်မဟုတ်
ဖူး။ရဟန်းအကျင့်နဲ့မညီမှတော့ဘာ
ကောင်ကြီးဖြစ်ဖြစ်ကိုးကွယ်စရာမလို
ဖူး။
***
ရွှေညဝါဆရာတော်ဘုရားကတော့
အမျိုးသားအစွန်းရောက်စက်ကွင်းထဲ
ကိုဝင်မှန်းမသိဝင်သွားမယ်ဆိုရင်
တော့ အဲ့ဒီသံဃာတော်တွေကိုဘုန်း
ကြီးအနေနဲ့ပွင့်ပွင့်လင်းလင်းပဲပြော
ချင်တယ်။သတ္တိရှိရင်လူထွက်ပြီး
အမတ်လုပ်ပါ။

ဆရာတော်ကြီးတွေရဲ့ပြောကြားချက်
တချို့ကိုထုတ်နှုပ်တင်ပြပေးခြင်းဖြစ်
ပါတယ်။ဒါကြောင့်ဒီနေ့မြန်မာပြည်မှာ
ဖြစ်ပေါ်နေတဲ့ဘာသာရေးဘန်းပြပြီး
သွေးထိုးလှုံဆော်ပြီးဒေါ်အောင်ဆန်းစု
ကြည်သမ္မတမဖြစ်ရေး
သူမကိုအကြည်ညိုပျက်စေရေး
သူမကိုယုံကြည်မှုမဲ့စေရေး
Nld မဲမရရှိရေးလုပ် ဆောင်နေသော
လူ ပုဂ္ဂိုလ်တွေဟာဘယ်လိုရည်ရွယ်
ချက်တွေရှိနေတယ်ဆိုတာကိုသဘော
ပေါက်သိစေလိုပါတယ်။

ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေဟာ
ဘာကြောင်ဖြစ်ပေါ်လာတယ်
ဘယ်အချက်တွေကိုအခြေခံတယ်
ဆိုတာရယ်
ဖြစ်ပေါ်လာတဲ့ပြဿအရင်းမြစ်
ကွင်းဆက် နဲ့ရရှိလာတဲ့အကျိုးသက်
ရောက်မှုဟာဘယ်ကိုသွားတယ်ဆို
တာကိုကြည့်တတ်ရင်အမှန်ကိုမြင်လာ
ကြမှာပါ။

တဖက်ကကုလားနဲ့ဗမာကိုသွေးခွဲ
ပြီးနိုင်ငံရေးအမြတ်ထုတ်နေမှုတွေရှိနေ
တဲ့အပေါ်မှာ
ပြည်သူတွေဟာအမှန်တွေကိုသိမြင်
နိုင်ဖို့လိုပါတယ်။
ပြည်သူတွေအမှန်တကယ်လိုနေတာ
ကစစ်မှန်တဲ့ဒီမိုကရေစီဖြစ်ပါတယ်...

ဒါကိုရဖို့ဆိုပါရင်
ဆူးညှောင့်ခလုပ်ဖြစ်တဲ့
စစ်အာဏာရှင်စံနှစ်တွေလွှမ်းမိုးနေ
ခြင်းကိုစုပေါင်းအားနဲ့တိုက်ကြရပါမယ်
ဘုံရန်သူဟာဘယ်သူဟာလည်း
ဒေါ်အောင်ဆန်းစုကြည်လည်းမဟုတ်
Nldလည်းမဟုတ်ရပါ။
စစ်အာဏာရှင်တွေပဲဖြစ်ပါတယ်။

(Credt-စု ချစ် သမီး)

                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar