အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 28 november 2014

ခွေးဇတ်မြိုင်မြိုင်ဆိုင်ဆိုင်ကချင်နေသူများ

ခွေးဇတ်မြိုင်မြိုင်ဆိုင်ဆိုင်ကချင်နေသူများ 

ရပ်ကွပ်ထဲက ဘယ်သူမှမခေါ်ပဲ ခပ်တည်တည် လာနေသော ခွေးဝဲစား များ စကားဝိုင်း
  ခွေး ( ၁ )....ဟေ့ရောင် ... ညနေ ကျရင် ငါတို့အားလုံးကို အမဲသား နဲ့ ထမင်း ကျွေးမယ်လို့ ဟိုဘက်ရပ်ကွက်က ဘုရား ဒါယိကာ မကြီးက ဖိတ်ခေါ်ထားတယ်ဆို........ငါတို့ သွားကြမလား...?
ေ  ခွေး ( ၂ ).... ဟာကွာ ဖြစ်ပါ့မလား......ငါ တို့ကို အမြဲ အရိုးကျွေးနေတဲ့ မုဆိုးကြီး စိတ်ဆိုးသွားရင် ဘယ်လို လုက်မလဲ.......
  ခွေး ( ၃ )...... ဒါကိုတော့ စဉ်းစားရမယ်ကွ...... ငါတို့ ဒီ ရပ်ကွက်ထဲ ခုလောက်ထိ နေနိုင်တာလည်း မုဆိုးကြီး ကောင်းမှုကြောင့်ပဲကွ.......
  ခွေး ( ၄ )....ဒါကတော့ကွာ.....သူက ငါတို့ကို အရိုးကျွေးပြီး...သူကြည့်မရတဲ့သူ ဆိုကိုက်ခိုင်းနေတာပဲ.....ဟိုတစ်လောက ငါတို့ထဲက တစ်ကောင်ကောင် သူမကြည်ရင် အချင်းချင်း ပြန်ကိုက်ခိုင်းတာပဲကွာ.....ငါကတော့ တစ်ခါတစ်လေ အမဲသားနဲ့ ထမင်းလေး စားချင်တာပေါ့.......
  ခွေး ( ၅ )....မဖြစ်ချေဘူး....အမောင်တို့....ငါတို့ ခွေးဝဲစား ဆိုတာ အချိန်တန်ရင် အရိုးပဲ ကိုက်ရမှာ....အမဲသား နဲ့ ထမင်း စားရမှာက တစ်နပ်...ပြီးရင်ငါတို့ကို ဘုရားဒါယိကာမကြီးက သူတော်ကောင်းတရားတွေ ဟောနေရင် ငါတို့စိတ်တွေ ပြောင်းကုန်မှာ မုဆိုးကြီး သိတယ်......အရိုးက ငါတို့မသေမချင်း ကိုက်ရမယ်......မုဆိုးကြီး လိုအပ်ရင် ... ကိုက်ပေးရမယ်...ငါတော့ မသွားတော့ဘူးကွာ.......
  ခွေး ( ၆ )....ဒါဆို ငါတို့အာူလုံး မသွားဘူး ဆိုတော့ ဘုရားဒါယိကာမကြီး ကို ဘယ်လို အကြောင်းပြန်ရင် ကောင်းမလဲ.......
  ခွေး ( ၇ )...ဒါ လွယ်ပါတယ်ကွာ.....မအား ဘူး လို့ သာ ပြောလိုက်....ငါက ညကျ KTV သွားရအုံးမယ်
ဟိုတစ်လောက အိုဘားမား လာတော့ ပိတ်ထားရတဲ့ KTV အခု ပြန်ဖွင့်နေပြီ......သွာတော့မယ် သယ်ရင်း တို့ရေ.......

စကား အဆုံး မှာတော့.......
အူ.....ဝူးးးးးးဝူးးးးးးးး
  ခွေး ဝဲစား အားလုံး တစ်ပြိုင်နက်တည်း ထောက်ခံ၍ ခွေး ဇာတ် ခင်းသွာကြလေတော့သည်။ 


                            မြူ နှင်း(အေးရိပ်ငြိမ်)......

Inga kommentarer:

Skicka en kommentar