၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာသည့် လွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မည်ဟု သူရဦးရွှေမန်း ပြောကြား
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် ဆွေးနွေးလျှက်ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒ၏ ပြင်ဆင်ချက်များကို ၂၀၁၅ ရွေးကောက်ပွဲ ပြီးချိန်မှသာ အတည်ပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ကပြောကြားလိုက်သည်။
ယနေ့ပြည်သူ့လွှတ်တော်အဆောက်အအုံတွင်ပြုလုပ်သည့် သတင်းမီဒီယာများနှင့် သီးသန့်တွေ့ဆုံ ပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့အချိန် ပေါ်ထွက်လာမယ့် ပြည်ထောင်စု လွှတ်တော်မှာ ပြင်ဆင် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဥပဒေကို အတည်ပြုသွားမယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။
အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကာချုပ်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ သဘောထားကလည်း အရေးကြီးကြောင်းသူရဦးရွှေမန်းကဆိုသည်။
ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် က ဆွေးနွေးလျှက်ရှိပြီး ယခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် အပြီးဆွေးနွေးကြမ ည်ဖြစ်ကာ
အဆိုပါဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ဥပဒေကြမ်းများကိုမူ နောက်တကြိမ်လွှတ်တော်တွင် ထပ်မံဆွေးနွေးသွားဦးမည်ဖြစ်သည်။
ပြင်ဆင်မည့် အချို့ဥပဒေကြမ်းများကိုမူ လူထုဆန္ဒခံယူပွဲပြုလုပ်ပြီးမှ ပြင်ဆင်ရမည့်အတွက် လူထု ဆန္ဒခံယူပွဲကို ၂၀၁၅ ခုနှစ်မေလတွင် ကျင်းပသွားမည်ဟု သူရဦးရွေမန်းက ဆက်လက်ပြောကြား ခဲ့သည်။
သတင်း - ကျော်ဇေယျ
Inga kommentarer:
Skicka en kommentar