အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 27 november 2014

မ.ဘ.သအဖွဲ့၏ရာသက်ပန်အလှူရှင်ဖြစ်သော ဦးအောင်သောင်း

မ.ဘ.သအဖွဲ့၏ရာသက်ပန်အလှူရှင်ဖြစ်သော ဦးအောင်သောင်း



မန်း မ.ဘ.သ အရေးပေါ်အစည်းဝေး
**************************

၁၉.၁၁.၂၀၁၄

အထက်မြန်မာပြည် မ.ဘ.သ အဖွဲ့အရေးပေါ်အစည်းအဝေးကို
ယနေ့ညနေ ၅နာရီအချိန်က မန်း မ.ဘ.သ ရုံးစိုက်ရာ
ကင်းဝန်မင်းကြီးတိုက်၊အကျော်ကျောင်းမှာ
ကျင်းပခဲ့ပါသည်။

အတွင်းရေးမှူးချုပ်ဆရာတော်ကြီးနှင့်
ဒုအတွင်းရေးမှူးချုပ်ဆရာတော်အပါအဝင်
မစိုးရိမ်တိုက်သစ်ဆရာတော်ဦးဝီရသူနှင့်
အမရပူရ မ.ဘ.သ ၊ ရေနံချောင်း မ.ဘ.သ
တောင်သာ မ.ဘ.သ၊ မိထ္ထီလာ မ.ဘ.သ
လားရှိုး မ.ဘ.သ ဆရာတော်များတက်ရောက်ခဲ့သည်။

အထက်မြန်မာပြည် မ.ဘသ အရေးပေါ်အစည်းအဝေးကို
မစိုးရိမ်တိုက်သစ်ဆရာတော်ဦးဝီရသူမှ
နမောတဿသုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုစတင်ဖွင့်လှစ်၍
အရေးပေါ်အစည်းအဝေးခေါ်ယူရခြင်း
အကြောင်းရင်းမှာ မြန်မာတနိုင်ငံလုံးဆိုင်ရာ
မ.ဘ.သအဖွဲ့၏ရာသက်ပန်အလှူရှင်ဖြစ်သော
ဦးအောင်သောင်းအား အမည်မည်းစာရင်းတင်သွင်းသည်ကို
ဆန့်ကျင်ရှုံ့ချဆန္ဒပြပွဲကျင်းပလို၍ခေါ်ယူရခြင်းဖြစ်ကြောင်း
ဆန္ဒပြခွင့်ပြုမိန့်ရရှိထားပြီဖြစ်သဖြင့်
၂၃.၁၁.၂၀၁၄ခုနှစ် တနင်္ဂနွေနေ့တွင်
မန္တလေးမြို့ ၆၃လမ်း ၊ လမ်း၃၀ဒေါင့်တွင် နံနက်၈နာရီမှ
၁၁နာရီအထိ ရှုံ့ချပွဲကိုကျင်းပသွားမည်ဖြစ်ပြီး
အမျိုးဘာသာသာသနာကိုထိန်းသိမ်းစောင့်ရှောက်လိုသူတိုင်း
တက်ရောက်ကြပါရန် မ.ဘ.သ ဆရာတော်များနှင့်
အဖွဲ့ဝင်များကိုအသိပေးခေါ်ယူရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ရှုံ့ချပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက်
အမရာဘဏ်မန်နေဂျင်ဒါရိုက်တာဦးတင်ဦးမှ
အလှူငွေသိန်းသုံးရာလှူဒါန်းခဲ့ရာ
ဆရာတော်ဦးဝီရသူမှလက်ခံခဲ့ပါသည်။

တောင်သာ မ.ဘ.သ ဆရာတော်မှ
ဆက်လက်မိန့်ကြားရာတွင် ဆန္ဒပြရှုံ့ချသူများအား
မြင်းခြံ -ကျောက်ပန်းတောင်းကားလမ်းပေါ်တွင်
ဒါန်ပေါက်ဝေရာမှ ရုန်းရင်းဆန်ခတ်
မဖြစ်ရလေအောင် ဆန္ဒထုတ်ဖော်သူများအား
၁၁နာရီ ရှုံ့ချပွဲပြီးသည့်အချိန်တွင်
အဖွဲ့ဝင်များစီမံပေးထားသော ကားများဖြင့်
မစိုးရိမ်တိုက်သစ် စာသင်ကျောင်းခန်းမ၌
ဒါန်ပေါက်များဖြင့်ကျွေးမွေးဧည့်ခံရန်
လျှောက်ထားရာ အတွင်းရေးမှူးချုပ်
ဆရာတော်ကြီးမှလက်ခံလိုက်ကြောင်း
သိရှိရပါသည်။

ဆန္ဒထုတ်ဖော်မည့်နေရာ။ ။
၆၃လမ်း ၊ လမ်း၃၀ဒေါင့် ချမ်းအေးသာဇံမြို့နယ်
မန္တလေးမြို့

ဆန္ဒထုတ်ဖော်မည့်အချိန် ။ ။
မနက် ၈နာရီ မှ ၁၁နာရီအထိ

အသေးစိပ်သိလိုပါက ဆက်သွယ်ရန်

ကိုမင်းမင်း = ၀၉-၄၄၄၀၁၂၈၄၇

ကိုချစ်ကို = ၀၉-၄၀၂၇၆၃၀၄၀





Inga kommentarer:

Skicka en kommentar