အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 26 oktober 2014

လိပ်ကျွန်းပေါ်စကော့ယာဒ် မှ စုံထောက်များ စစ်ဆေး


လိပ်ကျွန်းပေါ်စကော့ယာဒ် မှ စုံထောက်များ စစ်ဆေး


လိပ်ကျွန်းပေါ် က လူသတ်ပြီး ထားခဲ့တဲ့ နေရာ
အသတ်ခံရသူတွေ တည်းခို ခဲ့တဲ့ တည်းခိုခန်းကို
စကော့ယာဒ် မှ စုံထောက်များ စစ်ဆေး

ဖြစ်နိုင်ခြေရှိသူများ







့ ( ၂၄၊၁၀၊၂၀၁၄) ရက်နေ့ မနက် (၁၁) နာရီ လောက်မှာ
ကော့စမွေထောင်ထဲမှာ နိုင်ငံခြားသား(၂) ယောက်ကို
သတ်မှု့နဲ့ အစွပ်စွဲခံထားရတဲ့ မြန်မာလူငယ်လေးနှစ်ယောက်ကို မိဘများနှင့်အတူတွ့ဆုံဖြစ်ပါတယ်။

သူတို့တွေဟာ၊လူသတ်မှု့ နဲ့ ဘယ်လိုမှမပတ်သက်ကြောင်း၊
နှိပ်စက်ညှင်းပန်း၊ ခြိမ်းချောက် ပြောဆိုခဲ့လို့
မသတ်ဘဲနဲ့ သတ်ပါတယ်လို့ ဝင်ခံခဲ့ တာလို့ ပြောပြပါတယ်။

သူတို့ ရဲ့ပြောပြချက်တွေ ကို ကျနော်တို့နဲ့အတူပါသွားတဲ့
ထိုင်းရှေ့နေတွေက စနစ်တကျမှတ်သားပြီး။
အဆိုပါလူငယ်လေးနှစ်ယောက်အပါအဝင်၊
မိဘများကိုလက်မှတ်ထိုးခိုင်းပြီး ကော့စမွေတရားသို့
ကန်ကွက်လွှာတင်ခဲ့ပါတယ်။
ရှေ့အပတ်ထဲမှာ။
ဘန်ကောက်မှာရှိတဲ့ တရားရုံးချုပ်မှာလဲ
ကန့်ကွက်စာတင်သွင်းမှာဖြစ်ပါတယ်။

( ထူးချစ်)


( မိမိအားဖမ်းဆီးစဉ်၊ ရိုက်နှက်ခံခဲ့ရကြောင်း၊
တာဝန်ရှိရဲအရာရှိနှင့် မြန်မာစကားပြန် မှ
ပါးကို (၇-၈) ချက်ခန့် ရိုက်နှက်ခံခဲ့ရကြောင်း၊

မြန်မာစကားပြန်ဆိုသူမှာမြန်မာသံရုံးမှ ထုတ်ပေးထားသည့် ဆိုသည့်
ကဒ်ပြား ကို ပြသခဲ့ပါသည်။

လူသတ်မှု့တွင်၊ပါဝင်ခဲ့သည်ဟု၊မဝန်ခံပါက၊
ခြေလက်များကို ဖြတ်ပြီး၊
ဂုံနီအိတ်ထဲထဲ့ကာ၊ မြစ်ထဲ မျောပစ်မည်၊
ကားတာယာကွင်းများနှင့် ပတ်ပြီးရေနံဆီလောင်းကာ
မီးရှို့သတ်ဖြတ်ပစ်မည်ဟု၊ ချိမ်းခြောက်ခဲ့ ပါသည်၊

ထို့အပြင်၊ ချော့မော့ ပြီးလဲ မေးမြန်းခဲ့ပါသည်၊ မိမိတို့အနေဖြင့်သတ်သည်ဟုဝင်ခံပါက၊
ထောင် ( ၄-၅ နှစ်) သာကျခံရနိုင်ကြောင်းပြောခဲ့ပါသည်၊
မိမိတို့အနေဖြင့် အဆိုပါ၊
နှိပ်စက်ညှင်းပန်းမှု့၊ခြိမ်းချေက်မှု့နှင့်
ချော့မော့ဖျားယောင်း မှု့များကြောင့်
လိမ်လည် ထွက်ဆိုခဲ့ခြင်းဖြစ်ပါသည်။

ထို့အပြင်မိမိတို့ အနေဖြင့် သံရုံးမှဆိုပြီးရောက်လာသည့်
အဖွဲ့ကိုလဲ မယုံကြည်သည့်အတွက်၊
မိမိတို့ သတ်ဖြတ်ခဲ့ကြောင်းလိမ်လည်ထွက်ဆိုခဲ့ခြင်းဖြစ်ပါသည်။)

(ဝင်းဇော်ထွန်း ( ခ) ဝေဖြိုး)

- ဘီယာသွားဝယ်တဲ့ CCTV ကပုံတွေကိုပြ ပြီး
မင်းတို့မဟုတ်လားလို့မေးတယ် ဟုတ်တယ်ဆိုတော့
သတ်တာလဲမင်းတို့ဘဲဆိုပြီး ခြိမ်းခြောက်နှိပ်စက်ထိုးနှက်ပါတယ်

မျက်နှာကိုစွတ်ထားတဲ့အ၀တ်ပိက်ကို ပါးစပ်ပေါ်အောင်လှန်ပြီး
မျက်နှာကိုမမြင်ရ မြန်မာတယောက်ဘယ်သုမှန်းမသိဘူး

ထမင်းလာကျွေးတယ်၊
အဲ့ဒီနောက်မှာ ကုလားစကားပြန်ဝင်လာတယ်
မင်းသတ်လားအမှန်အတိုင်းပြော
မပြောရင်မင်းတို့ဒီထက်နာမယ်။

မင်းတို့သွားတွေကို ပလာရာနဲ့နုတ်ပစ်မယ်၊
မျက်နှာကိုခြေထောက်နဲ့ကန်တယ်။
ဒီမှာလူသတ်တဲ့ပုံစံသိတယ်မို့လား

တပိုင်းစီပိုင်းပြီး အင်္ဂတေနဲ့လောင်းရေထဲမြုတ်ပစ်လိုက်မယ်
ဝန်ခံရင်တော့ မင်းတို့သက်သာမယ်
ငါတို့လဲကူပေးမယ်ဆိုပြီးပြောပါတယ်။

နောက်တရက်လဲအဲ့ဒီမှာဘဲထားပြီး ခြိမ်းခြောက်တယ် မင်းတို့ဟာတရားဝင်လာနေတဲ့သူတွေမဟုတ်ဘူး
အချိန်မရွေးသတ်ပြီး ကျောက်တုံးနဲတွဲမြုတ်လိုက်မယ်လို့ခြိမ်းခြောက်ပြီးဝန်ခံစေပါတယ်

ပေါက်တူးနဲ့ရိုက်ပြီးသတ်တယ်လို့ပြောစေပါတယ်
ကျွန်တော့်ကိုလာဖမ်းတော့ ၃၀ ရက်နေ့ပါ

လစာကနောက်တနေ့ထုပ်ရမှာ
အဖမ်းခံရလို့မထုတ်လိုက်ရဘူး။

ဟုတ်ကဲ့ ပထမတခါတုံးကဖြေစဉ်မှာ
ဝိုင်ပုလင်းနဲ့ရိုက်တယ်ဆိုတာမဟုတ်ပါဘူး ကျွန်တော့်တို့လုပ်ကြံပြောခိုင်းလို့ပြောတာပါ။

ထူးချစ်


မြန်မာလူငယ်နှစ်ဦးအာမခံရရှိရေး
ထိုင်းဘတ်ငွေ( ၁၀ )သန်း
ထိုင်းသူဌေး လေးဦးမှထောက်ပံမည် ။

ထိုင်းနိုင်ငံရှေ့နေ များကောင်စီက မြန်မာ
လုပ်သား နှစ်ဦး၏ အမှုကို ၎င်းတို့အဖွဲ့မှ
စစ်ဆေးမှုအထူးကျွမ်းကျင် ၁၂ ဦး ဖြင့်စုံစမ်းဖော်
ထုတ်သွားမည်ဖြစ် ကြောင်း
အဆိုပါကောင်စီက
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့်
တွေ့ဆုံစဉ် ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက်တွင်ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များသည် မြန် မာလုပ်သားနှစ်ဦး၏ အမှုကို
စစ်ဆေးရန်အတွက် လူဦးရေ ၁၇ ဦး ဖြင့် ဖွဲ့စည်းထားပြီး
ကောင်စီ၏ စရိတ်ဖြင့် စုံစမ်းဖော်ထုတ်ပေးသွားမည်ဟု
မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ထံ လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အခင်းဖြစ်ပွားတဲ့နေ့ ကတည်းက အမှုကို မသင်္ကာဖြစ်ခဲ့တာပါ။
ဘယ်လိုနည်းနဲ့ ကူညီပေးရမယ်ဆိုတာ စဉ်းစားနေတာပါ။
သံအမတ် ကြီးက ကူညီခွင့်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော် တို့အဖွဲ့က ဒီအမှုကို စစ်ဆေးဖို့ လူဦးရေ ၁၇ ဦးနဲ့
ဖွဲ့စည်းထားပါ တယ်။

အဲဒီထဲကမှ ဒီအမှုကို စစ် ဆေးဖို့အတွက်
ကျွမ်းကျင်တဲ့ရှေ့ နေ ၁၂ ဦးနဲ့ စစ်ဆေးသွားမှာပါ။
ကုန်ကျစရိတ်တွေလည်း ပေးစရာ မလိုပါဘူး’’ဟု
ထိုင်းနိုင်ငံရှေ့နေ များကောင်စီ ဥက္ကဋ္ဌက
သံအမတ် ကြီး ဦးဝင်းမောင်အား ပြောသည်။

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီသည်
အောက်တိုဘာ ၂၁ရက်က ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာလုပ်သား နှစ်ဦးအား
စစ် ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ကြောင်း
အဆိုပါကောင်စီဥက္ကဋ္ဌ က ပြောသည်။

‘‘ကျွန်တော်တို့အဖွဲ့အစည်း က အစိုးရနဲ့လည်း
အမှီအခိုကင်း သလို ရဲတပ်ဖွဲ့နဲ့
လည်း အမှီအခို ကင်းပါတယ်’’ဟု
ထိုင်းနိုင်ငံရှေ့ နေများကောင်စီ ဥက္ကဋ္ဌက
ဆက်လက်ပြောကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးအား အာမခံရရှိရန်
လုပ်ဆောင်သွားမည်ဖြစ်ပြီး
အာမခံရရှိရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀ သန်းနှင့်
ထိုင်းနိုင်ငံ သူဌေးလေးဦး
က အာမခံပေးရမည်ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ
ဦးကျော်သောင်းကပြောသည်။

ထိုင်းနိုင်ငံရှေ့များကောင် စီနှင့်
ထိုင်းနိုင်ငံလူ့အခွင့်ရေးရာ ကောင်စီတို့သည်
ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးတို့၏
မိဘများနှင့် တွေ့ဆုံခဲ့ပြီး အတတ်နိုင်ဆုံး
ကူညီ မှုများ ဆောင်ရွက်ပေးသွားမည် ဟု ကတိပေးသွားခဲ့သည်။

ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး၏ မိဘ များ ထိုင်းနိုင်ငံလေဆိပ်သို့ ရောက်ရှိလာချိန်တွင်
ထိုင်းနိုင်ငံအခြေ စိုက် မီဒီယာများနှင့် ပြည်ပမီဒီယာ များမှ
သတင်းထောက်၁၀၀ ၀န်း ကျင်လာရောက် သတင်းယူခဲ့ကြ သည်။

အဆိုပါ သတင်းထောက် များသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့ သတင်းယူရန် စောင့်ဆိုင်း
နေသည်ကို တွေ့မြင်ရသည်။

                           မြူ နှင်း(အေးရိပ်ငြိမ်)
   

Inga kommentarer:

Skicka en kommentar