အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 26 oktober 2014

မျက်နှာဖုံးစွပ်လူငယ်များ ရန်ကုန်မှာ လှုံ့ဆော်စာဖြန့် .

မျက်နှာဖုံးစွပ်လူငယ်များ ရန်ကုန်မှာ လှုံ့ဆော်စာဖြန့်


တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ဗဟန်းရွှေဂုံတိုင်မှာ မျက်နှာဖုံးစွပ်လူငယ်များက လူထုတော်လှန်ရေးကြီး စတင်ကြ ဆိုတဲ့ လှုံ့ဆော်စာတွေကို တံတားပေါ်တက်ပြီး ကြဲချခဲ့ကြတာ တွေ့ရပါတယ်။

မွန်ပြည်နယ်အတွင်း စစ်တပ်က  ဖမ်းဆီးစစ်ဆေးနေသူ ကိုပါကြီး ပစ်သတ်ခံရမှုကြောင့် ဘောင်းဘီချွတ်အစိုးရရဲ့ တရားဥပဒေစိုးမိုးရေး၊ စစ်တပ်ရဲ့ အခန်းကဏ္ဍတို့ကို အကြီးအကျယ် မေးခွန်းထုတ်နေချိန်၊ ဆန္ဒပြနေကြချိန်မှာ ဒီလှုပ်ရှားမှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

မျက်နှာ အမြင်ခံပြီး ဆန္ဒပြနေတဲ့ ခေတ်မှာ မျက်နှာဖုံးစွပ်ဆန္ဒပြတဲ့  သူတို့ကို သံသယဖြစ်သူ အများအပြား ရှိနေပါတယ်။

ဆန္ဒပြရင် အဖမ်းသွက်တဲ့ အာဏာပိုင်တွေကတော့ သူတို့တွေ ဘယ်သူဘယ်ဝါ ဖြစ်နိုင်တယ် ဆိုတာ ခန့်မှန်းနိုင်ရင်တာင်မှ သူတို့ကို အရေးယူရေး ဆိုတာက ပုံမှန်နည်းလမ်းတွေ သုံးဖို့ ခက်ပါလိမ့်မယ်။

အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒီလို ဆန္ဒပြနည်းက အများရဲ့အာရုံစိုက်မှုကိုတော့ သေချာပေါက် ရနေပါတယ်။

                   မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar