ပျောက်ဆုံးနေသောရဟတ်ယာဉ်ကိုသုံးရက် ကြာ သည့် တိုင် ရှာမတွေ့သေး
Posted by
- ခါကာဘိုရာဇီတောင်ထိပ်သို့ တက္ကသိုလ်များ ခြေလျင်နှင့် တောက်တက်အသင်း (သဘာဝခေါ်သံဖောင်းဒေးရှင်း) တောင်တက်အဖွဲ့မှ ဝေယံမင်းသူ၊ အောင်မြင့်မြတ်၊ ဟန်လင်းထွန်း၊ ကျော်ထွန်းနိုင် ၊ မျိုးညွန့်သန်း၊ မောင်မောင်ပြည့်စုံ၊ ဇော်ဇင်ခိုင်၊ ဇေယျာထွန်းတို့ (၈)ဦးသည် မြန်မာလူမျိုးသီးသန့်အဖြစ် ပထမဆုံးတက်ရောက်ရန် ၂၀၁၁ ခုနှစ်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့။

ပျောက်ဆုံးနေသော ရဟတ်ယာဉ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ပြင်ဆင်နေစဉ် (ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း)
ရန်ကုန် –
တောင်တက်သမားနှစ် ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ် ပျောက်ဆုံးသွားသော B4
ရဟတ်ယာဉ်သည် သုံးရက်ကျော် ကြာသည့်တိုင် ရှာဖွေမတွေ့သေး ကြောင်း ထူးဖောင်ဒေး
ရှင်း က သ တင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၉
ရက်တွင် ဒေသခံတစ်ဦးက နောင်မွန်းမြို့ နယ်အကျော်၊ ဂါထုရွာအနီးတွင်
လေယာဉ်တစ်စီးထိုးကျသွားသည် ဟု သတင်းပေးပို့ခဲ့သည့်အတွက်
သွားရောက်ရှာဖွေသော်လည်း မ တွေ့ရှိခဲ့ကြောင်း ထူးဖောင်ဒေး
ရှင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုး ကိုကိုက ပြောသည်။
‘‘အခုထက်ထိတော့
အခြေ အနေက မထူးခြားသေးဘူး။ မနေ့ က ဒေသခံတွေက သတင်းပို့လို့
သွားရှာဖွေခဲ့ပေမယ့် မတွေ့ရှိ သေးပါဘူး။ ရဟတ်ယာဉ်ရော တောင်တက်သမား
နှစ်ဦးကိုပါ အင်အားသုံးပြီးတော့ ဆက်ရှာနေ ပါတယ်’’ဟု ကိုဖြိုးကိုကိုက ပြော
သည်။
ခါကာဘိုရာဇီရေခဲတောင်
တွင် ပျောက်ဆုံးနေသည့် တောင် တက်သမားနှစ်ဦးကို ရှာဖွေကယ်
ဆယ်ရေးပြုလုပ်နေသည့် ထိုင်း နိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည်
တဟွန်ဒမ်းရွာ သို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀
မိနစ်တွင် ပူတာအိုမှထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာတွင် အဆက်အသွယ်ပြတ်
တောက်သွားခဲ့ရာ စက်တင်ဘာ ၃၀ ရက်အထိ ပျောက် ဆုံးနေဆဲ ဖြစ်သည်။
ကယ်ဆယ်ရေးရဟတ်ယာဉ်
တစ်စီးမှာ အီတလီရဟတ်ယာဉ် မှူးတစ်ဦး၊ အီတလီကယ်ဆယ် ရေးအဖွဲ့ဝင်
နှစ်ဦးလိုက်ပါပြီး နောင်မွန်းဧရိယာနှင့် ကယ်ဆယ် ရေးအစီအစဉ်ရေးဆွဲထားသည့်
လမ်းကြောင်းအတိုင်း ရှာဖွေကယ် ဆယ်ရေးများဆောင်ရွက်လျက်ရှိ ကြောင်း စက်တင်ဘာ
၃၀ ရက်တွင်ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
B4
ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ၊
မြန်မာလူမျိုးရ ဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး နှင့် ထူးဖောင်ဒေးရှင်းနာယက
ဦး တေဇ၏ ကိုယ်ရေး လက်ထောက် ဖြစ်ပြီး ကျွမ်းကျင်တောင်တက် သမား
ဦးနမားဂျွန်ဆင်၏ တူဖြစ် သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်
လိုက်ပါသွားခဲ့သည်။
ထို့အတူ
ခါကာဘိုရာဇီ တောင်တက်ခဲ့သော တောင်တက် သမားနှစ်ဦးပျောက်ဆုံးနေသည် မှာ ရက်
၃၀ ကြာမြင့်လာပြီဖြစ် သော်လည်း လက်ရှိအချိန်ထိမ တွေ့ရှိသေးဘဲ အမြင့်ပေ
၁၆၂၀၀ တွင် ပျောက်ဆုံးတောင်တက်သ မားတို့ ချန်ရစ်ခဲ့သည့် အိတ်အနီ
တစ်လုံးနှင့် အမြင့်ပေ ၁၇၃၀၀ ၌ ကျောပိုးအိတ်အပြာတစ်လုံး တို့ကို
တွေ့ရှိခဲ့သည်။ ထိုအိတ်နှစ် လုံးကို ထူးဖောင်ဒေးရှင်းက ပူတာ အိုမြို့တွင်
ဒေသအာဏာပိုင်များ ရှေ့၌ ဖွင့်လှစ်ကြည့်ရှုစစ်ဆေး ပြီး ဒေသအာဏာပိုင်များ လက်
ဝယ်သို့ အပ်နှံခဲ့သည်ဟု ဆိုသည်။
တက္ကသိုလ်
ခြေလျင်နှင့် တောင်တက်အသင်း (သဘောဝ ခေါ်သံဖောင်ဒေးရှင်း)မှ တောင်
တက်အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကို အောင်မြင့်မြတ်နှင့် ကိုဝေယံမင်း သူတို့သည်
သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီက ခါကာဘိုရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ
တက်ရောက်နိုင်ခဲ့ပြီးနောက် အ ဆက်အသွယ်ပြတ်တောက်သွား ခဲ့ခြင်းဖြစ်သည်။
တောင်တက်သမားနှစ်ဦးကို
နမားဂျွန်ဆင်ဦးဆောင်သော မြေ ပြင်ရှာဖွေရေးအဖွဲ့၊ ထူးဖောင်ဒေး ရှင်းမှ
ဧ၀ရတ်တောင်တက်ရောက် ရန် လေ့ကျင့်ထားသည့် တောင် တက်သမားများအပြင် တရုတ်
နိုင်ငံ၊ ထိုင်း၊ နီပေါ၊ အမေရိကန် နှင့် အီတလီနိုင်ငံတို့မှလည်း
ရှာဖွေရေးလုပ်ဆောင်နေပြီး တပ်မ တော်သားများ၊ နယ်မြေခံရဲတပ် ရင်းမှ
တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများကလည်း ရှာဖွေရေး လုပ်ဆောင်လျက်ရှိကြောင်း
ထူး ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
ပျောက်ဆုံးတောင်တက်သ
မားနှစ်ဦးကို ရှာဖွေရန် ခါကာဘို ရာဇီရေခဲတောင်တက်ရောက် မည့်
ဂျပန်နိုင်ငံတောင်တက်အဖွဲ့ ကို ပျောက်ဆုံးတောင်တက်သ မားများ တက်ရောက်သည့်
လမ်း အတိုင်း တက်ရောက်၍ ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နှင့်
ထပ်မံတက်ရောက်မည့် အမေ ရိကန်တောင်တက်အဖွဲ့များကို လည်း
ရှာဖွေရေးလုပ်ငန်းတွင် ပူး ပေါင်းလုပ်ဆောင်နိုင်ရန် စီစဉ် လျက်ရှိသည်ဟု
ဆိုသည်။
- ခါကာဘိုရာဇီတောင်ထိပ်သို့ တက္ကသိုလ်များ ခြေလျင်နှင့် တောက်တက်အသင်း (သဘာဝခေါ်သံဖောင်းဒေးရှင်း) တောင်တက်အဖွဲ့မှ ဝေယံမင်းသူ၊ အောင်မြင့်မြတ်၊ ဟန်လင်းထွန်း၊ ကျော်ထွန်းနိုင် ၊ မျိုးညွန့်သန်း၊ မောင်မောင်ပြည့်စုံ၊ ဇော်ဇင်ခိုင်၊ ဇေယျာထွန်းတို့ (၈)ဦးသည် မြန်မာလူမျိုးသီးသန့်အဖြစ် ပထမဆုံးတက်ရောက်ရန် ၂၀၁၁ ခုနှစ်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့။
- ၂၀၁၄ ဇူလိုင်လ ၂၆ ရက်တွင် တောင်တက်အဖွဲ့မှာ ကချင်ပြည်နယ်၊ ပူတာအိုသို့ ထွက်ခွာ။
- သြဂုတ် ၁၁ ရက်တွင် တောင်တက်အဖွဲ့ဝင်များ တဟွန်ဒမ်ရွာသို့ ရောက်ရှိ။
- သြဂုတ်လ ၂၁
ရက်တွင် အဖွဲ့ဝင် အောင်မြင့်မြတ်နှင့်ဝေယံမင်းသူတို့က တောင်ထိပ်သို့
တက်ရောက်။ ကျန်ခြောက်ဦးက တောင်ခြေစခန်းမှ ရိက္ခာထောက်ပံ့။
- ဆယ်ရက်အကြာ
သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီ ၁ မိနစ်တွင် တောင်ထိပ်သို့ရောက်ရှိခဲ့ကြပြီး
နိုင်ငံတော်အလံနှင့် တောင်တက်အဖွဲ့အလံကို လွှင့်ထူနိုင်ခဲ့သည်ဟု
သတင်းပို့ခဲ့ကြောင်း အသင်း က ထုတ်ပြန်ခဲ့။ ထို့နောက်အဆက်အသွယ်လိုင်းများ
ပြတ်တောက်။
-
၎င်းတို့နှစ်ဦးနှင့် နာရီ ၁၀၀ ကျော် အဆက်အသွယ်ပြတ်တောက်နေပြီဟု စက်တင်ဘာ ၅
ရက်တွင် သတင်းများထွက်ပေါ်ခဲ့။ သို့သော် အသင်းက အတည်မပြုခဲ့။
- စက်တင်ဘာ ၉
ရက် နံနက်တွင် ယင်းတောင်တက်သမားနှစ်ဦး တောင်ခြေစခန်းသို့ ပြန်ရောက်လာပြီး
နောက်ချန်အဖွဲ့နှင့် ပြန်ပေါင်းကာ တဟွန်ဒမ်းရွာသို့ ပြန်လာကြပြီဟု
သတင်းများ ထွက်ပေါ်ခဲ့။
- စက်တင်ဘာ ၁၀ ရက်နေ့ နံနက်တွင်မူ တောင်တက်သမားနှစ်ဦးနှင့် အဆက်အသွယ်ပြတ်တောက် နေဆဲဖြစ်ကြောင်း အသင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့။
- စက်တင်ဘာ
၁၀ ရက် မွန်းလွဲတွင် ယင်းတောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် အသင်းဥက္ကဋ္ဌ
ဦးမျိုးသန့်နှင့် အဖွဲ့သည် ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ
ခြေလျင်နှင့် တောင်တက် အဖွဲ့ချုပ် နာယက စီးပွားရေးလုပ်ငန်းရှင်
ဦးတေဇဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်ဖြင့် ပူတာအိုသို့
ထွက်ခွာ။
- စက်တင်ဘာ ၁၁ ရက်တွင် တောင်တက်သမားနှစ်ဦး၏ မိသားစုဝင်များနှင့် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့များ ပူတာအိုသို့ ထွက်ခွာခဲ့။
- စက်တင်ဘာ ၁၂ ရက်တွင် ဦးတေဇပိုင်ရဟတ်ယာဉ်များနှင့် အတူ တပ်မတော် (လေ)မှ ရဟတ်ယာဉ်ဖြင့်လည်း ရှာဖွေမှုပြုလုပ်။
- စက်တင်ဘာ
၁၃ ရက်တွင် ဘလူးစကိုင်းအမည်ရှိ တရုတ်နိုင်ငံမှ အကြီးဆုံးအရပ်သားကယ်
ဆယ်ရေးအဖွဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပူတာအိုသို့ ရောက်ရှိ။
- မြူများထူထပ်မှုကြောင့် ရဟတ်ယာဉ်ဖြင့် ရှာဖွေမှုများ မပြုလုပ်နိုင်ခဲ့။
- စက်တင်ဘာ
၁၆ ရက် နေ့လယ်ပိုင်းတွင် ဘလူးစကိုင်းအဖွဲ့မှ တရုတ်နိုင်ငံသို့
ပြန်လည်ထွက်ခွာ ခဲ့ပြီး တိဗက်မှနေ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်မည်ဟု
သတင်းထုတ်ပြန်ခဲ့။
- စက်တင်ဘာ
၁၇ ရက် နံနက်တွင်ထိုင်းနိုင်ငံ၊ Advance Aviation မှ B4
ရဟတ်ယာဉ်တစ်စီးနှင့် ယခင်မဒွယ်ရေခဲတောင် မတော်တဆမှု ဖြစ်စဉ်တွင် ကယ်ဆယ်ရေး
ရဟတ်ယာဉ်မောင်းနှင် ခဲ့ဖူးသည့် အတွေ့အကြုံရှိ ထိုင်းနိုင်ငံသား
ရဟတ်ယာဉ်မောင်းနှစ်ဦးဖြစ်သော Captain SOMKIAT KRATIP နှင့် Captain
CHAT-CHAWAL THANTHONG ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရန် ပူ တာအိုသို့
ရောက်ရှိ။
- စက်တင်ဘာ
၁၉ ရက်တွင် ဂန်လမ်ရာဇီတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်ဖူးသည့်
အမေရိကန်နိုင်ငံမှ ကယ်ဆယ်ရေး တောင်တက်အဖွဲ့ခေါင်းဆောင် အန်ဒီတိုင်ဆန်နှင့်
အဖွဲ့ဝင်တစ်ဦးရောက်ရှိ။
- စက်တင်ဘာ
၁၉ ရက် နီပေါ နိုင်ငံမှ တောင်တက်ကယ်ဆယ်ခြင်း လုပ်ငန်းများကို
ကျွမ်းကျင်သည့် ရဟတ်ယာဉ်မောင်းနှစ်ဦးနှင့် ဧ၀ရက်တောင်ထိပ်
တက်ရောက်သူများကို လမ်းပြပေးခဲ့သည့် ကျွမ်းကျင်တောင်တက်သမား
နှစ်ဦးရောက်ရှိ။
- စက်တင်ဘာ
၂၁ ရက်တွင် ပျောက်ဆုံးတောင်တက်သမား နှစ်ဦးနှင့် ပတ်သက်၍ တက္ကသိုလ်
ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)မှ
သတင်းစာရှင်းလင်းပွဲပြုလုပ်။
- စက်တင်ဘာ
၂၁ ရက် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇက စက်တင်ဘာလ ၂၇ ရက်အထိ Target Date ထား၍
ရှာဖွေခြင်းလုပ်ငန်းကို အပြည့်အ၀ အင်အားဖြည့် ဆောင်ရွက် သွားမည်ဟု
ကြေညာခဲ့။
- စက်တင်ဘာ ၂၃ တွင် ကယ်ဆယ်ရေးအဖွဲ့သည် ပေပေါင်း ၁၃၂၀၀ အမြင့်ရှိသည့် Base Camp သို့ ရောက်ရှိ။
- စက်တင်ဘာ
၂၅ ရက်တွင် မြေပြင်ကယ်ဆယ်ရေးအဖွဲ့သည် ရာသီဥတုဆိုးရွားသော်လည်း ပေ ပေါင်း
၁၇,၀၀၀ အထိ တက်ရောက်ရှာဖွေခဲ့။ ပျောက်ဆုံး တောင်တက်သမားများ တက်ရောက်
ခဲ့သည့် လမ်းကြောင်းပေါ်တွင် တည်ရှိသော စခန်းအမှတ် ၃ တွင် ကျောပိုးအိတ်
တစ်လုံး၊ တွေ့ရှိ။
- စက်တင်ဘာ ၂၇ ရက် နံနက်တွင် ပေပေါင်း ၁၇,၀၀၀ အထက်၌ ပျောက်ဆုံးတောင်တက်သမား နှစ်ဦးအသုံးပြုသည့် အိတ်အပြာရောင်တစ်လုံးကို တွေ့ရှိခဲ့။
- စက်တင်ဘာ
၂၇ ရက်နေ့လည် ၂ နာရီ ၂၀ မိနစ်တွင် ထိုင်းနိုင်ငံ Advance Aviation မှ B4
ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာသို့ ရိက္ခာပို့ရန် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ်
၂၀ အကြာတွင် အဆက်အသွယ်ပြတ်တောက်။
- စက်တင်ဘာ
၂၈ ရက်တွင် ပျောက်ဆုံးတောင်တက်သမား နှစ်ဦးကို ရှာဖွေရာတွင်
ပူးပေါင်းလုပ်ဆောင်ရန် အီတလီနိုင်ငံသားသုံးဦးနှင့် နီပေါလူမျိုးတစ်ဦးတို့
ရောက်ရှိ။ တရုတ်ကယ်ဆယ်ရေး အဖွဲ့မှ ကျွမ်းကျင်ကယ်ဆယ်ရေးသမားနှစ်ဦး
ထပ်မံရောက်ရှိခဲ့။
- စက်တင်ဘာ
၂၉ ရက်တွင် ဒေ သခံတစ်ဦးက နောင်မွန်းမြို့နယ် အကျော်ဂါထုကျေးရွာတွင်
လေယာဉ်တစ်စီးထိုးဆင်းသွားသည်ကို မြင်တွေ့သည်ဟု သတင်းပေးပို့ခဲ့။
ယင်းနေရာသို့ သွားရောက်ရှာဖွေခဲ့ သော်လည်း မတွေ့ရှိသေး။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar