စင်ကာပူ၏ပထမဆုံးသမ္မတနာမည်ဖြင့်ဗလီ အသစ် တလုံး ဆောက်ပြီး ဂုဏ်ပြု မည်
M-Media
စင်္ကာပူနိုင်ငံ၏
ပထမဆုံး သမ္မတဖြစ်သူ ယူစွတ်ဖ်ဘင်အစ္စဟက် အား ဂုဏ်ပြုသောအားဖြင့်
လုပ်ဆောင်သွားမည့်အစီအစဉ်များကို နည်းပညာတက္ကသိုလ်၏ ပင်မခန်းမဆောင်တွင်
ကျင်းပသော (၂၀၁၄)အမျိုးသားနေ့ အထိမ်းအမှတ်ပွဲ ပထမညဥ့် (တနင်္ဂနွေနေ့ညဥ့်) ၌
ဝန်ကြီးချုပ် လီရှန်လွန်းမှ ထုတ်ဖော်ပြောကြား လိုက်သည်။
စင်္ကာပူ၏
သမိုင်းအပြောင်းအလဲကာလများ အတွင်း သူ၏ စွမ်းဆောင်မှုနှင့်
အနစ်နာခံမှုများအပေါ် ဗလီဝတ်ကျောင်းတစ်လုံး၊ ပါရဂူဘွဲ့တစ်ရပ်နှင့် သုတေသန
စင်တာတစ်ခုအား သူ့အမည်ဖြင့် ကင်ပွန်းတပ်သွားမည်ဟု ဆိုသည်။
စင်္ကာပူနိုင်ငံသည်
(၁၉၅၉)ခုနှစ်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရခဲ့ပြီး၊ မစ္စတာ ယူစွတ်ဖ်သည်
(၁၉၆၅)ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏ ပထမဦးဆုံးသမ္မတဖြစ်လာခဲ့သည်။
မစ္စတာယူစွတ်ဖ်သည် မလေး စကားဖြင့် သူမတူအောင် မိန့်ခွန်းပြောကြားနိုင်သူ၊
ပညာရေးအားဖြင့် တိုးတက်စေသူ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး
ခိုင်မာ အားကောင်းစေခဲ့သူဖြစ်ကြောင်း၊ သူကိုယ်တိုင်မှာ ဘာသာ တရား အလွန်
ကိုင်းရှိုင်းပြီး မွတ်စ်လင်မ် မဟုတ်သူများနှင့် အလွန်ချစ်ကြည်ရင်းနှီးစွာ
ဆက်ဆံခဲ့ကြောင်း၊ လူမျိုး/ဘာသာ/ယဉ်ကျေးမှုစုံ သဟဇာတ ယှဉ်တွဲနေထိုင်သော
ဗဟုဝါဒမူ စံနစ်များကို အခိုင် အမာ အားပေးခဲ့သူဖြစ်ကြောင်း မစ္စတာလီမှ
တခုတ်တရ ပြောကြား သွားသည်။
ယင်းပရိသတ်အတွင်း
မစ္စတာ ယူစွတ်ဖ်၏ ဇနီး ပူအန် နူးရ် အာအိရှဟ်လည်း ပါဝင်ခဲ့ရာ
သူမ၏(ကွယ်လွန်သူ) ခင်ပွန်း၏ ဂုဏ်ကျေးဇူးအားထုတ်ဖော်လျက် သူမကိုလည်း
ဝန်ကြီးချုပ်မှ ကျေးဇူး တင်ကြောင်း နှစ်သိမ့်အားပေးစကား ဆိုခဲ့သည်။
ဝန်ကြီးချုပ်၏
အဆိုအရ မစ္စတာ ယူစွတ်ဖ်နှင့် သူ၏ စံနမူနာတန်ဖိုး၊ ကျေးဇူးတရားများကို
စင်္ကာပူနိုင်ငံသား နောက်မျိုးဆက်အလီလီ ထာဝရအမှတ်ရနေစေရန်အတွက် Woodlands
တွင်ရှိသော ဗလီ သစ် တစ်လုံးအား Masjid Yusof Ishak ဟုလည်းကောင်း၊
စင်္ကာပူအမျိုးသားတက္ကသိုလ်(NUS)ရှိ ISEAS အဖြစ် ကျော်ကြားနေသော
အရှေ့တောင်အာရှရေးရာတက္ကသိုလ်အား Yusof Ishak Institute ဟုလည်းကောင်း၊ NUS
မှပေးအပ်မည့် နိုင်ငံရေး သိပ္ပံပါရဂူဘွဲ့ကို Yusof Ishak Professorship
ဟုလည်းကောင်း ကင်ပွန်းတပ်သွားမည်ဖြစ်သည်။
Ref : Straits Times
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar