ရင်သားနှစ်ဖက်အားခွဲစိတ်၍ကိုကင်းများထည့် လာ သည့် အမျိုးသမီး ကို စပိန်လေဆိပ် တွင် ဖမ်း မိ
ရင်သားနှစ်ဖက်အား ခွဲစိတ်၍ ၁ ဒသမ ၇ ကီလိုအလေးချိန်ရှိ ကိုကင်းများ
ထည့်လာသည့် ဗင်နီဇွဲလား အမျိုးသမီးတစ်ဦးကို စပိန်နိုင်ငံ မက်
ဒရစ်နိုင်ငံတကာ လေဆိပ်တွင် ဖမ်းမိလိုက်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ကိုလံဗီယာနိုင်ငံမှ
ရောက်ရှိလာခြင်းဖြစ်သည် ကိုကင်းစုစုပေါင်းတန်ဖိုးမှ ဒေါ်လာ ၁၂၀၀၀၀ (ပေါင်
၇၀၀၀၀) ခန့် တန်ဖိုးရှိကြောင်း သိရသည်။
အသက် ၄၃ နှစ်အရွယ်ရှိ ယင်းအမျိုးသမီးသည်
လေဆိပ်အကောက်အခွန်ဌာနသို့ ဖြတ်စဉ် မလုံမလဲ အမူအယာဖြစ်နေသောကြောင့် အရာရှိ
များက ၎င်း၏ ခရီးဆောင်အိတ်များအား ရှာဖွေခဲ့သော်လည်း ဥပဒေနှင့်မလွတ်ကင်းသည့်
ပစ္စည်းတစ်စုံတစ်ရာကို မတွေ့ရှိခဲ့သောကြောင့် သူမ ၏ ရင်ဘတ်အနေအထားမှာ
ပုံမှန်အနေအထားဖြစ်နေခြင်းအပေါ် မေးမြန်းသည့်အခါ ကိုကင်းများကို
ရင်သားအတွင်း ခွဲစိတ်ကာ ယူဆောင် လာကြောင်း ၀န်ခံခဲ့သည်။

ထို့နောက် ဆရာဝန်များက အဆိုပါအမျိုးသမီးကို ဆေးရုံသို့ ခေါ်ဆောင်ကာ ကိုကင်းများကို ခွဲစိတ်ထုတ်ခဲ့ခြင်းဖြစ်သည်။
မက်ဒရစ်နိုင်ငံတကာ လေဆိပ်တွင် ဇန်န၀ါရီ ၁
ရက်မှ ဇူလိုင် ၁၅ ရက်အထိ ပေါင် သန်း၂၀ ခန့် တန်ဖိုးရှိ ကိုကင်း ၄၉၃
ကီလိုဂရမ်ကို ဖမ်းဆီး မိခဲ့ကြောင်း သိရသည်။
Ref:Daily Mail
Ref:Daily Mail
Inga kommentarer:
Skicka en kommentar