မဒီနာမြို့တော်ဝန် ပြည်သူလူထုနှင့်အတူ တမန်တော်မြတ်ဗလီ၌ ၀ါဖြေခဲ့
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့က အစ္စလာမ်ဘာသာဝင်များရဲ့ ဒုတိယမြောက် အထွဋ် အမြတ် ထားရာ နေရာဖြစ်တဲ့ ဆော်ဒီ အာရေးဗီးယားနိုင်ငံ မဒီနာမြို့တော်ကြီးက မတ်စ်ဂျိဒိနဗ်ဝီ ဗလီ ၀တ်ကျောင်းတော်ကြီးမှာ ဆော်ဒီအာရေး ဗီးနိုင်ငံရဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ဦးဖြစ်တဲ့ မဒီနာမြို့တော်ဝန် လာရောက်၍ ၀ါဖြေခဲ့ပါတယ်။မွတ်စ်လင်မ်များရဲ့ အထွဋ်အမြတ်ထားရာ မတ်စ်ဂျိဒိနဗ်ဝီလို့ခေါ်တဲ့ တမန်တော် မိုဟမ္မဒ်ရဲ့ ဗလီကြီးရင်ပြင်တော်မှာ တည်ခင်းထားတဲ့ ဆွဖ်ဖရာပေါ်၌ သာမန်ပြည်သူများနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ မဒီနာမြိုတော်ဝန်ကြီးဟာ ဝါဖြေသွားခဲ့တာ ဖြစ်ပါတယ်။
မိမိရဲ့ ဂုဏ်ဒြပ်များ မည်မျှပင် ကြီးမားစေကာမူ ဘာသာရေးကိစ္စများ ဆောင်ရွက်ရာမှာတော့ လူသားအားလုံးဟာ တန်းတူရည်တူသာ ဖြစ်ကြောင်း အစ္စလာမ် သာသနာတော်က ပြဌာန်းထားတာကို မြို့တော်ဝန်ကြီးက လက်တွေ့ပြသလိုက်ခြင်းဖြစ်တယ်လို့ လေ့လာသူများက ဆိုပါတယ်။
ကျွန်မတို့မြန်မာပြည်မှာတော့ကွာတယ်နော် နဲနဲအာဏာရလာပြီဆိုရင်လူမထင်တော့ဘူးနော် အင်း.....တိုးတက်အုံးမယ်မြန်မာပြည်ကြီး မကြာသေးပါဘူးနော် ဘုရားပေါ်ကိုကားနဲ့ဖိနပ်နဲ့တက်တယ်ဆိုလား မပြောတော့ဘူးနော် ကိုယ့်ဟာကိုယ်သုံးသပ်တာဝေဖန်ပိုင်းခြား ဆုံးဖြတ်တာအကောင်းဆုံးပေါ့နော် အားလုံးကိုလေးစားလျက် မြူနှင်း
ဓာတ်ပုံရှင်းလင်းချက်
» မဒီနာမြို့တော်ရှိ တမန်တော်မြတ်ကြီးဗလီရဲ့ ရင်ပြင်တော်မှာ အများနှင့်အတူ
ထိုင်၍ ၀ါဖြေနေသော မဒီနာမြို့တော်ဝန်ကြီးနှင့် အစိုးရအရာရှိကြီးများ (၂၄-၇-၂၀၁၄) (ဓာတ်ပုံ - Almadinah Group)
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar