နိုင်ငံတော်သမ္မတကြီးသို့အိတ်ဖွင့်ပေးစာ
မိဘသဖွယ်ရိုသေလေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား 28.7.2014
သမ္မကြီးဦးဆောင်တဲ့
အစိုးရ တနည်းအားဖြင့်ပြည်သူလူထုရွေးကောက်တင်မြှောက် လိုက်တဲ့ အစိုးရ ဒီမီုကရေစီကိုဖေါ်ဆောင်
ပေးမဲ့ အစိုးရ တက်လာတော့ ပြည်သူအများ က၀မ်းမြောက်ဝမ်းသာကြိုဆိုကြ ပြည်သူတွေမမျှော်လင့်ထားတာတွေလုပ်ပြ
ယုံကြည် ခွင့်မရခဲ့တဲ့အခင်းကျင်းတွေ ဖန်တီးပြလိုက်တော့ ကြည်နှုးပီတိဖြစ်ရ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတွေ လွှတ်တော်တွေ ပေါ်လာ ပြည်သူ့အသံတွေနာခံ
ပြည်သူ့အကျိုး တွေဆောင်ရွှက်ပြလိုက်တော့ ကြေနပ်အားရစွာပါပဲ့ခင်ဗျား ဒါပေမယ့်ဒီကြေနပ်အားရမှု
တွေက ရေရှည်မခံလိုက်ပါဘူး သမ္မကြီးကကောင်းမွန်/သန့်ရှင်းတဲ့အစိုးရ
တည် ဆောက်နေပေမယ့် ကျွန်တော်တို့တနင်္သာရီတိုင်းအတွက်ဖြစ်မလာခဲ့ပါဘူး
ဖွဲ့စည်းပုံ ခြေခံဥပဒေအရ ဘယ်အုပ်ချူပ်ရေးမှာမှမပါတဲ့ တနင်္သာရီတိုင်း စစ်ဌာနချူပ်တိုင်းမှူး
အသက်ကြီးပြီးသုံးစားမရတဲ့ ရာထူးလည်းမတိုးဘဲ တနင်္သာရီတိုင်းမှာသောင်တင်နေတဲ့ ဗိုလ်ချူပ်ခင်မောင်ဌေးက
မြိတ် မြို့မှာ ရုံးထိုင်ပြီး အစိုးရအဖွဲ့တစ်ဖွဲ့ စင်ပြိုင်တစ်ထီးတစ်နန်းတည်ဆောက်နေပါတယ်။ လုံခြုံရေးကိုအကြောင်းပြပြီး ဌာနဆိုင်ရာနှင့်သူဌေးတွေကို
လွှမ်းမိုးပြီး ဌာနဆိုင်ရာညွန်ကြားချက်တွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ညွန်ကြားမှုတွေကို
ပြောင်းပြန်မှောက်ခုံ လှန်လှော နေပြီး စီးပွားရှာနေပါတယ် အထူးသဖြင့် မောတောင် နယ်စပ်စခန်းကိစ္စ
သစ်ထုတ်လုပ်ရေး ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း အစရှိတဲ့စီးပွား ရေးလုပ်ငန်းမှန်သမျှတွေမှာ
ပါ ၀င်ပြီးစီမံနေပါတယ် ၀န်ကြီးချူပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့က ချပေးလိုက်တဲ့လုပ်ထုံးလုပ်နည်းအညီခွင့်ပြုချက်ပါသော်လည်း
တိုင်းမှူးကခွင့်မပြုလို့ အခက်အခဲတွေကြုံနေကြ တိုင်းမှူးအိုကြီးဆီ လက်ဆောင်ပဏာပေးဆက်ရနဲ့
ဒုက္ခရောက်နေပြီး ကျွန်တော်တို့တနင်္သာရီတိုင်းဒေသကြီးဟာ တိုးတက်သင့်သလောက်မတိုးတက်ဖြစ်နေရပါတယ်၊
ကျွန်တော်တို့တိုင်းဒေကြီးအကျိုး ဖြစ်ထွန်းစေရန်
မြိတ်မြို့ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာချူပ်အစိုးရ အားဖယ်ရှားပေးစေလိုပါသည်၊
ဒါတင်မကသေးပါဘူး တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူ၏ရွေးချယ်ခံမဟုတ်တဲ့
(နယ်/လုံ)၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင် ကလည်း
အခုဆိုဝန်ကြီးချူပ်ကိုခြေရာတိုင်းတတ် ပုတ်ခတ်တတ်နေပါပြီ အပါတ်စဉ်ဌာနဆိုင်ရာတွေကို အစည်းအဝေးခေါ် (ထွေ/အုပ်၊စစစ၊သတင်းတပ်ဖွဲ့၊လ၀က၊ရဲ စတဲ့ဌာတွေ)ခေါ်ပြီး မအေနှမတပ်ပြီး ဆဲဆို အော်ဟစ်ကြီမ်းမောင်းနဲ့
ဌာနဆိုင်ရာတွေ လည်း မျက်ရည်နဲ့မျက်ခွက် မှုးလာပြီဆိုရင် မင်းတို့တိုင်းဝန်ကြီးချူပ်နဲ့
အရပ်သားဝန်ကြီးတွေဘာအဆင့်ရှိလို့လဲ၊ငါ့အောက်မှာ
လက်နက်ကိုင်အဖွဲ့တွေအားလုံးရှိတယ်၊ငါ့ကိုဘာမှတ်နေလဲ …….စတာတွေနဲ့ တောင်ပြောမြောက်ပြော ဒီမိုကရေစီအစိုးရရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ
အုပ်ချူပ်ရေးမှူး အခင်းအကျင်းကို ကလိလိုက်သရော်လိုက်နဲ့စော်ကားနေပါတယ်၊
ပြည်သူတွေနဲ့ တွေ့ရင်လည်း မင်းတို့ တနင်္သာရီတိုင်းသားတွေ သူခိုးတွေ သောက်သုံးမကျတဲ့ကောင်
တွေစတဲ့စကားလုံးတွေနဲ့ ပစ်ခတ်ပြီး ဒေသခံများကို ရိုင်းစိုင်းပြနေပါတယ်…………..ဒါ့အပြင်
လစ်ရင်လစ်သလို (န.တ.လ)ကန်ထရိုက်တွေ ဆီမှာ အလှူခံထွက်ပြီး ပန်းခြင်းတွေအလှူငွေတွေ ကိုရွားရိုးကိုးပေါက်
လိုက်လံကောက် ခံနေသည်မှာ အများအမြင်ပါ ၊ အဲဒီဒုက္ခတွေကိုကယ်တင်နိုင်ရန်ပြည်သူ့အကျိုး
ကို ဆောက်ရွှက်ပေးနိုင်တဲ့အစိုးရတစ်ရပ်တည်းသာထားရှိပေးနိုင်ပါရန်နှင့် ပြည်သူအများစီးပွါးလွတ်လပ်စွာ
ရှာဖွေနိုင်အောင် ဆောင်ရွှက်ပေးနိုင်တာဆိုလို့ သမ္မတကြီးဦးသိန်းစိန်နဲ့ ကာချူပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ပဲ့ရှိတော့တာမို့
အိတ်ဖွင့်ပေးစာနဲ့ အကူအညီတောင်းခံရတာပါခင်ဗျား၊
ကာချူပ်ကြီးခင်ဗျား…….ကျွန်တော်တို့တနင်္သာရီတိုင်းသားတွေအထက်ပါအတိုင်း
ဒုက္ခရောက်နေပါပြီ ကာချူပ်ကြီးရဲ့မွေးရပ်မြေဖွား တနင်္သာရီတိုင်းသားတွေ ကိုဒီဒုက္ခကနေ ကူညီကယ်တင်ပေးဖို့
သမ္မတကြီးထံ အိတ်ဖွင့် ပေးစာနဲ့ အတူ အကူအညီ တောင်းခံပါတယ်ခင်ဗျား။
သမ္မကြီးနဲ့
ကာချူပ်ကြီးကျမ်းမာသုခပြည့်စုံပါစေ
ဒုက္ခနွံထဲက
တနင်္သာရီတိုင်းသားများ
တိုင်းမှူးဖေ့စ်ဘုတ်မှမှုရင်းအတိုင်းကူးယူဖေါ်ပြပေးသည်။
Inga kommentarer:
Skicka en kommentar