အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 14 april 2014

အခုအမေစုဘွဲ့တွေရသလိုမြန်မာကလဲပေးခဲ့ဘူးတယ်။

အခုအမေစုဘွဲ့တွေရသလိုမြန်မာကလဲပေးခဲ့ဘူးတယ်။



တိုက်ပုံ၊ ခေါင်းပေါင်းနဲ့ ဟိုချီမင်း
Ho ChiMinh with Burmese dress


ဗီယက်နမ် ခေါင်းဆောင် ဟိုချီမင်း (၁၈၉၀ - ၁၉၆၉)
 ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း မြန်မာပြည်ကို လာရောက်ခဲ့ဖူးပါတယ်။ ၁၉၅၈ ခုနှစ်ကပါ။
သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်က ပေးအပ်တဲ့  ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ လက်ခံရယူခဲ့ပါတယ် တဲ့။

သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ဆိုင်ရာ ဓာတ်ပုံ ၃ ပုံကို အွန်လိုင်းမှာ တွေ့ရတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။
မြန်မာနဲ့ဗီယက်နမ်က မိတ်ဆွေနိုင်ငံတွေပါ။
ဗီယက်နမ်က ၁၉၅၄ မှာ ပြင်သစ်လက်အောက်က လွတ်ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ဗီယက်နမ်ကို
ပထမဆုံးရောက်သွားတဲ့ ပြည်ပခေါင်းဆောင်က အိန္ဒိယ၀န်ကြီးချုပ် နေရူး။ ဒုတိယ ရောက်သွားသူကတော့
 မြန်မာဝန်ကြီးချုပ် ဦးနု ဖြစ်ပါတယ်။
ဒီနှစ် မတ်လ  ဦးသိန်းစိန် ဗီယက်နမ်သွားတော့ ဟိုချီမင်း အထိမ်းအမှတ် ဗိမာန်မှာ ပန်းခွေချ အလေးပြုခဲ့ပါသေးတယ်။
ဗီယက်နမ်တို့က သူတို့ရဲ့အမျိုးသားခေါင်းဆောင်ကြီး  ဟိုချီမင်းကို ဦးလေးဟို လို့ ချစ်ခင်လေးစားစွာ ခေါ်ဆိုကြကြောင်း
ဖတ်ဖူးပါတယ်။
ဦးလေးဟိုအကြောင်း စာအုပ်ရေးသားပြုစုခဲ့ဖူးတဲ့ မြန်မာစာရေးဆရာ အနည်းဆုံး ၄ ဦး ရှိတဲ့အတွက် မြန်မာစာဖတ်ပရိသတ်က
 သူ့နဲ့ နီးစပ်ခဲ့ပါတယ်။ ထူးခြားချက်တွေထဲက တခုကတော့ အရပ်သားတယောက်လို နေထိုင် ပြုမူတာပါပဲ။
(အဲဒီအကြောင်း ဈေးကွက်ဂျာနယ် ဆောင်းပါးတပုဒ်မှာ ဖတ်ပါ။) အွန်လိုင်းမှာ ရှာကြည့်ရင် သူ့ရဲ့ ထင်းခွဲ၊ ရေခပ်၊ ငါးမျှားနေပုံတွေကို တွေ့ရမှာပါ။
 အစပိုင်းမှာ ဆိုခဲ့သလို ရန်ကုန်တက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးခဲ့တာပါ။ အဲဒီခေတ် ရန်ကုန်တက္ကသိုလ်ဟာ
အရှေ့တောင် အာရှမှာ ထိပ်တန်းတက္ကသိုလ်အဆင့် ရှိတဲ့အတွက် ဆုပေးသူအတွက်ရော ဆုလက်ခံယူသူအတွက်ပါ ဂုဏ်ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အီးမေးလ်ကိုပို့လာတာလေးပါ။

Inga kommentarer:

Skicka en kommentar