အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 7 april 2014

လှည်းကူးပဋိပက္ခတွင် ပါဝင်သူ၊ လှုံ့ဆော်သူဆယ်ဦးကျော် ဖမ်းဆီး

လှည်းကူးပဋိပက္ခတွင် ပါဝင်သူ၊ လှုံ့ဆော်သူဆယ်ဦးကျော် ဖမ်းဆီး



Author: ငြိမ်းချမ်း
http://www.7daydaily.com/story/8508#.U0IVolfTlG5
လှည်းကူးပဋိပက္ခတွင်ပါဝင်သူများကို ရဲတပ်ဖွဲ့ဝင်များက ဧပြီ ၄ ရက်ညက ဖမ်းဆီးနေစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ) လှည်းကူးမြို့ပဋိပက္ခတွင်ပါဝင်ခဲ့သူများ၊ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သူများကို ရဲတပ်ဖွဲ့က ဧပြီ ၄ရက် တစ်ညလုံး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၁၃ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ဧပြီ ၅ ရက်တွင် မြို့အခြေအနေ တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ဒီနေ့မှာ ဘာမှပြဿနာမ ဖြစ်တော့ပါဘူး။ အားလုံးတည်ငြိမ်နေပါပြီ။ ဈေးလည်းပုံမှန်အတိုင်းပြန်ဖွင့်နေပါတယ်’’ ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှရဲမှူးခင်မြင့်က ပြောသည်။ ဧပြီ ၄ ရက် ညနေ ၃ နာရီ ခန့်တွင် လှည်းကူးမြို့နယ် မြို့မ ဈေးအတွင်း အမိုးအကာကူရှင်ပြု လုပ်သည့် အရောင်းဆိုင်နှစ်ဆိုင် ဈေးအပြိုင်အဆိုင် ရောင်းချရာမှ စကားများပြီး ဘာသာခြားဆိုင်မှ လူငယ်သုံးဦးက အခြားဆိုင်ရှိ လူငယ်တစ်ဦးအား ကတ်ကြေးဖြင့် ထိုးခဲ့ရာ အမျိုးသားတစ်ဦး မျက်လုံးတွင် ဒဏ်ရာရရှိခဲ့ပြီး ယင်းကို မကျေနပ်သော မြို့ခံအချို့က လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု စတင်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ လှည်းကူးပဋိပက္ခ ပြဿနာ စတင်ဖြစ်ပွားရာတွင် ပါဝင်သူ ဘာသာခြားသုံးဦးအား ရဲတပ်ဖွဲ့ က ချက်ချင်းဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့သော်လည်း မြို့ခံလူ အချို့က ကျေနပ်မှုမရှိသောကြောင့် လူစုလူဝေးများဖြစ်ပေါ်ကာ မြို့လူထုက အကြမ်းဖက်မှု အသွင်ဆောင်လာခဲ့သည်။ ထို့နောက် ဗန်ဒါပင်လမ်းရှိ ကတ်ကြေးဖြင့်ထိုးသော လူငယ်၏ ဦးလေးပိုင် ဟူစင်အအေးနှင့် မုန့်မျိုးစုံဆိုင်ကို ဖျက်ဆီးမှုများ စတင်ပြုလုပ်ခဲ့သည်။ ထိုနေ့ညဦးပိုင်းအချိန်တွင် ဆူပူအကြမ်းဖက်ရန် ကြိုးစားနေ သော လူအုပ်ကြီးက ရဲတပ်ဖွဲ့များ ကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ လေးခွ တွင် သံလုံးများထည့်၍ ပစ်ပေါက် ခြင်းစသည်တို့ ပြုလုပ်ခဲ့သည်။ ထို့ နောက်ပိုင်းတွင် အဆိုပါ လူအုပ် ကြီးသည် ရဲကားများ၊ လမ်းဘေး ရှိ အိမ်များကိုဖျက်ဆီးခြင်း၊ ခဲ များဖြင့် ပစ်ပေါက်ခြင်းများ ပြု လုပ်လာသောကြောင့် ရဲတပ်ဖွဲ့ က ထိုလူအုပ်ကြီးကို လိုက်လံဖြိုခွင်းကာ ဖမ်းဆီးခဲ့သည်။ ထို သို့ဖြိုခွင်းဖမ်းဆီးမှု နှစ်ကြိမ်ပြု လုပ်ရာ ဆူပူအကြမ်းဖက်သူများ ဒဏ်ရာရရှိ၍ ဖမ်းဆီးခံခဲ့ရသူ အ နည်းဆုံးငါးဦးထက်မနည်း ရှိခဲ့ သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ည ၁၀ နာရီခွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် အရေး ပေါ် ဒေသန္တရအမိန့်အဖြစ် ည ၆ နာရီမှ နံနက် ၆ နာရီထိ လူငါးဦးထက်စုဝေး၍ အပြင်မထွက်ရန် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်လိုက်သောကြောင့် ည၁၁ နာရီအချိန်တွင် တည်ငြိမ်သွားခဲ့သည်။ သို့သော် ည ၁၂ နာရီတွင် လုံခြုံရေးယူထားသော ရဲအချို့ ပြန်သွားသောကြောင့်ဆူပူရန်လှုံ့ ဆော်သူ အမျိုးသား ၃၀ ခန့်သည် လမ်းမပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များအား လေးခွများဖြင့် ပစ်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို လိုက်လံဖမ်းဆီးရာ လေးဦး ဖမ်းဆီးနိုင်ခဲ့သည်။ လှည်းကူး ပဋိပက္ခဖြစ်စဉ်တွင် စုစုပေါင်း ဖမ်းဆီးရမိသူ ၁၃ ဦးထက်မနည်း ဖမ်းဆီးရမိသည်။ ‘‘လူဦးရေ ဘယ်နှယောက် ဖမ်းမိတယ်ဆိုတာတော့ သေချာ မသိသေးပါဘူး။ ဖမ်းဆီးထားသူတော့ ရှိပါတယ်’’ ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရုံးမှဒုရဲမှူးကြီးမင်း အောင်က ပြောသည်။ ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ပြဿနာစတင်ဖြစ်ပွားသော လှည်းကူးမြို့ ဈေးကြီးပုံမှန်အတိုင်း အရောင်းအ၀ယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ ‘‘ဒီနေ့တော့ ဘာဖြစ်သံမှမကြားပါဘူး။ ရဲတပ်ဖွဲ့တွေက တော့ ဈေးကြီးနားတွေမှာ လုံခြုံ ရေးယူထားပါတယ်။ မြို့ထဲမှာ လည်း ပုံမှန်အတိုင်းဖြစ်နေပါတယ်’’ ဟု လှည်းကူးမြို့မှ ကိုကျော်သီဟက ပြောသည်။ ညပိုင်းတွင်လည်း ပုဒ်မ ၁၈၈ ကို ဆက်လက်ထုတ်ပြန်ထားပြီး အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။

Inga kommentarer:

Skicka en kommentar