ကျဉ်းတာကိုကျယ်အောင်လုပ်သူ
သမ္မတရုံးကအဆိုပြုထားသော ဥပဒေကြမ်းအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးသည် ဗုဒ္ဓဘာသာဝင် အမျိုးသားနှင့်သာ လက်ထပ် ရမည်။ ဘာသာခြားအမျိုးသားများ အနေဖြင့် လက်မထပ်မီ ဗုဒ္ဓဘာသာသို့ တရားဝင်ကူးပြောင်းရန် လိုအပ်ပြီး ပျက် ကွက်ပါက ထောင်ဒဏ် ၁ဝ နှစ်နှင့် ပိုင် ဆိုင်သည့် ပစ္စည်းဥစ္စာအားလုံး သိမ်းဆည်းခံ ရမည်ဖြစ်သည်ဟု ယင်းထုတ် ပြန်ချက်တွင် ဆိုထားသည်။
အမှန်ကအစ္စလာမ်ဘာသာဝင်ကုလားတွေကိုရည်စူးတယ်ဆိုတာမြန်မာပြည်က...ကုလားရော
မြန်မာပါသိကြပါတယ်...
တကယ်လက်တွေ့မှာတိုက်ရိုက်ထိနေတာကဗုဒ္ဒဘာသာ+ခရစ်ယာန်ဘာသာလက်ထပ်
သူတွေပါ။ဥပမာအဆိုတော်ရေဗက္ကာဝင်းတို့လက်ထပ်တယ်...ယောကျာင်္းကဗုဒ္ဒဘာသာ
ဆိုတော့ဆွမ်းကပ်တော့လဲကန်တော့လိုက်တာပဲ...ဘုရားကျောင်းမှာလက်ထပ်တော့လည်း
သတို့သားက(အာမင်)လိုက်တာပဲ....အဆင်ကိုပြေနေတာပဲ...ဘယ်သူမှနစ်နာတယ်မထင်
ရဖူး။
ကုလားနဲ့မရစေချင်ရင်ကုလားမယူရပြဌာန်းလိုက်ပေါ့။
တရုတ်နဲ့ပါမရစေချင်ရင်တိုင်းရင်းသားအချင်းချင်းသာယူရမည်ဟုတဆင့်မြှင့်လိုက်ပေါ့။
ကျဉ်းရမှာကျယ်အောင်မလုပ်ပါနဲ့ ၀ီဝီစိန်ရယ်....
ဒီမို ဖက်တီး
"တစ်ကယ်တော့ 'မျိုးချစ်စိတ်' ဆိုတဲ့ စကားလုံးက နှာခေါင်းရှုံ့ပြီး ပြန်လည် တုန့်ပြန် ရမဲ့ စကားလုံးတော့ မဟုတ်ပါဘူး။ ထိုစကားလုံးကို သုံးစွဲသူတွေရဲ့ အမူအကျင့်ကြောင့် မျိုးချစ်စိတ်ဟာ ပြည်သူ့ချဉ်ဖတ် ဖြစ်သွားရတာပါ။ တနည်းပြော ရလျှင် လူကြောင့် မူဟာ နာမည် ပျက်သွားရတဲ့ သဘောပါ"
မောင်ကြည် (The Daily Eleven)
မျိုးချစ်စိတ် ဆိုတဲ့ စကားကို ဥပဒေထုတ်ပြန်ပြီး ကိုက်ညီမှ သုံးစွဲခွင့် ပြုရမဲ့ သဘောပါ။ မျိုးချစ်စိတ် ဘာသာ သာသာနာ ချစ်စိတ်ရှိတယ် ဆိုပြီး အမျိုး ဘာသာ သာသနာကို မီးကုန်ယမ်းကုန် ဖျက်ဆီးနေကြလို့ပါ ခင်ဗျာ။
( ကောင်းနိုင် )
Inga kommentarer:
Skicka en kommentar