အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 1 april 2014

ရွှေ့ပြောင်းခံအိမ်ခြေယာမဲ့ များအရေး အစိုးရနှင့်လွှတ်တော်တို့ သွေးအေးနေ

  ရွှေ့ပြောင်းခံအိမ်ခြေယာမဲ့ များအရေး အစိုးရနှင့်လွှတ်တော်တို့ သွေးအေးနေ



လတ်တလောဖြေရှင်းပေးရန်လိုနေသည့် ရွှေ့ပြောင်းခံအိမ်ခြေယာမဲ့ များအရေး အစိုးရနှင့်လွှတ်တော်တို့ သွေးအေးနေမှု မေးခွန်းထုတ်ခံရပြီ
*******************************************************
လတ်တလော ဖြေရှင်းရန်လိုနေသည့် ရွှေ့ပြောင်းခံ အိမ်ခြေယာခြေမဲ့များ၏ အရေးကို လွှတ်တော်နှင့် အစိုးရက လျင်မြန်စွာ ဖြေရှင်းမပေးဘဲ ကြန့်ကြာနေခြင်း အ ပေါ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက မေးခွန်း ထုတ်သည်။

ဒီမိုကရေစီ ၁ဝ ပါတီစုစည်းထားသည့် ဒီမိုကရေစီ မိတ်ဆွေများ ပါတီမှ ပြောရေးဆိုခွင့်ရှိသူက

”အပြန်အလှန် ထိန်း ကျောင်းမှုစနစ်ဆိုတာ အပြောပဲရှိတာလားလို့ ကျွန်တော် မေးကြည့်ချင်တယ်”ဟု ပြောသည်။

နေရာ အစားပြန်မပေးဘဲ အင်အားသုံးကာ ဖယ်ရှားသည့် နည်းလမ်းကိုသာ လုပ်ဆောင်နေသော အစိုးရနှင့် အစိုးရကို ထောက်ပြ ရမည့် လွှတ်တော် က ယနေ့အချိန်ထိ နှုတ်ဆိတ်နေမှုအပေါ် ၄င်းက မေးခွန်းထုတ် လိုက်ခြင်း ဖြစ်သည်။

ကျူးကျော်အိမ်ခြေတစ်သိန်းခန့် ရှိနေသည့် ရန်ကုန်တိုင်း ဒေသကြီးတစ်ခု တည်းမှာပင် ပြဿနာများအား အစိုးရက မဖြေရှင်းနိုင်သေးမှု အပေါ် လွှတ်တော် က ယနေ့ အချိန် အထိ ထောက်ပြမှုမရှိသေး ကြောင်း ၄င်းက ဆက်ပြောသည်။

ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံ မှန် အစည်းအဝေးတွင် အခြေအနေမဲ့နေ ထိုင်သူများ အရေးနှင့် ပတ်သက်၍ ပြည် ခိုင်ဖြိုး ပါတီမှ ရွှေပြည်သာ လွှတ်တော် ကိုယ် စားလှယ်၏ အမေးကို အစိုးရ၏ စီမံချက် များဖြင့် နောင်တွင် ပပျောက်သွားလိမ့်မည်ဟု သက်ဆိုင်ရာ ဝန်ကြီးဌာန က ဖြေ ရှင်းချက်ပြုခဲ့သည်။

သို့သော်လည်း ထိုဖြေရှင်းချက် အ ပြီး သင်္ဃန်းကျွန်း မိကျောင်း ကန်နှင့်လှည်း ကူးမြို့နယ် သမီးကလေး ကျေးရွာ ကျူး ကျော်မြေ ပြဿနာကို အစိုးရက အင်အား သုံး ၍ ဖြေရှင်းမှုသာ ပြုခဲ့သည်။

ထို့အပြင် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က အခြေအနေမဲ့ များနှင့်ပတ်သက်၍ မေးခွန်းမေးရန် ယခု လွှတ်တော် အစ လွန်ခဲ့ သည့် တစ်လကျော်က တင်ထားသော်လည်း ထိုမေးခွန်းမှာ ယခုအထိ မကျ၍ လွှတ် တော်အတွင်း ယခုလွှတ်တော် ကာလအ တွင်း မမေးနိုင်တော့ဟု ၄င်းက ပြောပြ သည်။

”ပထမတော့ အဆိုအနေနဲ့ပါပဲ။ နောက် မေးခွန်းပြောင်း ဆိုလို့ ပြောင်း လိုက်တာ မကျသေးဘူး” ဟု ဒေါက်တာ မျိုးအောင်က ဆက်ပြောသည်။

NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင် ဆွေကမူ ”လွှတ်တော်နည်း ဥပဒေ ၁၉ အရဆိုရင် လွှတ်တော် ဥက္ကဋ္ဌက မသင့် တော်ရင် ပယ်ချခွင့် ရှိတယ်။ ဒါကိုလည်း စောဒက တက် ခွင့်မရှိဘူးလို့ ဆိုထား တယ်။ ဒါဆို ဒီမေးခွန်းက လွှတ်တော်မှာ အရေး သိပ်မပါလို့ လက်မခံတာလား” ဟု သူ့အမြင်ကို ပြောသည်။

ဆက်လက်ပြီး ၄င်းက လယ်ယာ မြေများ ပြန်ပေးရန် အစိုးရနှင့် လွှတ်တော်က ပြောနေသော်လည်း အမှန်တကယ် အောက်ခြေတွင် လက်တွေ့မရ သေးသည့် ဥပမာ များရှိနေရာ တစ်ဖက်နှင့် တစ်ဖက်က လွှဲချနေသည် ဟုထင်ရကြောင်း မှတ်ချက်ပြုသည်။

”ပြည်သူတွေက ခံပြီးရင်းခံနေရတယ်လို့ပဲ ပြောချင်တော့တယ်”ဟု ဦးခင် မောင်ဆွေက ထပ်လောင်း ဆိုသည်။

 Popular Myanmar News Journal

Inga kommentarer:

Skicka en kommentar