စစ်တွေလည်းအ၀ီခံရပြီတာနဲ့ကြွတက်လာတော့တာပဲ။

စစ်တွေ မတည်ငြိမ်မှု ညမထွက်ရအမိန့် ထုတ်ပြန်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား လူအုပ်စုတွေက နိုင်ငံတကာ အဖွဲ့အစည်းရုံးခန်းတွေကို ခဲတွေနဲ့ ပစ်ပေါက်နေတာကြောင့် စစ်တွေမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ဂျာမနီနိုင်ငံက Malteser International လူမှုအဖွဲ့အစည်းရဲ့ တာဝန်ခံ အမည်မဖေါ်လိုသူတစ်ဦးက မနေ့က အဖြစ်အပျက်ကို အခုလို ပြောပြပါတယ်။
"လူတွေက အဲဒီအလံကို ဘာဖြစ်လို့ဖြုတ်တာလဲ၊ သူကပြောပြတယ်ပေါ့၊ အလံကိုဖြုတ်ရခြင်းက တစ်ခုတည်းပဲ၊ ငါတို့အဖွဲ့အစည်း NGO က Non-Political မို့လို့ ထောင်လိုက်လို့ရှိရင် အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမှာစိုးလို့ နိုင်ငံတကာ စည်းမျဉ်းဥပဒေအရ မထောင်တာပေါ့နော်၊ လူတွေက လက်မခံဘူးပေါ့နော်၊ ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့နော်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်ကို သပိတ်မှောက်တဲ့အနေနဲ့ အိမ်တိုင်းမှာ သာသနာ့အလံတွေ လွှင့်ထူထားကြတာဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကလည်း အလားတူ သာသနာ့အလံတွေ လွှင့်ထူကြတယ်လို့ သိရပါတယ်။
မနေ့က ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီပေးနေတဲ့ ဂျာမနီနိုင်ငံအခြေစိုက် Malteser International ရုံးတာဝန်ရှိသူတစ်ဦးက သူတို့ရုံးစိုက်တဲ့အိမ်မှာ ၀န်ထမ်းတစ်ချို့က သာသနာ့အလံ လွှင့်ထူထားတာကို အဖွဲ့အစည်း စည်းကမ်းနဲ့ မကိုက်ညီလို့ဆိုပြီး ဖြုတ်ချခဲ့ရာက စစ်တွေမြို့ ဒေသခံတွေနဲ့ အဖွဲ့အကြား ပဋိပက္ခစတင်ခဲ့ပြီး ဒီနေ့ညပိုင်းအထိ တခြားရုံးခန်းတွေကိုပါ လူအုပ်က ကျောက်ခဲတွေနဲ့ ပစ်ပေါက်သလို ရုံးပစ္စည်းတွေကိုလည်း ဖျက်ဆီးတဲ့အထိ ရှိနေတယ်လို့ သိရပါတယ်။
မနေ့ည သန်းခေါင်အချိန်လောက်မှာ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။ အရင်က ည ၁၂ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လက စတင်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဟာ အခုဆိုရင် ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာအန်ဂျီအို အဖွဲ့အစည်းတွေအထိ ကူးစက်ဖြစ်ပွားလာခဲ့ပြီ ဖြစ်ပါတယ်။
Aungmin Khant
မနေ့ညက စစ်တွေမြို.မှာရာနဲ့ချီတဲ့ရခိုင်တွေဟာ "မာတေဇာ" ဆိုတဲ့အင်ဂျီအိုရုံးကိုဝိုင်းပြီး သာသနာ့အလံကို မဖွယ်မရာ လုပ်တယ်လို(့စွတ်စွဲခံရတဲ့ )အမေရိကန်နိုင်ငံသူတစ်ယောက်ကိုထုတ်ပေးဖို့တောင်းဆိုရာက ရဲကနေ သေနတ်ပစ်ဖောက်ပြီး လူစုခွဲလိုက်ရတယ်။ဒီလို စွတ်စွဲခံရတဲ့အမျိုးသမီးတစ်ဦးကို အခုလို လူအုပ်နဲ့ဝိုင်းပြီး ထုတ်ပေးဖို့တောင်းဆိုလို့ ရဲတပ်ဖွဲ.က ထုတ်ပေးလိုက်ရင် အဲဒီအမျိုးသမီးရဲ.ကံကြမ္မာဘယ်လိုဖြစ်သွားနိုင်မလဲ? ဒီလို အမျိုးသမီးတစ်ယောက်ကို လူတွေရာချီပြီးတော့ ဝိုင်းတဲ့လုပ်ရပ်ကရော ဘယ်လိုအတွေးအခေါ် ဘယ်လို အဆင့်အတန်းလည်းဆိုတာလည်း စဉ်းစားစရာပါ။

Kyaw Min Swe
ကျနော်ပြောလို့မှ မဆုံးသေးဘူး။ စစ်တွေမှာ ပြဿနာဖြစ်ပြီ။ ဘယ်သူက အရင် စစ၊ ဘယ်ဖက်က အရင်လုပ်လုပ် ပြဿနာဖြစ်ရင် ဘယ်သူနစ်နာမယ်ဆိုတာ ပြောဖို့ လိုမယ်မထင်ဘူး။ ပြဿနာတက်နိုင်တဲ့ အရိပ်အယောင် တစ်ခုခုမြင်တာနဲ့ အတတ်နိုင်ဆုံး ပြေပြေလည်လည်ဖြစ်အောင်၊ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်၊ ပြဿနာပိုကြီးမသွားအောင် ခေါင်းအေးအေးထား တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြဖို့ လိုမယ်။
ကျနော် အဆုံးစွန်ပြောလိုက်မယ်။ ဒီ ၂၀၁၄ခုနှစ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အတောအတွင်း ပြဿနာ မတက်တက်အောင် ဆီလိုအပေါက်ရှာပြီး ဇာတ်လမ်းဆင်၊ ဇာတ်ကွက်ရိုက်ဖို့ ချောင်းနေတဲ့သူတွေ ရှိတယ်ဆိုတာ သိစေချင်တယ်။ အားလုံး သတိရှိကြစေချင်တယ်။ သွေးဆူဆူ၊ ဒေါသပူပူ၊ စိတ်ခံစားမှုပြင်းပြင်းနဲ့ တုံ့ပြန်ကြရင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်တာနဲ့ ကြုံကြလိမ့်မယ်။ နိုင်ငံတကာအလယ်မှာ မျက်နှာပျက်စရာ၊ အရှက်ရစရာ အဖြစ်တွေနဲ့ ထပ်တိုးနိုင်တယ်။ နိုင်ငံတကာမီဒီယာတွေမှာ အင်္ဂလိပ်လို ကြိုက်သလိုပြောနိုင် ဆိုနိုင်တဲ့သူတွေရဲ့ စကားနဲ့ လိုသလို ပုံဖော်တံဆိပ်ကပ်တာတွေနဲ့ တွေ့ရနိုင်တယ်။ ကျနော်တို့ သမိုင်းမှာ ဘယ်လောက် နစ်နာခဲ့ နစ်နာခံ လတ်တလော စိတ်ခံစားမှုနဲ့ တုံ့ပြန်လိုက်တာ တစ်ခုတည်းနဲ့ နာမည်ပျက်သွားတာမျိုး ဖြစ်သွားမယ်။ သိပ်ပြီး ရန်လို၊ အမျက်သိုတဲ့ အမြင်နဲ့ အရာအားလုံးကို မကြည့်ကြဖို့၊ အဓိပ္ပါယ်မကောက်ကြဖို့၊ ဘာသာမပြန်ကြဖို့ မေတ္တာရပ်ခံချင်တယ်။ ဒေါသထွက်လေ ရှုံးလေ ဖြစ်မယ်။
စနစ်တကျ ရေးထားတဲ့ ဇာတ်လမ်းတွေ နောက်ထပ် လာစရာရှိနေသေးတယ်လို့ အောက်မေ့ထားပြီး ကြုံလာတဲ့ ပြဿနာတိုင်းကို ဉာဏ်မျက်စိနဲ့ မြင်အောင်ကြည့်၊ သတိချွန်းအုပ်ပြီး အငြိမ်းချမ်းဆုံး၊ အပြေလည်ဆုံးနည်းနဲ့ ဖြေရှင်းကြဖို့ မေတ္တာရှေ့ထား သတိပေးပါရစေ။
ဒီနေ့ ညနေ(4)နာရီခွဲခန့် ကစစ်တွေမြို့ ရှိ ဒုက္ခသည်စခန်းများသို့ ရိက္ခာထောက်ပံ့ သော WFP ရုံအားမကျေနပ်သော၇ခိုင်များမှ ဥပဒေမဲ့ဝင်ရောက်ဖျက် ဆီးသဖြင့်ဥပဒေနှင့်အညီဝင်ရောက်ဖြေ ရှင်းပေးခဲ့ရပါသည် စစ်တွေမြို့ ရှိNGO အ ဖွဲ့အစည်းများအားဥပဒေမဲ့စွာလိုက်လံ ဖျက်ဆီးလုယက်မှု့ များအတင့်ရဲလာသဖြ င့်ဒီနေ့ ညကစတင်ပီးညနေ(6) နာရီ144 ထုတ်လိုက်ရ




Inga kommentarer:
Skicka en kommentar