အမျိုးဘာသာသာသ နာသမားတွေက ဘယ်ပုဒ်မကို ထောက်ခံခိုင်းနေ တာလဲ

Zarni Thway
ကျတော်မနေ့ကတော့ ၅၉ (စ)ကိုပြင်သည်ဖြစ်စေ
မပြင်သည်ဖြစ်စေ ဘာသာခြားတွေ သမ္မတလုပ်ရ
တယ်ဆိုတာကို ကျတော်အမြင်အနေဖြင့်ထောက်
ပြဝေဖန်ခဲ့ပါတယ်✏ ✏ ✏ ✏ ✏
ယခုလည်း ကျတော်ကပဲစေ့စေ့ပေါက်ပေါက်
လိုက်ကြည့်နေလို့လားတော့မသိဘူးဗျ………
ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉ မှာ ပုဒ်မခွဲတွေဖြစ်တဲ့
၅၉ (က)၅၉(ခ)၅၉(ဂ) ဃ၊င၊စ၊ဆ၊ အစရှိသဖြင့်
ပေါ့ဗျာ အဲဒီလိုရှိတဲ့ အနက် အမျိုးဘာသာသာသ
နာသမားတွေက ဘယ်ပုဒ်မကို ထောက်ခံခိုင်းနေ
တာလည်း။
ကျတော်ဒီလိုပြောရခြင်းဟာ ၂၆-၃-၂၀၁၄ ရက်
နေ့ ပုဂံ-ညောင်ဦးမှာ ပြုလုပ်တဲ့ အမျိုးဘာသာ
အဖွဲ့အစည်းကြီးရဲ့ ၅၉ ထောက်ခံပွဲကြီးကြောင့်ပါ။
အဲဒီညောင်ဦးမှာပြုလုပ်တဲ့ပွဲမှာ
ပုဒ်ခွဲများဖြစ်တဲ့ ၅၉ (စ) ၅၉ (က)အစရှိသဖြင့်မပါ
ပဲနဲ့ ၅၉ ထောက်ခံပွဲဆိုပြီး ထောက်ခံမဲဆွယ်သွား
ပါတယ်။
၅၉ ထောက်ခံပွဲဆိုတော့ ၅၉ ရဲ့ ပုဒ်ခွဲတွေပါထောက်
ခံခိုင်းတဲ့ အနေအထားဖြစ်နေတာကိုတွေ့ရပါတယ်။
ဒါဆိုရင် ကျတော်တို့လူတိုင်းသမ္မတဖြစ်လို့မရတဲ့
၅၉(ဃ)ကိုပါ ထောက်ခံခိုင်းသလိုဖြစ်နေပါတယ်။
၅၉(ဃ)မှာ သမ္မတ တစ်ယောက်ဟာ စစ်ရေးအမြင်
ရှိရမယ်လို့ပါပါတယ်။
ဒါဆိုရင် အမျိုးဘာသာသာသနာသမားတွေဟာ
ဦးသိန်းစိန်၊ဦးရွှေမန်း၊မင်းအောင်လှိုင်တို့ကိုပဲ
ထောက်ခံခိုင်းနေတာလား???
ဒါဟာ စဉ်းစားစရာတစ်ချက်ဖြစ်သလို
ဥပဒေနားမလည်သေးတဲ့ ပြည်သူကို နားလှည့်ပါး
ရိုက်နေတာများလား??ကျတော်တို့ပြည်သူတွေ
ဥပဒေနဲ့ ယဉ်ပါးမှုမရှိသေးပါဘူး…✔ ✔ ✔
နောက်ထပ်စဉ်းစားစရာကတော့
၂၆-၃-၂၀၁၄ ပုဂံ-ညောင်ဦး ငြမ်းကြည့်ကုန်းကွင်း
မှာ ပြုလုပ်သွားတဲ့ ၅၉ ထောက်ခံပွဲမှာ တက်
ရောက်သူတွေဟာ ညောင်ဦးသူ ညောင်ဦးသား
တွေ မဟုတ်ကြပဲ ရွာဘက်ကလူအချို့နဲ့ ပခုက္ကူ
ဘက်မှ လူတွေသာဖြစ်နေပါတယ် ညောင်ဦးသူ
ညောင်ဦးသား အယောက် ၂၀ လောက်တော့
တက်ရောက်ပါတယ်။
ကဲဒါဆို ပခုက္ကူဘက်ကို လှည့်လိုက်ရအောင်။
တက်ရောက်သူတွေဟာ
(1)ပခုက္ကူ ဘုမ္မရပ်ကွက်မှ မာဃ လူငယ်အဖွဲ့
ဖြစ်ပါတယ်။
(2)ပခုက္ကူ ဇက်ဆိပ်မှာ ကုန်တင်ကုန်ချပြုလုပ်နေ
သော အလုပ်သမားများဖြစ်ပါတယ်။
(3)အာယုသုခ နာရေးကူညီမှုအသင်းဖြစ်နေပါ
တယ်။
ထို ပခုက္ကူအဖွဲ့အစည်းကို တစ်ယောက် ၅၀၀၀
နှုန်းဖြင့် အဓိက ပံ့ပိုးသူမှာ အာယုသုခ အသင်းကို
တည်ထောင်ခဲ့သော နေနတ်သားဆေးတိုက်ပိုင်
ရှင် ကိုလှဝင်းနိုင် ကြံ့ခိုင်ရေး ဖြစ်ပါတယ်။
ထပ်မံပံ့ပိုးသူ မော်ပဒေသာစတိုး မှ ကိုဇာနည်
ကြံ့ခိုင်ရေးဖြစ်ပါတယ်။
အာယုသုခ အသင်းတည်ထောင်သူ နေနတ်သား
ဆေးတိုက်ပိုင်ရှင် ကိုလှဝင်းနိုင်မှာ ယခင် ၂၀၀၇
ရွှေဝါရောင်အရေးအခင်း ကာလ၌ ဗောဓိမဏ္ဍိုင်
ကျောင်းတိုက်မှ ချင်းဘုန်းကြီးကို ရေခဲစက်အတွင်း
မှ ဆွဲထုတ်၍ သတ်ဖြတ်ခဲ့သူဖြစ်နေပါတယ်။
ဘာတွေဖြစ်နေပြီလဲ မြန်မာပြည်ရဲ့နိုင်ငံရေးရယ်။
Inga kommentarer:
Skicka en kommentar