ကရင်အမျိုးသမီး အဖွဲ့နှစ်ခုက မျိုးစောင့်ဥပဒေ ကို ပယ်ချ
(( The Voice Weekly ))
ဦးသိန်းစိန်က ဥပဒေကြမ်း ရေးဆွဲရန် ညွှန်ကြားထားသည့် မျိုးစောင့်ဥပဒေ ဆိုင်ရာ ကိုးကွယ်ရာဘာသာ ကူးပြောင်းရေးဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေများကို အစိုးရက ပြဋ္ဌာန်းခြင်း မပြုရန် ကရင်အမျိုးသမီး အဖွဲ့နှစ်ခုက ထုတ်ပြန် တောင်းဆိုလိုက်သည်။
နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသမီး အစည်းအရုံး (KWO) နှင့် ကရင်အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (KWEG) တို့က မတ်လ ၈ ရက်နေ့ တွင် ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေများမှာ မြန်မာနိုင်ငံရှိ အမျိုးသမီးများ အားလုံးကို ပြက်ရယ်ပြု ထားခြင်း ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးအားလုံး မိမိလက်ထပ်မည့် သူကို ရွေးချယ်ရာ ၌ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း၊ ယင်းအတွက် အဆိုပါ ဥပဒေကြမ်းများကို ပယ်ချ ရန် လိုအပ်ကြောင်း ကရင်အမျိုးသမီး အဖွဲ့များက ထည့်သွင်း တောင်းဆို ထားသည်။
Inga kommentarer:
Skicka en kommentar