သံဃ အဖွဲ့အစည်းကို ဦးစွာ ပထမ ပြုပြင်သင့်
ဆရာတော် Ven Candima
သံဃ အဖွဲ့အစည်းကြီးဟာ အောက်ခြေကနေ ခေါင်အထိ ပျက်စီးချင်တိုင်း ပျက်စီးနေတာတွေ အများကြီးပါ။ လူပုဂ္ဂိုလ်တွေ မသိမမြင်ဘဲ ရဟန်းတော်ချင်းသာ သိမြင်တဲ့ ပျက်စီးမှုတွေလည်း ရှိနေပါတယ်။ ထင်ရှားတဲ့ ပြုပြင်စရာတွေကတော့ ရဟန်းတု ရဟန်းယောင်တွေ ပေါများလာတာ၊ လက်ဖက်ရည်ဆိုင်၊ ဈေး၊ ကားဂိတ်၊ ရထား ဘူတာ၊ ကားပေါ်၊ ရထားပေါ်တို့ကို သင်္ကန်းဝတ် အများအပြား အရက်ခိုးတွေ ဝေ့နေတဲ့ မျက်နှာတွေနဲ့ ဓားပြတိုက်သလို ပိုက်ဆံ အလှူခံနေတာ၊ မလှူရင်ပဲ ဖြစ်ဖြစ် လှူတာ နည်းရင်ပဲ ဖြစ်ဖြစ် ညစ်ညမ်းစွာ ဆဲဆို ကြိမ်းမောင်း သွား တာ၊ ဘောလုံးပွဲဒိုင်၊ ချဲဒိုင်ခံတာ၊ လူမြင်ကွင်း လက်ဖက်ရည်ဆိုင်တွေမှာ နေ့လွဲ ညစာတွေ ထိုင်စားတာ၊ အရက်သေစာ သောက်စားနေကြတာ၊ နယ်စပ်က သယ်ဆောင် လာတဲ့ ကားမှောင်ခိုသမားတွေဆီက ခေါက်ကြေး ပိုက်ဆံရ ယူပြီး မှောင်ခိုကားတွေ သယ်ပေး နေကြတာတွေ ဖြစ်ပါတယ်။..........
ဘုန်းတော်ကြီးတွေ အနေနဲ့ သံဃ အဖွဲ့အစည်းကို ဦးစွာ ပထမ ပြုပြင် ပြီးခါမှ လူ့အဖွဲ့အစည်းကို ပြုပြင်သင့်ပါတယ်.........
Inga kommentarer:
Skicka en kommentar