ဟိုလူကြီးကရာထူးအကြီးဆုံး
Kyaw Sann Thinn
ဒီခေတ်ကြီးမှာ
ဖာယားရေးကာလုပ်စားနေတာ
စီးပွားရေးတစ်ခုပဲဗျ
ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်အကျယ်ချုပ်ချထားစဉ်က
မြန်မာ့အလင်း ကြေးမှုံတို့ မှာ
ဆောင်းပါးရေးအပုပ်ချတဲ့သူတွေရှိခဲ့တယ်
ခုလို အိုင်တီခေတ် ဖွဘုတ်ကြီးမှာ
ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်ဖို့ 
ပြိုင်ဘက်ပါတီကိုထိုးနှက်ဖို့ 
နိုင်ငံရေးအတွက်ဘာသာရေးခုတုံးလုပ်ဖို့ 
စပွန်ဆာတွေပေးပြီးရေးခိုင်းကြမှာ
သေချာတယ်ဗျ
စစ်အာဏာရှင် ဖွတ်တွေနဲ့ 
အပေါင်းအပါတွေကို
ဖားယားရေးလိုက် ဖာခံရေးပေးလိုက်
Like လုပ်ပေးသူ
Comment ပေးသူ
Share ကြသူတွေနဲ့ 
အုပ်စုလိုက်အင်တိုက်အားတိုက်တွေ့ ရတာ
ဖဖာဖားစီးပွားရေးကော်ပရေးရှင်းလို့ 
အမည်သာတပ်ချင်တော့တယ်
မှတ်ချက်-
ဖဖာဖားစီးပွားရေးကော်ပိုရေးရှင်းမှာ
ဟိုလူကြီးကရာထူးအကြီးဆုံးဖြစ်မယ်။
Inga kommentarer:
Skicka en kommentar