အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 10 februari 2014

NGO၊ INGO များ ခုနစ်ရက်အတွင်း ထွက်ခွာပေးရန် မြောက်ဦးတွင် ဆန္ဒပြ

NGO၊ INGO များ ခုနစ်ရက်အတွင်း ထွက်ခွာပေးရန် မြောက်ဦးတွင် ဆန္ဒပြ


The Voice Weekly
ဘင်္ဂါလီ များကိုသာ တစ်ဖက်သတ် အကူအညီများ ပေးနေသည်ဟုဆိုကာ NGO၊ INGO များ ခုနစ်ရက်အတွင်း ထွက်ခွာပေးရန် ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒေသခံ ၁၀၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင် စီစဉ်သူ တစ်ဦးဖြစ်သူ ဦးထွန်းထွန်းက ပြောကြားသည်။

ဆန္ဒပြပွဲတွင် ဒေသခံ မဟုတ်သည့် NGO၊ INGOများ ခုနစ်ရက်အတွင်း ထွက်ခွာပေးရန်၊ အထူးသဖြင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ခုနစ်ရက်အတွင်း ထွက်ခွာရန်၊ White Card ကိုင် ဆောင်သူများကို ရွေးကောက်ပိုင်ခွင့်နှင့် မဲပေးခွင့် မပြုရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်များ အစားထိုး တပ်ဆင်ပေးရန်နှင့် ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေးကို တာဝန်ယူပေးရန် စသည့် အချက်များကို တောင်းဆိုခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

ဆန္ဒပြပွဲကို မြောက်ဦးမြို့ ရှစ်သောင်း ဘုရားရှေ့မှ စတင်ကာ သုံးနာရီခန့်ကြာ စီတန်းလှည့်လည် ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး အဆိုပါ ရှစ်သောင်း ဘုရားရှေ့တွင် အဆုံးသတ်ခဲ့ကြောင်း ဦးထွန်းထွန်းက ဆိုသည်။
“ရခိုင်တွေကို ခွဲခြားဆက်ဆံတယ်။ ဘင်္ဂါလီတွေဆိုရင် အများကြီး အကူအညီပေးတယ်” ဟု ဆန္ဒပြရသည့် အကြောင်းရင်းကို ၎င်းကပြောဆိုသည်။

NGO၊ INGO များ ခုနစ်ရက်အတွင်း ထွက်ခွာ မသွားပါက ဆန္ဒပြမှုထပ်မံ ပြုလုပ်မည် ဖြစ်ကြောင်း မြို့ခံများထံမှ သိရှိရသည်။

ယခုဆန္ဒပြပွဲ မတိုင်မီ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း INGO များသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဘက်လိုက်မှု မရှိဘဲ အချိုးညီမျှစွာ ပြုလုပ်ပေးရန်၊ INGO များသွားရောက်မည့် ကျေးရွာများသို့ ကော်မတီမှ အနည်းဆုံး လူငါးဦး လိုက်ခွင့်ပေးရန်၊ သုံးဆောင်မည့် ပစ္စည်းများနှင့် သိုလှောင်ထားသည့် ပစ္စည်းများကို အချိန်မရွေး စစ်ဆေးခွင့်ပြုရန်၊ မြို့နယ် ကျော်လွန် သွားရောက် ကူညီမှုများကို လုံးဝခွင့်မပြု အပါအဝင် အချက်ကိုးချက်ကို လိုက်နာရန်၊ မလိုက်နာပါက ဟိုတယ်တွင် ရုံးခန်းဖွင့်ခွင့် မပေးရန် မြို့ခံများက INGO များရုံးစိုက်သည့် ဟိုတယ်များကို သတိပေးခဲ့သည်။

ယင်းတောင်းဆိုချက်များကို NGO၊ INGO လိုက်နာခြင်း မရှိသဖြင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်း မြို့ခံတစ်ဦး ဖြစ်သူ ဦးကျော်ဝင်းတင်က ပြောကြားသည်။

လူသားချင်း စာနာသည့် အဖွဲ့အစည်းများ အနေနှင့် ဘက်မလိုက်မှု၊ မျက်နှာသာ မပေးမှု၊ လွတ်လပ်မှု၊ လူသားချင်း စာမှုတို့ကို အခြေခံကာ လူသားချင်း စာနာသည့် လုပ်ငန်းများကို လုပ်ကိုင်ရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန (UNIC) မှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောဆိုသော်လည်း NGO၊ INGO များကို ထွက်ခွာသွားရန် ဆန္ဒပြ တောင်းဆိုမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုခြင်းကား မရှိခဲ့ပေ။

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့ တို့တွင်လည်း မြောက်ဦးကဲ့သို့ အလားတူ ဆန္ဒပြမှုများ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့ပြီး အခြားမြို့နယ် အချို့တွင်လည်း ပြုလုပ်ရန် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယင်းဆန္ဒပြပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ မလေးရှားနိုင်ငံတွင် တိုက်ခိုက်ခံရမှုကို ရှုတ်ချခဲ့ပြီး မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် သတင်းမှား ထုတ်ပြန်ခဲ့သည်ဟုဆိုကာ INGO များ၊ နိုင်ငံခြား သတင်းဌာနများကို ကန့်ကွက် ခဲ့ကြကြောင်း မြို့ခံများထံမှ သိရှိရသည်။


Inga kommentarer:

Skicka en kommentar