အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 10 februari 2014

ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်၏ နိုင်ငံပိုင် ငွေကြေး အလွဲသုံးစားမှု

ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်၏ နိုင်ငံပိုင် ငွေကြေး အလွဲသုံးစားမှု


People power

ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်၏ နိုင်ငံပိုင်
ငွေကြေး အလွဲသုံးစားမှု ပါတီသို့ တိုင်ကြားစာရောက်ရှိ

ဆက်သွယ်ရေးဝန်ကြီးဟောင်း ကြံ့ခိုင်ရေးပါတီအမတ်
 ဦးသိန်းဇော်၏ နိုင်ငံပိုင် ငွေကြေးအလွဲသုံးစားမှု ပြုလုပ်
 ခဲ့မှုနှင့်ပတ်သက်၍ ပြည်ထောင် စုကြံ့ခိုင်ရေးပါတီ
ခေါင်းဆောင်ပိုင်းသို့ တိုင်ကြားစာအချို့ရောက်ရှိခဲ့ကြောင်း
ယင်းပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

ဦးသိန်းဇော်သည် ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်
ထမ်းဆောင်ချိန်က နိုင်ငံတကာမှ ဖုန်းခေါ်ဆိုမှုများကို ပြည်ပ
ကုမ္ပဏီအချို့နှင့် ပူးပေါင်း ၍ ငွေကြေးအလွဲသုံးစားမှုများ
ပြုလုပ်ခဲ့ကြောင်း နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးမျှ အစိုးရ
ဘဏ္ဍာငွေထဲသို့ ရောက်ရှိခဲ့ခြင်းမရှိကြောင်း တိုင် ကြားစာတွင်
ပါရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့ရာတွင် လတ်တလောအနေဖြင့် ပါတီက အရေးယူ
ဆောင်ရွက်ရန်နှင့် စုံစမ်းစစ်ဆေးရန် မရှိသေးကြောင်း
၎င်းကပင် ဆက်လက်ပြောကြား သည်။

“အခုက တစ်နွယ်ငင် တစ်စင်ပါပုံစံမျိုးဖြစ်နေတယ်။ တည်ငြိမ်တဲ့
အစိုးရတက်လာရင်တော့ ဒီကိစ္စတွေက ရှင်းသွားမှာပါ”ဟု ၎င်းက
ဆိုသည်။

ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကလည်း
“အဓိကတော့ မလေးရှားမှာပါ၊ မြန်မာပြည်ကိုခေါ်တဲ့ ဖုန်းကတ်
တွေက တရားဝင်လိုင်း နဲ့ ခေါ်ရင် ဈေးကြီးလို့ မှောင်ခိုင်ကတ်
တွေနဲ့ အများစုက ခေါ်ကြတယ်၊ အဲဒါတွေက သူတို့ပေါင်းပြီး
လုပ်တာ”ဟု ပြောကြားသည်။

ဦးသိန်းဇော်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖျြိုးရေးပါတီ
ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ကာ မြစ်ကြီးနားမြို့ မဲဆန္ဒနယ်မှ
ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ကာ
 အနိုင်ရရှိခဲ့သူ ဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်
ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။


Inga kommentarer:

Skicka en kommentar