ရခိုင် ပြည် ငြိမ်းချမ်း ရေး ခြိမ်းခြောက်ခံ နေရပြီလို့ ရခိုင်အ မျိုးသမီး ခေါင်းဆောင် သတိပေး

Kamayut Media
ရခိုင်ပြည် နယ်က ပဋိပက္ခတွေ၊ ရခိုင် ခေါင်းဆောင် နှစ်ဦးကို မလေး ရှားမှာ သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစား မှုတွေဟာ ရခိုင် ပြည်နယ် ငြိမ်းချမ်း ရေးကို ခြိမ်းခြောက် နေတာ ဖြစ်တယ်လို့ ရခိုင်အ မျိုးသမီးများ အစည်း အရုံးက ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပြောဆို လိုက်ပါ တယ်။
၂ဝ၁၂ ခုနှစ်မှ စတင်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေမှာ အမျိုး သမီးတွေ အများ အပြား သတ်ဖြတ်ခံ ခဲ့ရတာဟာ အနာဂတ် နိုင်ငံရေးကို ခြိမ်းခြောက်မှု ဖြစ်ပြီး နောက်ထပ် ပဋိပက္ခတွေ မဖြစ်ကြဖို့ ဒေါ်စောမြ ရာဇာလင်းက ကမာရွတ်မီ ဒီယာကို သီးသန့်ပြော ဆိုခဲ့ပါ တယ်။
ထိုင်း အခြေစိုက် မြန်မာ အမျိုးသမီး များအ ဖွဲ့ချုပ် WLB မှာပါ ၀င်တဲ့ ဒေါ်စောမြ ရာဇာလင်းက ရခိုင်ပြည် နယ် ငြိမ်းချမ်း ရေးကို ဝိုင်းဝန်း လုပ်ဆောင် ကြဖို့ တိုက်တွန်း လိုက်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှ တဖို့နဲ့ ရခိုင် ပြည်နယ် တရား ဥပဒေ စိုးမိုးရေး အတွက် အစိုးရက လုပ်ဆောင်ဖို့ လိုတယ်လို့ ဆိုပါ တယ်။
ရခိုင် ပြည်နယ်မှာ မတူကွဲ ပြားတဲ့ လူ့အဖွဲ့အ စည်းနှစ်ခု အကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ၊ အကြမ်း ဖက်မှုတွေ နှစ်ကြိမ် တိုင်တိုင် ဖြစ်ပွားခဲ့ ပြီးနောက်ပိုင်း
နိုင်ငံ ရေးကို လူမျိုးရေး ဘာသာ ရေးနဲ့ ရောထွေး ပြီး ဝါဒဖြန့် ချီမှုတွေ အရှိန်မြင့် တက်လာ နေချိန် ရခိုင်အ မျိုးသမီး ခေါင်းဆောင် တစ်ယောက်က သတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Inga kommentarer:
Skicka en kommentar