အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 7 februari 2014

ရခိုင်တိုင်းရင်းသားများအနေဖြင့် မိမိတို့ အန္တရာယ်အား အထူးဂရုပြုရန် လိုအပ်လာပြီဟု ဝန်ကြီးဆို

ရခိုင်တိုင်းရင်းသားများအနေဖြင့် မိမိတို့ အန္တရာယ်အား အထူးဂရုပြုရန် လိုအပ်လာပြီဟု ဝန်ကြီးဆို



နှင်းနွယ်

မြန်မာ့ခေတ်

မလေးရှားကွာလမ်ပူမြို့တော်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ၊ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအေးသာအောင် အပြင် ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၄ ဦးတို့အား လုပ်ကြံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံတွင် ရှိနေသော ရခိုင်တိုင်းသားများ အနေဖြင့် မိမိတို့ ၏ အန္တာရာယ်အား ဂရုစိုက်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောလိုက်သည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၆ ဦးသည် ဖေဖော်ဝါရီ ၆ ရက်နေ့က မလေးရှားကွာလာလမ်ပူမြို့တော်တွင် ကားဖြင့် သွားလာနေစဉ်ပ လုပ်ကြံခံရခြင်းဖြစ်ပြီး ဒဏ်ရာရသူတစ်ဦးမှ မရှိကြောင်းကိုလည်း သိရသည်။

“ဒီအဖြစ်ပျက်ပေါ်ကိုကြည့်ြ့ပီးတော့ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ အသိပညာအတက် ပညာရှင်တွေ အနေနဲ့ ကိုယ်ရဲ့လုံခြုံရေးတွေကို ဂရုစိုက်ရတော့မယ်”ဟု ဦးဇော်အေးမောင်က ဆိုသည်။

မလေးရှားနိုင်ငံအား ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ ရောက်ရှိနေစဉ် ယင်းကဲ့သိုလုပ်ကြံမှုသည် အကြမ်းဖက်မှု ဆန်နေပြီး ရခိုင်တိုင်းရင်းသားများ၏ လုံခြုံကိုလည်း မီးမောင်းထိုးပြခြင်း ဖြစ်နေကြောင်းကိုလည်း ဦးဇော်အေးမောင်က ဆက်လက်ပြောဆိုသည်။

“ဒီအဖြစ်အပျက်ပေါ်ကိုကြည့်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ အပြင်မှာတိုးရစ်တွေ သွားသလိုသွားချင်တိုင်းသွား လို့မရတော့ဘူး လုံခြုံရေးတွေဘာတွေကိုယူပြီးတော့မှ သွားရမယ်။ ဒီလိုလုပ်ကြံမှုကိုလည်း ကျွန်တော်တို့ အနေနဲ့  ရှံ့ချတယ် ” ဟု ဦးဇော်အေးမောင်က ထပ်လောင်းပြောဆိုသည်။

ယင်းကဲ့သို့ လုပ်ကြံခံခြင်းနှင့် ပတ်သက်ပြီး မလေးရှားကွာလာလပ်ပူမြို့ရှိ ရဲစခန်းတစ်ခုတွင် အမှုဖွင့်ထားလျက် ပြီး ယမန်နေ့ညအထိ ဖမ်းမိခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ရခြင်းမှာလည်း မလေးရှားနိုင်ငံရှိ ရခိုင်လူမှုကယ်ဆယ်ရေး တစ်ခုဖြစ်သည့် (ARRC) ဖိတ်ကြားချက်ဖြင့် ဇန်နဝါရီ ၈ ရက်နေ့ကရောက်ရှိနေခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လုပ်ကြံခံရခြင်းလည်းဖြစ်သည်။


Inga kommentarer:

Skicka en kommentar