အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 29 januari 2014

၅၉(စ) မပြင်ဖို့ နေမျိုးဝေက ဦးဆောင် ဟောပြောမယ်

၅၉(စ) မပြင်ဖို့ နေမျိုးဝေက ဦးဆောင် ဟောပြောမယ်


ထန်းသီးကျွေခိုက်ကျီးနင်းခိုက်ပါကွာ လန့်မနေနဲ့ ငါ့ညီတွေ ပြောစေချင်လို့ လုပ်ပေးရတာ ငါမပြောလည်း
 မင်းတို့အမေ ဘာမှဖြစ်မလာဘူး ဟိုလူတွေပြင်ပေးပါလိမ့်မယ်အားကြီးကြီး

ပုံ
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ

==================================

 ဘာသာမဲ့ လို့ ကြွေးကြော်ထားသူကအမျိုးဘာသာသာသနာဆိုင်ရာ ဟောပြောပွဲကို  ဟောပြောမည်

ဦး နေမျိုးဝေ ......

ခင်ဗျား ...ဘာသာမဲ့ ....လို့ .....

ဘယ်အချိန်...ဘယ်ကာလ.....ဘယ် ..နေရာမှာ .... ပြောခဲ့သလဲ ....... ပြန် သတိရပါ ...။


ဆရာတော် အရှင်သူမြတ်တို့ဘုရား ...။

၂၀၁၅ မှာ သမ္မတဖြစ်လို့ ဒေါ်စုကြောင့် အမျိုးဘာသာ သာသနာ တကယ်ညိုးနွမ်းမယ်ဆိုရင် ..တပည့်တော်တို့ ကိုယ်တိုင် ဦးဆောင် ဖြုတ်ချပါ့မယ် အရှင်ဘုရား..။
သူ့သက်တမ်းက ငါးနှစ်ထည်းပါ...။

တိုင်းပြည်ကို စုတ်ပြတ်သတ်အောင်ဖန်တီးပြီး သာသနာကို သေနတ်နဲ့ချိန်ပြီး စောင့်ရှောက်ခဲ့သူကြီးရဲ့ မွေးနေ့မှာ
အမျိုးသာသာ သာသနာ အကြောင်းပြပြီး အဲဒီ လူကြီးပြဌာန်းခဲ့တဲ့ .. ဒီပုဒ်မကို ခိုင်မာအောင် ကြိုးစားမယ့် နိုင်ငံရေး သတ်ကွက်ကိုတော့ တပည့်တော်တို့ လက်မခံပါဘူး ဘုရား ..။

(ငရဲသား)

====================================

Nik Nayman

အာဏာရှင်စနစ် သက်တမ်းရှည်စေမည့် လုပ်ရပ်မှန်သမျှ ဆန့် ကျင်ကြ။

အာဏာရှင်စနစ် သက်တမ်းရှည်စေမယ့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉) အား ထောက်ခံခြင်း ပြုလုပ်မည့် အစီအစဉ်အား အာဏာရှင်လက်ပါးစေများမှ အကွက်ချ စည်းရုံးဆောင်ရွက်ခြင်းအား လုံးဝ ကန့် ကွက်လိုက်သည်။

မြန်မာပြည်သူလူထုအနေဖြင့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့  (အာဏာရူး သန်းရွှေ၏ မွေးနေ့ ရက်တွင်မှ တမင်သက်သက် စီစဉ်သည့်) အဆိုပါ အာဏာရူးတို့ ၏ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉) ထောက်ခံဆန္ဒထုတ်ဖေါ်ပွဲအား ဆန့် ကျင်ကြပါရန် တိုက်တွန်းအပ်ပါသည်။


Inga kommentarer:

Skicka en kommentar