အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 29 januari 2014

ဦးကိုနီကို ပညာရှင်တစ်ဦးအဖြစ်နဲ့သာ မြင်စေလို

ဦးကိုနီကို ပညာရှင်တစ်ဦးအဖြစ်နဲ့သာ မြင်စေလို



Ven Ravika

ဦးကိုနီ ရေးတဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ"ဆိုတဲ့စာအုပ်ကို အစအဆုံး ဖတ်လိုက်တယ်။ အဲဒီလိုဖတ်နေတဲ့အချိန်မှာ မူစလင်တစ်ယောက်ရေးတဲ့စာအုပ်ဖြစ်တယ်ဆိုတာ မေ့ထားပြီး ဥပဒေပညာရှင်တစ်ဦး ရေးတဲ့ ဥပဒေအမြင်များဖြစ်တယ်လို့ ခံယူခဲ့ပါတယ်။ သူ့လို မြန်မာဗုဒ္ဓဘာသာပညာတတ်တွေ အများကြီး ရှိနေမှာပါ။ ဒါပေမဲ့ ဗမာစကားကို ရှင်းအောင် သူ့လောက် မပြောနိုင်ကြပါဘူး။ ဒါမှမဟုတ် စစ်အာဏာရှင်စနစ်ကို ကြောက်လို့ မပြောဝံ့ကြတာလည်း ပါချင်ပါမယ်။ မိမိက ဦးကိုနီကို လေးစားခြင်းမှာ သူက စစ်အာဏာရှင်ကို ဥပဒေအမြင်ကနေ ပြတ်ပြတ်သားသား ဆန့်ကျင်နေတဲ့ ဥပဒေပညာရှင်တစ်ဦးအဖြစ်နဲ့သာ ဖြစ်တယ်။


Inga kommentarer:

Skicka en kommentar