အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 26 januari 2014

တရုတ်စာသားပါ အန္တရာယ်ရှိနိုင်သည့် စားဆီတစ်မျိုး မန္တလေးဈေးကွက်အတွင်းဝင်လာ

တရုတ်စာသားပါ အန္တရာယ်ရှိနိုင်သည့် စားဆီတစ်မျိုး မန္တလေးဈေးကွက်အတွင်းဝင်လာ




တရုတ်စာတန်း တစ်မျိုးတည်းသာ ပါပြီး သက်တမ်းကုန်ဆုံးရက် သတ်မှတ် ရက်စွဲမပါ၊ ဆီခဲသွားခြင်းလည်းမရှိသည့် စားဆီတစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းဝယ်လျက်ရှိကြောင်း မန္တလေးဆီကုန်သည်များနှင့် စက်ပိုင်ရှင်များအသင်းမှ သိရသည်။

အဆိုပါဆီများအား ရေခဲသေတ္တာအတွင်း ထည့်၍ အေးခဲမှတ်အထိထား သော်လည်း အေးခဲသွားခြင်း မရှိခြင်းကြောင့် စားသုံးသူများ သတိထားရန် လိုအပ်မည်ဖြစ်ကြောင်း ဆီစက်ပိုင်ရှင်အချို့က သုံးသပ်ပြောကြားသည်။

“ဆီဆိုတာ ဘယ်ဆီဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အေးခဲမှတ်ရောက်ရင် ခဲကိုခဲရမယ်။ အခုဟာက မခဲဘူး” ဟု ဆီစက်လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြော သည်။

Myanmar Anti-China




Inga kommentarer:

Skicka en kommentar