စနိုက်ပါအဝေးကြည့်မှန်ပြောင်း၊ ချပ်ဝတ်တန်ဆာများနှင့် အကောက်အခွန်မဲ့ စည်သွတ်ဘူးများသိမ်းဆည်းရမိ

ပူးပေါင်းအဖွဲ့များသည် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မိုင်းလား မြို့မှ ကျိုင်းတုံသို့ ထွက်ခွာလာသည့် နီဆန်း ခြောက်ဘီးယာဉ်တစ်စီးကို ရှာဖွေရာ စနိုက်ပါအဝေးကြည့်မှန် ပြောင်းများ၊ ချပ်ဝတ်တန်ဆာများ၊ အကောက်ခွန်မဲ့ စည်သွတ်အသား ဘူးများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
အဆိုပါယာဉ်အတွင်းမှ အလျား ၁၁ ဒသမ ၈ လက်မ၊ ပြောင်းဝ အချင်း ၁ ဒသမ ၅ လက်မရှိ စနိုက်ပါ အဝေးကြည့်မှန်ပြောင်းအလက် ၂၅၀၊ သေနတ်နှင့် အဝေးကြည့်မှန်ပြောင်း ဆက်စပ်ရာတွင် အသုံးပြုသည့်ပစ္စည်း ဘူး ၂၅၀၊
လက်နက်ကိုင်တပ်ဖွဲ့ဝင် များအသုံးပြုသော ကျည်အိမ်နှင့် ဗုံးသီးများထည့်သည့်အိတ်များနှင့် ချပ်ဝတ်တန်ဆာအစုံ ၅၀၀၊ အကောက် ခွန်မဲ့ စည်သွတ်အသားဘူး ၁၆၅၆ ဘူးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊
ယာဉ်ပေါ် ပါရှိသူများဖြစ်သည့် ကျိုင်းတုံမြို့နေ ယာဉ်မောင်း စိုင်းဆမ် အွန် (၃၄ နှစ်)နှင့် ယာဉ်နောက်လိုက် အေးထွန်း (၄၀ နှစ်)တို့ နှစ်ဦးကို ယာဉ်နှင့်အတူ ဖမ်းဆီးထိန်းသိမ်း ထားပြီး ဥပဒေအရ အရေးယူဆောင် ရွက်နိုင်ရေးအတွက် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။
(ကျိုင်းတုံ ပြန်/ဆက်)
The Mirror Daily
Inga kommentarer:
Skicka en kommentar