Samsung ရဲ့  သံတမန် အငယ်စား ဖြစ်ခွင့်ရမယ့် Facebook ပေါ်က ဓာတ်ပုံပြိုင်ပွဲ
- By ရိုးရာလေး

ယင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး လစဉ် ပြုလုပ်သွားမှာ
ဖြစ်ကြောင်း ဆိုပါတယ်။ "ကျနော်တို့ ပြိုင်ပွဲကို ၁လ တစ်ခါ လုပ်မယ်။ ၁ လ
ချင်းစီက Vote အများဆုံး ရတဲ့ သူ တစ်ယောက်ကို ရွေးချယ်ပြီး နောက်ဆုံး
နှစ်ကုန် ဒီဇင်ဘာလောက်မှာ ၁၂ ဦးတည်း ပါဝင်မယ့် ပွဲတစ်ခု ထပ်ကျင်းပပေးမယ်။
ယင်း ပွဲမှာ အနိုင်ရသူကတော့ Samsung GALAXIAN အဖြစ် အရွေးချယ်ခံရပြီး
သံတမန်အငယ်စားလို အသုံးပြု သွားပေးမှာ ဖြစ်ပါတယ်။ လစဉ် ဆုရသူတွေကိုလည်း
ထိုက်ထိုက်တန်တန် ဆုချီးမြင့်သွားအုံး မှာပါ" လို့ Samsung Myanmar မှ
တာဝန်ရှိသူ တစ်ဦးက ရိုးရာလေးသို့ ဖြေကြားပေး ပါတယ်။
ပြိုင်ပွဲအတွက် ဓာတ်ပုံကို Samsung Myanmar ရဲ့  Facebook လိပ်စာသို့
လိပ်မူပြီးတော့ ပို့ပေးရမှာ ဖြစ်ပါတယ်။ Samsung Myanmar Facebook page
လိပ်စာ ကတော့ https://www.facebook.com/samsungmyanmar ဖြစ်ပါတယ်။ ၎င်းတို့ Facebook Page ကို Like လုပ်ပြီး မည်သူ မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဆိုပါတယ်။
ပြိုင်ပွဲ သတင်းအချက်အလက် အပြည့်အစုံကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
https://www.facebook.com/photo.php?fbid=228075210649764&set=a.165143200276299.5694.165109303613022&type=1&theater
.
https://www.facebook.com/photo.php?fbid=228075210649764&set=a.165143200276299.5694.165109303613022&type=1&theater
.
အောင်ခမ်း ( ရိုးရာလေး )
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar