ဘရာဇီးလ်လိဂ်နောက်ဆုံးအပိတ်ပွဲမှာ ကြမ်းခဲ့ရမ်းခဲ့တာတွေအတွက် ပြစ်ဒဏ်တွေချမှတ်လိုက်ပြီ
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက
ဘရာဇီးလ်စီးရီးအေပြိုင်ပွဲနောက်ဆုံးပွဲစဉ်မှာ အသလက်တီကိုပါရာနန်စီအ
သင်းနဲ့ ဗာစကိုဒဂါးမားတို့ပွဲစဉ်အတွင်း နှစ်ဖက်ပရိသတ်များ
ခိုက်ရန်ဖြစ်ပွားကာ အသေအပျောက်ရှိခဲ့တဲ့အထိ ကြမ်းခဲ့ ကြမှုများအတွက်
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကနေ ပြင်းထန်သော
ပိတ်ပင်မှုများချမှတ်လိုက်ပြီဖြစ်ပါတယ်။ အိမ်ရှင်အသင်းဖြစ်တဲ့
အသလက်တီကိုပါရာနန်စီကို (၁၂)ပွဲ အိမ်ကွင်းပိတ်ပင်ခဲ့သလို ဒဏ်ငွေအဖြစ်လည်း
ယူ ရို(၃၁၆၀၀)ပေးဆောင်စေဖို့ စီရင်ချက်ချမှတ်ခဲ့ကာ ဧည့်သည်အသင်း
ဗာစကိုဒဂါးမားကိုလည်း (၈)ပွဲအိမ်ကွင်း ပိတ်ပင်ခဲ့ကာ
ဒဏ်ငွေယူရို(၂၁၀၀၀)ပေးဆောင်စေမှာ ဖြစ်ပါတယ်။ အဆိုပါပြစ်ဒဏ်များအတွက်
နှစ်သင်းလုံး ဖက်က အယူခံဝင်ထားကြပြီး ဒီဇင်ဘာ(၂၇)ရက်နေ့မှာ
ဒုတိယအကြိမ်ကြားနာစစ်ဆေးဦးမှာပါ။
ဒီပြစ်ဒဏ်တွေသာ အတည်ဖြစ်သွားခဲ့မယ်ဆိုရင်တော့ လာမယ့်နှစ်ဘရာဇီးလ်လိဂ်ရာသီသစ်စတင်ချိန်ရောက်တဲ့ အခါ အဝေးကွင်းများနဲ့ ပရိသတ်မပါတဲ့ကွင်းများမှာသာ ကစားရတော့မှာဖြစ်ပါတယ်။ ဗာစကိုဒဂါးမားအသင်း ကတော့ စီးရီးဘီကိုတန်းဆင်းသွားခဲ့ရပြီဖြစ်တာကြောင့် အောက်တန်းဆင်းကစားရတော့မှာပါ။ ဒီပွဲမှာပါရာနန်စီ အသင်းက (၅-၁)ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ရလဒ်ကို ပယ်ဖျက်ပေးပြီး ပွဲကို အစကပြန်ကစားစေဖို့တောင်းဆိုခဲ့ပေမယ့် လည်း လက်မခံခဲ့တာကြောင့် စီးရီးဘီကို ဆင်းကစားဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပရိသတ် တွေကြောင့်ဆိုပေမယ့်လည်း ကွင်းလုံခြုံရေးညံ့ဖျင်းခဲ့မှုတွေက အဓိကျခဲ့ပြီး အချိန်နှောင်းမှ ၀င်ရောက်ထိန်းသိမ်း ခဲ့ကြခြင်းကြောင့် အခုလောက်ထိ အခြေအနေဆိုးဝါးခဲ့ရခြင်းဖြစ်ပါတယ်။
မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar