မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကြောင့် မင်္ဂလာဆောင်ပွဲသွားနေတဲ့အရပ်သား ၁၅ ဦးသေဆုံး
မင်္ဂလာဆောင်တစ်ခုကိုသွားနေတဲ့
ယီမန်နိုင်ငံက လူ ၁၅ ယောက်ကို အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့  ယာဉ်တန်း လို
့ထင်မှတ်ပြီး လေတပ်စစ်ဆင်ရေးလုပ်ခဲ့ရာမှာ အပြစ်မဲ့အရပ်သား ၁၅ ယောက်လုံး
သေဆုံးခဲ့ရပါတယ်လို့  ယီမန်ပြည်တွင်းလုံခြုံရေးအရာရှိက
အတည်ပြုပြောကြားလိုက်ပါတယ်။
Al-Bayda ဒေသမှာ ဖြစ်သွားခဲ့တဲ့
ဒီလေကြောင်းတိုက်ခိုက်မှုရဲ့ လေယာဉ်အမျိုးအစားကို အတည်ပြုမပြောကြား
ခဲ့ပေမယ့် ပြည်တွင်းသတင်းထောက်များရဲ့ အဆိုအရ မောင်းသူမဲ့လေယာဉ်ဖြစ်တယ်လို
့သိရပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အာရပ်ကျွန်းစွယ်စုနိုင်ငံတွေမှာ
အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ တွေကို ချေမှုန်း ဖို့ အတွက်
မောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုနေပြီး ၀ါရှင်တန်ရဲ့ စီမံမှုတစ်ခုပါ။
လူ
့အခွင့်အရေးလေ့လာစောင့်ကြည့်မှုအဖွဲ့ ရဲ့ သြဂတ်လအစီရင်ခံစာအရ အမေရိကန်တို
့ရဲ့ လက်နက်တပ်ဆင်ထားတဲ့ မောင်းသူမဲ့လေယာဉ်တွေ တိုက်ခိုက်မှုကြောင့်
ဒါဇင်ထက်ချီတဲ့ ယီမန်အရပ်သားတွေ သေဆုံးခဲ့ရတယ် လို့ သိရပါတယ်။
တိုင်းပြည်ရဲ့တောင်ပိုင်းမှာ
ပြည်နယ်ခွဲခြားထွက်ချင်သူတွေ၊ မြောက်ပိုင်းမှာ သူပုန်တွေနဲ
့ရင်ဆိုင်နေရတဲ့ ယီမန်ဟာ နိုင်ငံတကာသဘောင်္လမ်းကြောင်းရဲ့ အချက်အချာနေရာတစ်ခု
ဖြစ်ပြီး ရေနံထိပ်သီး ဆော်ဒီအာရေဗျ နိုင်ငံနဲ့ လည်း
နယ်မြေချင်းထိစပ်နေပါတယ်။
တနလာင်္နေ့ ကလည်း အမေရိယန်မောင်းသူမဲ့လေယာဉ်က
ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကြောင့် ယီမန် အရှေ့ ပိုင်း မှာ ကားနဲ
့ခရီးသွားနေတဲ့ လူသုံးယောက် သေဆုံးခဲ့ရပါသေးတယ်။

Inga kommentarer:
Skicka en kommentar