နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ
- By ရိုးရာလေး

၂၀၁၀ ဧပြီလောက်က စတင်မိတ် ဆက်ပြီး ၂၀၁၁ မှာ ရေပန်းစား ခဲ့တဲ့ ဖုန်း
ဖြစ်ပါတယ်။ ဆီရီးယား မှာပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လက ပြည်တွင်းစစ် ဖြစ်နေဆဲ
ကာလ ဖြစ်ပါတယ်။ ဆန္ဒပြသူများကို စစ်သားများက သေနတ်နဲ့ တကယ် ပစ်ခဲ့တဲ့
ပဋိပက္ခကြီးပါ။ X2 ဖုန်းတစ်လုံးနဲ့ ဆန္ဒပြနေနေတဲ့ သူက ကင်မရာနဲ့ ဓာတ်ပုံရိုက်
ပါတယ်။ မှတ်တမ်းတင်မှု လုပ်ပါတယ်။ ကင်မရာ 5 megapixel တောင် ရှိတာဆိုတော့
အရည်အသွေး အသင့်တင့်ရှိတဲ့ ဓာတ်ပုံတွေ ရပါတယ်။ အသက်စွန့်ပြီး ရိုက်ကူးနေစဉ်
မမျော်လင့်ပဲ ရဲက ပစ်လိုက်တဲ့ ကျည်ဆန်က သူ့ဆီကို တည့်တည့်တိုးလာပါတယ်။
ကံကောင်း ပါတယ်။ ကျည်ဆံက ကိုင်ထားတဲ့ ဖုန်းကို ထိသွားပြီး နိုကီယာမှာပဲ
တစ်သွားပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။
ကျည်ဆည်ပေါက်သွား တဲ့နေရာကို မြင်တွေ့ ရမှာပါ။ Nokia ဖုန်း Hardware
အကြမ်းခံမှုက အံ့သြဖွယ် ကောင်းလှပါတယ်။ Nokia က အသက်ငယ်သူပါ။ Nokia X2
တင်မက အရင်က ထုတ်တဲ့ မိုဘိုင်းဖုန်းနဲ့ ယနေ့ထွက်တဲ့ စမတ်ဖုန်းတွေလည်း
အကြမ်းခံတယ်လို့ Nokia မှ ပြောဆို ထားကြောင်း သိရပါတယ်။
အောင်ခမ်း ( ရိုးရာလေး
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar