မီးလာအောင် လုပ်မပေးနိုင် သည့်အတွက် ဖိလစ်ပိုင်ဝန်ကြီး နုတ်ထွက်စာတင်
- By The Voice Journal

စွမ်းအင်ဝန်ကြီး ဂျရီချိုပတ်တီလာက နုတ်ထွက်စာကို နိုင်ငံတော်သမ္မတ ထံသို့
တင်ထားပြီ ဖြစ်ကြောင်း သမ္မတ ဘင်နစ်နိုအကွီနို၏ ပြောရေးဆိုခွင့်ရ အရာရှိ
အက်ဒ်ဝင်လာစီယာဒါက ပြောကြား ခဲ့သည်။ ဟိုင်ယန်မုန်တိုင်းကြီး
ဝင်သွားပြီးနောက် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့သော နေရာများကို
မီးပြန်လင်းအောင် လုပ်ပေးမည်ဟု ဝန်ကြီးဂျရီချိုပတ်တီလာ က ပြောကြား
ထားသော်လည်း သတ်မှတ်ကာလ ခရစ္စမတ်မတိုင်ခင် အချိန်တွင် လုပ်ငန်းပြီးစီးအောင်
မလုပ်ဆောင်ပေး နိုင်သော မြို့သုံးမြို့ ကျန်သေးသည့်အတွက် ရာထူးမှ
နုတ်ထွက်ပေးခြင်း ဖြစ်သည်။
သို့သော် စွမ်းအင်ဝန်ကြီးသည် မုန်တိုင်း၏ အဖျက်စွမ်းအား
ကြီးမားခဲ့သော်လည်း ချီးကျူးဖွယ် ကောင်းသော လုပ်ရပ် တစ်ခုကို
လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သမ္မတပြောခွင့်ရ အရာရှိ လာစီအာဒါက
ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်တွင် နိုဝင်ဘာလ ၈ ရက်နေ့က
ဝင်ရောက်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ကာ ၂၀၀၀
ခန့်ပျောက်ဆုံးခဲ့ရသည်။ ပြန်လည်ထူထောင်ရေး အတွက် လိုအပ်ချက်များ
ရှိနေသည်ဟု ဖိလစ်ပိုင် အစိုးရက နိုင်ငံတကာ အလှူရှင်များကို မေတ္တာရပ်ခံ
ထားပြီး ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် တို့က ပြန်လည်ထူထောင်ရေး အတွက်
အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ကူညီမည်ဟု ကတိကဝတ် ပြုထားသည်။
သဘာဝဘေးဒဏ် စောင့်ကြည့်ရေး အေဂျင်စီက ပါဝါပြတ်တောက်မှုများ
ပြည်နယ်အနှံ့တွင် ရှိနေသေးပြီး မုန်တိုင်းဒဏ် ခံလိုက်ရသည့် ဒေသများတွင်
အဓိက ဖြစ်ပွားနေကြောင်း သတိပေးထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေး
ကဏ္ဍများ တွင်လည်း ကြီးကြီးမားမား ထိခိုက်မှုများ ရှိခဲ့သည်။
ကောက်ပဲသီးနှံများ ဆုံးရှုံးရ သည်သာမက စိုက်ပျိုးမြေများလည်း
ပျက်စီးနေသဖြင့် ဖိလစ်ပိုင် စိုက်ပျိုးရေးကဏ္ဍ ကိုလည်း ဝိုင်းဝန်း
ကူညီကြပါရန် FAO အဖွဲ့က နိုင်ငံတကာကို ပြောကြားထားသေးသည်။ ကတိတာဝန်
ကျေပွန်ရန် ပျက်ကွက်ခဲ့သော ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီးသည် အစိုးရကို
နုတ်ထွက်စာ တင်ထားသော်လည်း ပြည်သူကို တောင်းပန်စကား ပြောကြားသည်ကိုမူ
သတင်းများတွင် မတွေ့ရပေ။ပြည်သူကိုတောင်းပန်ချင်တောင်းပန် မတောင်းပန်ချင်နေပါစေ ကျွန်မအနေနဲ့
ကတော့ မိမိအမှားအတွက် ထိုင်ခုံကဆင်းပေးရဲတာကို လေးစားကြည်ညိုမဆုံးပါဘူးနော်
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar