မွတ်ဆလင်များကို မိတ်ဆွေဖြစ်အောင် စည်းရုံးမည်ဟု ဦးဝီရသူ ထုတ်ပြန်ကြေညာ
- By The Voice Journal

မွတ်ဆလင်များကို မိတ်ဆွေဖြစ်အောင် စည်းရုံးမည့် အချက်အပြင်
ယင်းကြေညာချက်၌ မြန်မာနိုင်ငံတွင် နေထိုင်ပြီး မြန်မာနိုင်ငံကို
ချစ်ခင်သည့် မွတ်ဆလင် များကို မိတ်ဆွေကောင်း အဖြစ် သတ်မှတ်ကာ မေတ္တာပေးပြီး
အကာအကွယ်ပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်ပြီး
မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံ ပြုလုပ်နေသူများ၏ အန္တရာယ်ကို ဥပဒေ
ဘောင်အတွင်းမှ ကာကွယ်သွားမည် ဆိုသည့် အချက်သုံးချက်လည်း ပါဝင်သည်။ အင်တာနက်
လူမှုစာမျက်နှာ များတွင် ပျံ့နှံ့နေသည့် အစ္စလာမ် ညီညွတ်ရေးအသင်း အမည်ခံ
"မွတ်ဆလင် အဖွဲ့၏ ပြည်သိမ်း စီမံချက် မဟာဗျူဟာ ၁၀ ခုနှင့် နည်းဗျူဟာ"
ဟူသည့် အချက်များသည် မြန်မာနိုင်ငံတွင် နေထိုင်သည့် အစ္စလာမ် ဘာသာဝင်
များနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ဦးရွှေကြည်ခေါ်
ဒိုင်းမွန်းရွှေကြည်က ပြောကြားသည်။
ယင်းကိစ္စကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် သာသနာ
အဖွဲ့ချုပ်ကြီးနှင့် မွတ်ဆလင် အဖွဲ့အစည်းများက အရေးယူ ဆောင်ရွက်ရန်
လိုအပ်ကြောင်း ၄င်းကဆက်လက် ပြောဆိုသည်။ ၉၆၉ အဖွဲ့နှင့် ၄င်းကို
အကြမ်းဖက်သူများဟု ကမ္ဘာ့မျက်နှာစာတွင် စွပ်စွဲခံ ထားရသော်လည်း
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ၄င်း၏ ပယောဂ
လုံးဝမရှိကြောင်း၊ အဓိကရုဏ်း များကို မလိုလားသူ ဖြစ်သဖြင့် အဓိကရုဏ်း
ဖြစ်ပွားရသည့် အကြောင်းအရင်းကို ရှာဖွေတားဆီး နိုင်ရန် စွမ်းနိုင်သမျှ
ကြိုးပမ်းခဲ့ကြောင်း၊ ငြိမ်းချမ်းရေး အတွက် လက်တွဲ၍ ရသည့် အစ္စလာမ်
ဘာသာဝင်များနှင့် လက်တွဲသွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက
မိန့်ကြားသည်။
အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်သည် ဆိုခြင်းမှာ စိတ်ကူးထဲတွင်ပင်
မရှိကြောင်း၊ အခြားလူများ ထင်သကဲ့သို့ အစ္စလာမ်များတွင် လက်နက်လည်း မရှိဘဲ
စိတ်ကူးယဉ်ပြီး ပြောခြင်းသာ ဖြစ်မည် ထင်ကြောင်း အစ္စလာမ်ဘာသာဝင်
တစ်ဦးဖြစ်သူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ ဥက္ကဋ္ဌ ဦးကျော်မင်းက
ပြောကြားသည်။
အရှင်ဘုရား တပည့်တော်မသည် ဘာမှနားလည်သူမဟုတ်သော်လည်း ဒီအရှုပ်ထုပ်ကို အရှင်
ဘုရားကိုယ်တော်တိုင်ဘဲ့ ပြုခဲ့ပြီး ခုတစ်ခါအရှင်ဘုရားကိုယ်တော်တိုင်က မိတ်ဆွေဖြစ်အောင်
ပြုမည်ဆိုတော့ မွတ်စလင်မများက အရင်က ရန်သူတွေဖြစ်ခဲ့ဖူးလို့လားဘုရား
အရှင်ဘုရားလုပ်ပုံက ဟိုပုံပြင်ထဲကလို ရွှာတစ်ရွာမှာ ဒါးမြတိုက်တာလည်းသူကြီး (မျက်နှာဖုံး)နဲ့
နောက်နေ့လာစစ်တော့လည်းသူကြီးလိုဖြစ်လို့ပါဘုရား
တပည့်တော်မ အမှားပါရင်ခွင့်လွတ်ပေးပါဘုရား
မြူနှင်း(အေးရိပ်ငြိမ်)ပါဘုရား
Inga kommentarer:
Skicka en kommentar