အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 14 juni 2016

ရေမှုတ် မဖြစ်ရင်တောင်မှ မီးတုတ်မဖြစ်ဖို့လိုတယ်

ရေမှုတ် မဖြစ်ရင်တောင်မှ မီးတုတ်မဖြစ်ဖို့လိုတယ်
==================================

မုဒိန်းမှုလို ပြစ်မှုတခုကို သတင်းဖော်ပြရာမှာ
ကျူးလွန်တဲ့သူ အမည် ၊ အဖ အမည် အသက် ကိုဖော်ပြတာပုံမှန်သတင်း
ဖော်ပြချက် ပါ

ဒါပေမဲ့ အဲဒီလူရဲ့ လူမျိုး ကို ထည့်သွင်းဖော်ပြတဲ့အခါ လူမျိုးရေး ပဋိပက္ခကို မီးမွှေးပေးရာရောက်တယ် ၊ သွေးထိုးလှုံ့ဆော်မှုဖြစ်လာတယ်
အဲဒီလူရဲ့ ကိုးကွယ်ရာဘာသာကိုပါ ဖော်ပြခဲ့ရင်တော့ ဒါဟာ လူမျိုးရေးတင်မက ဘာသာရေး အမုန်းတရားကိုပါ လှုံ့ဆော်သွေးထိုးရာရောက်တယ်
ပဋိပက္ခကို ဖန်တီးမှု ဖြစ်လာတယ်

အဲဒီလို သတင်းရေးသားမှုတွေကြောင့် လူမျိုးရေး ပဋိပက္ခတွေ ဘာသာရေး ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ ၊ ပေါ်ပေါက်နေဆဲ ဆိုတာလည်း အားလုံး ကိုယ်တွေ့
ခံစားနေကြရတယ်

တခါတလေကျတော့လဲ ဒါဟာ ဒို့နိုင်ငံရဲ့ ကံကြမ္မာပဲလား
ဒါမှမဟုတ် ကြမ္မာငင်ချင်နေကြတာလား လို့ ၀မ်းနည်းစွာတွေးမိတယ်

အပြစ်ပြောချင်တာမဟုတ်ပါဘူး
အပြစ်တွေ ဖြစ်မလာစေချင်ရုံပါဘဲ

တိုင်းပြည်မှာ ဖြစ်လာမဲ့ အန္တရာယ်တွေကို
မြင်တွေ့ရင် တောင်မှ ဘေးဆီးရန်ကာ လုပ်ကြရမယ် မဟုတ်လား

တခါတလေကျတော့ ကိုယ့်ရည်ရွယ်ချက်က ၊ ကိုယ့်မူ ကိုယ့်ဝါဒက
ဘာလဲဆိုတာကိုတော့
ကိုယ်ကိုယ်တိုင် ရှင်းရှင်းလင်းလင်းသိသင့်တယ်

နိုင်ငံသားတိုင်းဟာ တိုင်းပြည်အတွက် ရေတမှုတ် မဖြစ်ရင်တောင်မှ မီးတုတ်မဖြစ်ဖို့လိုတယ်။
Credit
   


                                      မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar