တိုင်ဖွန်း Soudelor ဟာ ထိုင်ဝမ်ကျွန်းကို ၀င်ရောက်ခဲ့ပြီးနောက် အခုအခါ တရုတ်ပြည် အရှေ့တောင်ပိုင်းထဲကို ၀င်ရောက်နေပါတယ်။
တနာရီကို ၁၂၅ မိုင်နှုန်းနဲ့ မိုးသက်လေပြင်းနဲ့ အတူ ထိုင်ဝမ်ကျွန်း
အရှေ့ဘက်ကနေ ၀င်ရောက်လာတဲ့ တိုင်ဖွန်း ဆူဒီလာ ဟာ မနေ့မနက်ကတော့
သစ်ပင်ပေါင်း ၂၀၀၀ကျော်နဲ့ ဆိုင်းဘုတ်ကြီးတွေ၊ဓာတ်တိုင်တွေ၊ အိမ်ခေါင်မိုး
တွေကို ပြိုလဲစေခဲ့သလို၊ လူ ၆ဦးသေဆုံးခဲ့ပြီး ၁၈၅ ဦး ဒဏ်ရာရခဲ့တယ်လို့
ထိုင်ဝမ်မီးသတ်တပ်ဖွဲ့ကို ကိုးကားပြီး CNN သတင်းကဆိုပါတယ်။
ထိုင်ဝမ်အာဏာပိုင်တွေဟာ စစ်သား ၃သောင်းခွဲကျော် သုံးပြီး ပြည်သူတွေ ကို နေရာရွေ့ပြောင်းဖို့ ပြုလုပ်ခဲ့ သလို ပြီးခဲ့တဲ့ သောကြာနေ့ ညကတည်းက အိမ်ပေါင်း ၈သောင်း ၂ထောင်ခန့် လျှပ်စစ်မီးပြတ်တောက်ခဲရပါ တယ်။ ဒါအပြင် ကျောင်းတွေကိုလည်း ပိတ်ခဲ့ပြီး လေကြောင်းလိုင်း၊ ရထားလိုင်း များကိုလည်း ပိတ်ထားခဲပါတယ်။
အခုအခါမှာတော့ မုန်တိုင်းဟာ တရုတ်ပြည်အရှေ့တောင်ပိုင်းဒေသကို ၀င်ရောက်နေပြီဖြစ်လို့ ဖူးကျန်ပြည့် နယ်ထဲ မှာ လေပြင်းပြီး မိုးကြီးတာကြောင့် လမ်းတွေ ပိတ်ဆို့ကာ ရေကြီး ခဲ့ပါတယ်။
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar