အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 12 augusti 2015

ကြံခိုင်ရေးပါတီ ဥက္ကဌအပါအဝင် ခေါင်းဆောင်ပိုင်းနေရာ ပြောင်းလဲမှုများ ပြုလုပ်။

ကြံခိုင်ရေးပါတီ ဥက္ကဌအပါအဝင် ခေါင်းဆောင်ပိုင်းနေရာ ပြောင်းလဲမှုများ ပြုလုပ်။
==================================

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအပါအ၀င် ခေါင်းဆောင်ပိုင်းနေရာ ပြောင်းလဲမှုများ ပြုလုပ်
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအပါအ၀င် ခေါင်းဆောင်ပိုင်းနေရာ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ "အခုနောက်ဆုံးမှာတော့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကနေ သမ္မတကြီးဆီကို လက်မှတ်ရေးထိုးပြီး စာနဲ့တင်ပြတောင်းဆိုလာတယ်။ တောင်းဆိုလာတာကတော့ ပါတီတွင်းကိစ္စပေါ့။ 


ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ စုပေါင်းတောင်းဆိုမှုအရ သမ္မတကြီးက ဦးရွှေမန်းကို လွှဲပေးခဲ့တဲ့ ဥက္ကဋ္ဌ ပူးတွဲတာဝန်ကို ဒုဥက္ကဌတွေထဲမှ ၀ါစဉ်အမြင့်ဆုံးဖြစ်တဲ့ ဦးဌေးဦးကို ပါတီမှာ သက်တမ်းရင့်တယ် ပါတီအတွေ့အကြုံရှိတယ် အတွင်းရေးမှူးဘ၀ကနေ လုပ်လာတဲ့ ဦးဌေးဦးကို ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန်ထမ်းဆောင်ဖို့ ၁၂ ရက်နေ့ (မနေ့က) လွှဲပြောင်းပေးခဲ့တယ်။ ကျန်တာကတော့ အခုထွက်ပေါ်နေတဲ့ ဖမ်းဆီးတာ ထိမ်းသိမ်းတာ မရှိဘူး။ တပ်ကနေ တပ်အဖွဲ့တွေ ပါတယ်ဆိုတာလဲ မဟုတ်ဘူး။ ရဲတွေဘာတွေနဲ့ ဆိုတာလည်း မဟုတ်ဘူး။ ရဲကတော့ ပါတီက လုံခြုံရေးအရ တောင်းဆိုလို့ဆိုရင် နယ်မြေခံရဲကတော့ လုပ်ပေးတယ်။ ဒါကလည်း နည်းနည်းလေးပါပဲ။ ပါတီရဲ့ အထွေထွေအတွင်းရေးမှူးကလည်း ကျွန်တော်သိသလောက် ဦးတင်နိုင်သိန်းဖြစ်သွားပြီ။" ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Daily Eleven သို့ သြဂုတ် ၁၃ ရက် နံနက်ပိုင်းက ဖြေကြားခဲ့ပါသည်။
"ကျွန်တော်သိရသလောက် ကြားရသလောက် ပြောရရင်တော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွင်းမှာ ခေါင်းဆောင်ပိုင်းနေရာအချို့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုလုပ်တယ်လို့တော့ ကြားပါတယ်ခင်ဗျ။ အသေးစိတ်တော့ သူတို့ဘက်က သတင်းထုတ်ပြန်လိမ့်မယ် ထင်ပါတယ်။"ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီသတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားထားသည်။

ထို့ပြင် ဘီဘီစီသတင်းဌာက သြဂုတ် ၁၂ ရက်ညက ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်အထိ ပါဝင်ခဲ့ခြင်း မည်သို့သော အခြေအနေတင်းမာမှုများ ဖြစ်ခဲ့သည်ဟု ယူဆနိုင်သလဲဟူသော ထပ်မံမေးမြန်းမှုကို ဦးရဲထွဋ်က "ဟုတ်ကဲ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာတော့ဗျာ။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်က မဆို လုံခြုံရေးအကူအညီတောင်းရင် သူလုပ်ပေးမှာပေါ့။ အကျိုးအကြောင်း ခိုင်လုံစွာနဲ့တော့ လုံခြုံရေးအကူအညီတောင်းရင် လုပ်ပေးမှာပါ။ သို့သော် ဘာကြောင့် လုံခြုံရေးအကူအညီတောင်းရတယ်ဆိုတာကတော့ သူတို့ပါတီအတွင်းမှာပဲ သိမှာပဲ" ဟု ဖြေကြားခဲ့သည်။
".... နိုင်ငံရေးအယူအဆအရ ပြောရရင်တော့ဗျာ ပါတီရဲ့မူဝါဒတွေကနေ သွေဖယ်မယ် ပါတီနဲ့ နိုင်ငံရေးအကျိုးထက် ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို ရှေ့တန်းတင်လာမယ် အဖွဲ့အစည်းအတွင်းမှာ ဂိုဏ်းဂဏ၀ါဒကို ထူထောင်မယ်ဆိုရင်တော့ ဘယ်ပါတီမဆို သူတို့ ပြုပြင်ပြောင်းလဲမှုတွေ အစားထိုးရွေးချယ်မှုတွေ လုပ်ရမှာပဲလေ..။ ဒါကတော့ နိုင်ငံရေးအယူအဆအရ ပြောတာပါ" ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။
နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးချုပ်တွင် သြဂုတ် ၁၃ ရက် (ယနေ့) နံနက်ပိုင်းတွင် တွေ့ရှိချက်အရ သြဂုတ် ၁၂ ရက် ညပိုင်းက အစောင့်ချထားသည့် ရဲတပ်ဖွဲ့ဝင်များအား မတွေ့ရှိ ရတော့ဘဲ သာမန်ပါတီ လုံခြုံရေးဝန်ထမ်းများက စောင့်ကြပ်နေ သည်ကိုတွေ့ရသည်။
ယနေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီရုံးချုပ်၌ ကျင်းပခဲ့သည်ဆိုသည့် အစည်းအဝေးအား သတင်းအား အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ နေပြည်တော် ရှစ်မြို့နယ်နှင့် ပတ်သက်၍ အစည်းအဝေး ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ထပ်မံသိရှိရသော သတင်းများအရ နံနက် ၁၁ နာရီ ၀န်းကျင်ခန့်တွင် ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်အတွင်းမှ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်အချို့တို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြောင်း သိရှိရသည်။ ထို့အပြင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
အဆိုပါသတင်းအား အတည်ပြုရန်အတွက် သတင်းမီဒီယာများမှ ဆက်သွယ်မေးမြန်းလေ့ရှိသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့နှင့် ဗဟို ကော်မတီဝင်အချို့ထံ ဆက်သွယ်ခဲ့ရာ ဖုန်းများမှာ စက်ပိတ်ထားကြောင်းသာ ဖြေကြားသဖြင့် သတင်း မေးမြန်းနိုင်ခြင်း မရှိပေ။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ နိုင်ငံတော်မှ ပေးအပ်ထားသောအိမ်တော်မှာ နိုင်ငံတော်သမ္မတအိမ်တော် အနီးတစ်ဝိုက် အများပြည်သူ သွားလာရန် မလွယ်ကူသည့် လုံခြုံရေးအစောင့်များ ချထားသော နေရာတွင်ဖြစ်သဖြင့် သူရဦးရွှေမန်း၏ အိမ်တော်ဘက်သို့ သတင်းသမားများအနေဖြင့် မျက်မြင်သတင်းသွားရောက်ရယူရန် မလွယ်ကူသည့် အခြေအနေဖြစ်သည်။
ထို့အတူ လွှတ်တော်ရုံး အသိုင်းအ၀န်းမှ ရရှိသော သတင်းများအရ သူရဦးရွှေမန်းသည် လွှတ်တော်အစည်းအဝေး မကျင်းပသည့် သာမန်ရက်များတွင်လည်း ရုံးတက်လေ့ရှိပြီး သြဂုတ် ၁၃ ရက် (ယနေ့) တွင်မူ လွှတ်တော်ရုံးသို့ ရောက်ရှိလာခြင်းမရှိသေးကြောင်းသိရသည်။
ခေတ္တရပ်နားထားသည့် လွှတ်တော်အစည်းအဝေးများအား လာမည့် သြဂုတ် ၁၈ ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ ပူးတွဲ ဥက္ကဋ္ဌ အဖြစ်မှ ဖယ်ရှားခံရသူ သူရဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်နေသူလည်းဖြစ်သည်။

                                     မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar