အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 12 juli 2015

ကော့သောင်းဘော်ဒါဆောင်နှစ်ခုအနီးမှ မှုးယစ်သမားများ

ကော့သောင်းဘော်ဒါဆောင်နှစ်ခုအနီးမှ မှုးယစ်သမားများ
ကောသော့င်းမြို့ ဘုရင်နောင်ရပ်ကွက် ကော့သောင်းဟော်တယ်ရှေ့လမ်းကြားနှင့်ကျောက်ဖျာ
လမ်းသွယ်(တစ်)ကျောက်ဖျာလမ်းသွယ်(နှစ်)ဆုံရာ တွင် မှုးယစ်မှောင်ခိုသမားများ  ပေါ်တင်ရောင်းချနေသည်မှာ မြင်မကောင်းအောင်ဖြစ်နေသည် ဆယ်တန်း ကျောင်းသားများအများဆုံးတက်ရောက်သည့် ဘော်ဒါဆောင်နှစ်ခု အနီးတွင်ဖြစ်နေသည့်အတွက်ကျောင်းသားများအတွက် မိဘများအထူးစိုးရိမ်နေရကြောင်းကြားသိရပါသည်။မှုးယစ်ဆေးရောင်းသူများမှာ ငါတို့က မှုးယစ်ကိုလိုင်းကြေးပေးပြီးရောင်းတာ ဘယ်ကောင်မှဂရုမစိုက်စရာမလိုဘူးဆိုသည့်အထာနှင့် ပေါ်တင်ပင်ရောင်းချနေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည် ခရိုင်ရဲရုံးနှင့်လည်း လှမ်းကြည့်ရင်မြင်နိုင်သည့်အနေထားတွင်ထိုကဲ့သို့မင်းမဲ့စရိုက်ဆန်စွာရောင်းချနေသည်မှာ လွန်စွာရုပ်ဆိုးအကျဉ်းတန်နေပြီး ထိုရောင်းသူများထဲတွင် ဘဲခွီခြံထဲတွင်နေသည့် (စိုးဝင်းနှင့်ဘုကုန်း)ဆိုသူသည် တစ်နေရာထဲထိုင်ရောင်းချခြင်းမပြုဘဲ ထိုလမ်းဆုံမှ ကျောက်ဖျာလမ်းသွယ်နှစ်ထဲသို့ ကူးလူးခေါက်ပြန်လျှောက်ပြီး ရွေ့ပြောင်းစနစ်ရောင်းချနေသည့်အတွက် ဖမ်းဆီးရေးတွင် စိတ်အနှောက်ယှက်ဖြစ်စရာများရှိနိုင်ပါသည်။ထို့ကြောင့်သက်ဆိုင်ရာတာဝန်ရှိသူများမှ သေချာစွာစုံစမ်းပြီးမှ 
ပြစ်မှု့ကျူးလွန်သူကို ထိရောက်စွာ အရေးယူနိုင်ပါရန် မြေပုံနှင့်တစ်ကွတင်ပြလိုက်ရခြင်းဖြစ်ပါသည်။

                                       မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar