အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 12 juli 2015

ခဲတံ ခဲဖျက်နှင့်တူသော မိဘ

ခဲတံ ခဲဖျက်နှင့်တူသော မိဘ

ခဲတံ ။ ။ ငါတောင်းပန်ပါတယ်။
ခဲဖျက် ။ ။ ဘာကိုတောင်းပန်တာလဲ။
ခဲတံ ။ ။ ငါ့အမှားလုပ်တိုင်း မင်း အသားတွေ ပဲ့ပဲ့ပါသွားတယ်။ ကြာရင် တစ်ကိုယ်လုံးဆုံးရှုံးရတယ်။ ဒီအတွက် ငါ စိတ်မကောင်းဘူး။ တကယ်တောင်းပန်ပါတယ်။
ခဲဖျက်။ ။ ငါ့အလုပ်က မင်းအမှားလုပ်တိုင်း လိုက်ဖျက်ရတာလေ။ ဒါငါရဲ့ တာဝန်ပဲ။ မင်းမှားတိုင်း ငါဖျက်ပေးတယ်။ ဘာမှ ဝမ်းနည်းစရာ မရှိဘူး။ မင်းအခုလို ဝမ်းနည်းနေတာမှ စိတ်ပျက်ဖို့ကောင်းတာ။ ဘာမှ မစိုးရိမ်ပါနဲ ခဲတံရယ်။
( မိဘ ဟူသည်ခဲဖျက်နှင် တူသည်။ မိမိအမှားတစ်ခုလုပ်တိုင်း လိုက်လံဖြေရှင်းပေးရန် အဆင်သင့်ရှိစမြဲ ဖြစ်သည်။ ယင်းသို့ ဖြေရှင်းပေးရင်း အားအင်များ ကုန်ခမ်းလာကာ အရွယ်လွန်၍ အိုမင်း ကွယ်လွန်ကြရသည်။)

                                                    မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar